close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာ-ထိုင်းနယ်စပ်တွင်စိတ်ကြွဆေးပြား ငါးသန်းနီးပါး ဝတပ်ဖွဲ့ဖမ်းမိ၊မူးယစ်ကုန်ကူးသူများကို ရှာဖွေနေဟုဆို

မြန်မာ-ထိုင်းနယ်စပ်တွင် စိတ်ကြွဆေးပြား ၅သန်းနီးပါးသယ်ဆောင်လာသူတစ်ဦးကို “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ဖမ်းဆီးလိုက်ပြီး ထ်ိုအမှု၌ ပါဝင်‌သောမူးယစ်ကုန်ကူးသူများကို ဆက်လက်ရှာဖွေနေကြောင်း UWSA တာဝန်ရှိသူက ထုတ်ပြန်ထားသည်။

UWSA တပ်ဖွဲ့ဝင်များနှင့်ဖမ်းဆီးမိ​သော မူးယစ်​ဆေးသယ်သူ၊မူးယစ်​ဆေးဝါးများကို​တွေ့ရစဥ်။ ဓါတ်ပုံ- ဦးညီရမ်း​ဖေစ်ဘွခ်

စက်တင်ဘာ၂၁၊၂၀၂၅။လူအေး/People’s Spring

မြန်မာ-ထိုင်းနယ်စပ်တွင် စိတ်ကြွဆေးပြား ၅သန်းနီးပါးသယ်ဆောင်လာသူတစ်ဦးကို “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ဖမ်းဆီးလိုက်ပြီး ထ်ိုအမှု၌ ပါဝင်‌သောမူးယစ်ကုန်ကူးသူများကို ဆက်လက်ရှာဖွေနေကြောင်း UWSA တာဝန်ရှိသူက ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၀ရက် နံနက်က မြန်မာ-ထိုင်းနယ်စပ်၊ ပုံပါကျင်မြို့သို့သွားသည့်လမ်းပေါ်တွင် UWSA တပ်မဟာ ၇၇၅က ဖမ်းဆီးခဲ့ခြင်းဟု UWSA လားရှိုးမြို့အခြေစိုက် ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။

သတင်းပေးသူကUWSA တပ်မဟာ ၇၇၅ကတပ်ရင်းမှူးထံအကြောင်းကြား၍ယာဉ်ကို လိုက်ရှာစဉ် မူးယစ်ဆေးကုန်ကူးသူများအား တွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့အားလုံးသည်နယ်စပ်ဘက်သို့ထွက်ပြေးသွား၍ လိုက်ရှာရာ အသက်၃၇နှစ်အရွယ်အမျိုးသားတစ်ဦးကို ဖမ်းမိထားသည်ဟုအသိပေးထားသည်။

Public Service Announcement

Public Service Announcement

စိတ်ကြွဆေးပြား ၄,၇၉၀,၀၀၀ ပြားထည့်ထားသည့် အိတ်၂၃ အိတ်နှင့်အတူ ကားတစ်စီး သိမ်းဆည်းထားကြောင်း ဦးညီရမ်းကအသိ​ပေးထားသည်။

အမှုတွင်ပါဝင်ပတ်သက်သူအရေအတွက်ကိုဖော်ပြထားခြင်းမရှိသေးဘဲ အမျိုးသားတစ်ဦးကိုသာဖမ်းမိထားသည့်အခြေအနေဖြစ်သည်။ ပုံပါကျင်မြို့သည် ရှမ်းပြည်နယ် အရှေ့၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ရှိသည်။

ဝဒေသမှမူးယစ်ဆေးမှုများနှင့်ပတ်သက်၍ UWSA ပါဝင်ပတ်သက်နေကြောင်း စစ်ဆေးမှုများရှိနေသည်။UWSAသည် မူးယစ်ဆေးဝါးထုတ်လုပ်မှုများ၏ နောက်ကွယ်တွင် ရှိနေကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကစွပ်စွဲခဲ့သည်။ ယင်းပြောဆိုချက်ကို UWSA က ငြင်းဆိုထားပြီး UWSA အနေဖြင့် မူးယစ်ဆေးဝါးကို တိုက်ဖျက်နေပြီး မူးယစ်ကုန်သည်များက ၀ နယ်မြေကို ဖြတ်သန်းသွားမှုများရှိနိုင်ကြောင်းထုတ်ဖော်ပြောဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းမှုတွင် အဓိကပါဝင်ခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ ယနေ့ (ဩဂုတ် ၇ရက်)တွင် သေဆုံးခဲ့မှုအပေါ် ဝမ်းနည်းကြောင်း ၀လက်နက်ကိုင်တပ် UWSAက သဝဏ်လွှာပေးပို့ခဲ့သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များဖမ်းဆီးရာ၌ ‘ဝ’တပ်ဖွဲ့(UWSA)၏ လိုင်စင်မဲ့ကားများကို မဖမ်းရဲဘဲ ဒေသခံအရပ်သားကားများကိုသာ ရွေးဖမ်းနေကြောင်း မြို့ခံများက ပြောသည်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ခေါင်းဆောင်များ ညှိနှိုင်းတွေ့ဆုံပွဲ၌ လတ်တလောပေါ်ပေါက်လာသော အမြင်ကွဲလွဲမှုများနှင့် သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန် သဘောတူညီခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်သည်။

သတင်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ထဲက မြန်မာ - ထိုင်းနယ်စပ်အနီးမှာ ရှိတဲ့ အမိုနယ်စပ် စခန်းကို ဒီနေ့ (ဇွန်လ ၁၀ ရက် )မှာ သိမ်းယူလိုက်ပြီလို့ KNU ဘိတ် - ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။