close
Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“အခုဒီဥပဒေသုံးခု တစ်ရက်တည်းမှာ ထွက်သွားတယ်ဆိုတာက နောက်မှာ ရည်မှန်းချက်တစ်ခုခုရှိတယ်လို့ တို့ယူဆတယ်ကွာ”

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးဂျိမ်းရွှေနဲ့ မေးမြန်းခန်း

Screenshot

ဇူလိုင်-၂၅၊ ၂၀၂၅။ People’s Spring

အာဏာသိမ်းစစ်ကောင်စီကို အရေးယူပိတ်ဆို့မှုတိုးချဲ့ဖို့ရည်ရွယ်တဲ့ ဥပဒေမူကြမ်းသုံးခုကို အမေရိကန်အောက်လွှတ်တော်ကော်မတီက ဇူလိုင် ၂၂ရက် တစ်ရက်တည်းအတည်ပြုလိုက်ပါတယ်။

စစ်ကောင်စီရဲ့ ပင်မငွေကြေးအရင်းအမြစ်ကို ဖြတ်တောက်ဖို့နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လျော့ကျစေနိုင်တဲ့ ဥပဒေမူကြမ်းသုံးခုကို အမေရိကန်အောက်လွှတ်တော် ဘဏ္ဍာရေးဆိုင်ရာကော်မတီက အတည်ပြုခဲ့တာပါ။

အဲဒီဥပဒေမူကြမ်း ၃ခုက BRAVE Burma Act၊ Burma GAP Act နဲ့ No New Burma Funds Act တို့ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဥပဒေမူကြမ်းထဲက BRAVE Burma Act မှာ ၂၀၂၂ နှစ်ကုန်ပိုင်းက ပြဌာန်းခဲ့တဲ့ Burma Act ကို ပြင်ဆင်ထားတာ ဖြစ်ပြီး Burma GAP Act ကတော့ မြန်မာနိုင်ငံရှိ လူနည်းစုတိုင်းရင်းသားများအရေးနဲ့ ရိုဟင်ဂျာအရေး ကာကွယ်မြှင့်တင်ပေးရေး ဥပဒေမူကြမ်းတွေဖြစ်တယ်လို့ အမေရိကန်ရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးဂျိမ်းရွှေက ရှင်းပြပါတယ်။

တတိယမြောက် No New Burma Funds Act ကတော့ ဥပဒေမူကြမ်း ၃ခုထဲ အတိုဆုံး ဥပဒေမူကြမ်းဖြစ်ပြီး မြန်မြန်ဆန်ဆန် ဥပဒေအဖြစ် ထွက်ရှိလာနိုင်ကာ လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးကို အကျိုးအဖြစ်ထွန်းနိုင်ဆုံးဖြစ်နိုင်ကြောင်း သူက သုံးသပ်ပါတယ်။

အဲဒီ No New Burma Funds Act က မြန်မာစစ်ကောင်စီကို ဘဏ္ဍာရံပုံငွေအသစ်တွေ မရနိုင်ရေးအတွက် ရည်ရွယ်ပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ကမ္ဘာ့ဘဏ်(World Bank)က ငွေကြေးထောက်ပံ့မှုအသစ် ပိတ်ပင်တာ၊ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေက စစ်ကောင်စီထံ ငွေလွှဲမှု ရုတ်သိမ်းထားတာတွေ ပြဌာန်းလာနိုင်တယ်လို့ သိရပါတယ်။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးဂျိမ်းရွှေကို People’s Spring က ဆက်သွယ်မေးမြန်းထားတဲ့ အင်တာဗျူး ဒုတိယပိုင်းကို ဖော်ပြလိုက်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်စခန်းအနီးပြည်သူ​တွေ​ရှောင်ရှားကြဖို့ ၊ ပြည်​ထောင်စုလမ်းကိုမသုံးဖို့ ၊အိမ်အတွင်းပိတ်မိ​နေရင်ကျည်ကွယ်ရာ​နေဖို့

သတင်း

စစ်ကောင်စီ၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်မှုအတွက် NORINCO အားဒဏ်ခတ်ပိတ်ဆို့ရန် နိုင်ငံတကာကို JFM အကြံပြု

သတင်း

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင် စစ်ရေးတင်းမာနေပြီး ဗန်းမော်မြို့တွင်လည်း ဒရုန်း၊လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဆောင်းပါး

မန္တလေးမြို့မှာ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်တာ လေးလပြည့်ခါနီးချိန်၊ နောက်ဆက်တွဲအင်အားအသင့်အတင့်ရှိတဲ့ ငလျင်ငယ်နှစ်ခုတစ်ရက်ခြားလှုပ်ခတ်သွားလို့ ငလျင်သောက ပြန်ရောက်နေချိန်မှာပဲ မန္တလေးမြို့ အရှေ့မြောက်ဘက်ကနေ တအုန်းအုန်းအသံတွေ ကြားလိုက်​ရပါတယ်။