close
Connect with us

Hi, what are you looking for?

သတင်း

ဗန်း​မောက်မြို့သိမ်းတိုက်ပွဲသုံးရက်ဆက်ပြင်းထန်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့က စစ်တပ်စခန်း​တွေကို တော်လှန်​ရေးတပ်​တွေက စက်တင်ဘာ ၁၅ ရက်ကစပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာမှာ စခန်းတချို့ကိုသိမ်းပိုက်ထားပြီလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက People’s Springကို ပြောပါတယ်။

ဗန်း​မောက်မြို့အနီးဝန်းကျင်ကို Google Earth တွင်​တွေ့ရပုံ

စက်တင်ဘာ-၁၇၊၂၀၂၅။​နေ့သစ်/People’s Spring

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့က စစ်တပ်စခန်း​တွေကို တော်လှန်​ရေးတပ်​တွေက စက်တင်ဘာ ၁၅ ရက်ကစပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာမှာ စခန်းတချို့ကိုသိမ်းပိုက်ထားပြီလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက People’s Springကို ပြောပါတယ်။

စစ်​တပ်နဲ့ ရှမ်းနီတပ် (SNA) စုစုပေါင်း အင်အား ၅၀၀ ဝန်းကျင်ရှိတဲ့ ဗန်းမောက်မြို့က စစ်တပ်စခန်း​တွေကို​တော်လှန်​ရေးတပ်​တွေက စက်တင်ဘာ ၁၅ ရက်မနက်အ​စောပိုင်းမှစပြီး မြို့ကိုသိမ်းနိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်​နေတာပါ။

လောလောဆယ်‌မှာတော့ ဗန်းမောက်မြို့ထဲကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ အင်းတော်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲပထမ​နေ့မှာပဲ မြို့ကို ကာထားတဲ့ စစ်ကောင်စီနဲ့ SNA ပူးပေါင်း စခန်းကာကင်းနေရာတချို့ကို တော်လှန်ရေးအဖွဲ့တွေ ရရှိထားတယ်လို့လည်း သိရပါတယ်။

ဗန်း​မောက်​ဒေသမှ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ

စစ်ရေးသတင်းရင်းမြစ်ကတစ်ဦးကလည်း​ ဗန်းမောက်မြို့သိမ်းတိုက်ပွဲဖြစ်ပြီး ပထမဆုံး​နေ့မှာပဲ ရှမ်းနီ SNA စခန်း ၃ ခုကို KIA၊PDF အပါအဝင်တပ်ပေါင်းစုက သိမ်းလိုက်ပြီလို့ ပြောပါတယ်။ ကျန်ရှိတဲ့ စခန်း​တွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ဆက်ပြောပါတယ်။ တိုက်ပွဲတိုက်တတိယ​နေမှာလည်းတိုက်ပွဲ​တွေဆက်လက်ပြင်းထန်​နေပါတယ် ။

ဗန်းမောက်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့အတူ PDF ​တပ်ရင်းတွေ၊ ​ပက​တွေ ၊ဒေသခံကာကွယ်​ရေးတပ်တွေစတဲ့ ပူးပေါင်းတပ်​တွေက အတူပူး​ပေါင်းပြီး စစ်တပ်နဲ့ ရှမ်းနီတပ်စခန်း​တွေကို တိုက်ခိုက်​နေတာဖြစ်ပါတယ်။ ​တော်လှန်​ရေးတပ်​တွေနဲ့အတူ ကဒူးတိုင်းရင်းသား​တွေနဲ့ဖွဲ့စည်းထားတဲ့ ကဒူးကာကွယ်ရေးတပ်ဖွဲ့လည်း ပါဝင်တိုက်ခိုက်​နေတယ်လို့ စစ်ရေးသတင်းရင်မြစ်တဦးက​ပြောပါတယ်။

စခန်းတချို့သိမ်းခံရတာကြောင့် စစ်ကောင်စီဘက်က လေကြောင်းကနေ တုံ့ပြန်တိုက်ခိုက်တာတွေလည်း ရှိနေပါတယ်။

စစ်တပ် နဲ့ ရှမ်းနီတပ်(SNA)က မြို့ထဲပိတ်မိ​နေတဲ့ပြည်သူတွေကို ပြင်ပထွက်ခွင့်မပေးပဲ ပိတ်ထားပါတယ် ။စက်တင်ဘာလ ၁၇ ရက်နေ့လယ်အထိ လက်နက်ကြီးပစ်ခတ်သံများကြားနေရတယ်လို့​ဒေသခံတစ်ဦးကပြောပါတယ် ။

ဗန်းမောက်မြို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရကသိမ်းပိုက်ထိန်းချုပ်ထားတဲ့ အင်းတော်၊ မော်လူး၊ ပင်လည်ဘူးမြို့​တွေ ဝန်းရံထားတဲ့ နေရာမှာရှိပါတယ် ။အင်းတော်နဲ့ ကားလမ်းအတိုင်းဆိုရင် မိုင် ၃၀ ခန့် ၊ မော်လူးနဲ့ မိုင် ၅၀ ခန့် ၊ ပင်လည်ဘူးမြိုနဲ့ ၆၁ မိုင် ခန့်အကွာမှာတည်ရှိပါတယ် ။

လက်ရှိစစ်ရေးအခြေအနေကြောင့် အင်းတော်-ဗန်းမောက်ဗျူဟာလမ်းပိုင်းအပါအဝင် အခြားလမ်းပိုင်းအားလုံးကို ​တော်လှန်​ရေးတပ်​တွေက စက်တင်ဘာ ၁၅ ရက်ကစလို့ ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် ပါဝင်သည့် ချင်းညီနောင်မဟာမိတ်များက တိုက်ခိုက် သိမ်းပိုက်စဉ် ဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများ ဝှက်ထားသော လက်နက်များတွေ့ရှိသည့် ပြည်သူများက လာရောက်အပ်နှံ၍ ဆုငွေပေးအပ်ခဲ့ဟု CDF - မင်းတပ်က ယနေ့ (ဩဂုတ် ၂၂ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် နယ်မြေချဲ့အထိုင်ချထားသည့် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ ကင်းစခန်းကို တိုက်ခိုက်ခဲ့ကြောင်း ကသာခရိုင်အမှတ်(၄)တပ်ရင်းက ပြောသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှ ပြည်ထောင်စုအထူးသယံဇာတအဖွဲ့သည် အလွဲသုံးစားမှုများပြုလုပ်နေသဖြင့် NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

သတင်း

အနာဂတ်မျိုးဆက်သစ်များအနေဖြင့် ယခုကြုံနေရသည့် စစ်အာဏာရှင်စနစ် ဆိုးကျိုးများ မကြုံရစေရေး တော်လှန်ရေးရဲဘော်များက အသက်များရင်း တိုက်ပွဲဝင်ကာ မြို့သိမ်းနယ်မြေသိမ်း စစ်ဆင်ရေး ဖော်ဆောင်နေရခြင်းဖြစ်ကြောင်း ချင်းညီနောင် စစ်ရေးကော်မတီ ဥက္ကဋ္ဌ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက ပြောကြားသည်။

Facebook