close
Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်းအားဆက်ခန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ကျဥ်းများလွတ်မြောက်ရေး ဗြိတိန်နှင့် သြစတြေးလျရောက် မြန်မာများ ဆန္ဒပြ

ဗြိတိန်နှင့် သြစတြေးလျနိုင်ငံတို့တွင် ပြည်ပရောက်မြန်မာများ စုပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းအား ကုလ၌ ဆက်လက်ခန့်အပ်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေးတို့အတွက် စက်တင်ဘာ ၂၀ရက်က အသီးသီး ဆန္ဒပြခဲ့ကြသည်။

ဓာတ်ပုံ - CJ

စက်တင်ဘာ-၂၁၊၂၀၂၅။ သုည/People’s Spring

ဗြိတိန်နှင့် သြစတြေးလျနိုင်ငံတို့တွင် ပြည်ပရောက်မြန်မာများ စုပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းအား ကုလ၌ ဆက်လက်ခန့်အပ်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေးတို့အတွက် စက်တင်ဘာ ၂၀ရက်က အသီးသီး ဆန္ဒပြခဲ့ကြသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ပါလီမန်ရှေ့တွင် ပြည်ပရောက်မြန်မာများစုဝေးကာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး၊ စစ်ကောင်စီရွေးကောက်ပွဲနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။

ယင်းဆန္ဒပြပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုထိန်လင်း၊ UK နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်များဖြစ်ကြသော ဦးမောင်မောင်အောင်နှင့် ဒေါက်တာသက်ကိုကိုတို့ တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများ ကျန်းမာပါစေကြောင်းနှင့် အမြန်လွတ်မြောက်ပါစေကြောင်း ဆုတောင်းမေတ္တာပို့ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် “ Free Aung San Su Kyi” ၊ “ Free All Political Prisoners in Burma” ၊ “ နိုင်ငံရေးအကျဥ်းသားများ ချက်ချင်းလွှတ်” စသည့် စာသားများကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ ပါလီမန်ရှေ့တွင်လည်း ပြည်ပရောက် မြန်မာများက ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂ မြန်မာဆိုင်ရာ သံအမတ်ကြီးအဖြစ် ဆက်လက်ခန့်ထားရေး ထောက်ခံ ဆန္ဒပြပွဲကို ပြုလုပ်ခဲ့သည်။

မဲလ်ဘုန်းရောက် မြန်မာနိုင်ငံသားများက “ Our UN Ambassador U Kyaw Moe Tun. The true voice of Myanmar” ၊ “ Our Ambassador Our Voice” စာသားတို့ကို ကိုင်ဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလ၌ ဆက်လက်ခန့်ထားရေး တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်အနီး၌ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2025 အဖြစ် အမေရိကန်ရောက်မြန်မာများ ချီတက် ဆန္ဒပြကို စက်တင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့သည်။

သတင်း

မကွေးတိုင်း ၊ သရက်ထောင်မှာ အကျဉ်းကျခံနေရတဲ့ အသက် ၄၀ ကျော်အရွယ် နိုင်ငံရေးကျဉ်း အကျဉ်းသား ဆေးဝါးကုသခွင့် အချိန်မီ မရလို့ သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန် ရက် ( PPNM) ထံက သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်အတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ သံအမတ်ကြီးဦးကျော်မိုးထွန်းအားထောက်ခံကြောင်းနဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုတွေ ဒီကနေ့ (စက်တင်ဘာ ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တင်ဆောင်လာတဲ့ ရဟတ်ယာဉ်ဟာ ဗြိတိန် ခရီးစဉ် အတောအတွင်း စက်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခုကြောင့် လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရပါတယ်။