close
Connect with us

Hi, what are you looking for?

သတင်း

ပြည်သူများ​သေဆုံးဒဏ်ရာရ​စေခဲ့​သော ကွတ်ခိုင်ဗုံးကြဲခံရမှု ရှမ်းမြောက်၌ စစ်မီးပြန်​လောင်​စေရန် ​လုပ်ရပ်ဟု MNDAAထုတ်ပြန်

ဒဏ်ရာရသူများတွင် အသက် ၂၀ အရွယ်တရုတ်နိုင်ငံသားတဦးပါဝင်

စစ်​ကောင်စီ ဗုံးကြဲပြီး​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-​TNLA ၊ ဒေသခံ

ဇူလိုင်-၃၀၊၂၀၂၅။ကဖေး/People’s Spring

ကွတ်ခိုင်မြို့အားစစ်ကောင်စီကလေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုသည် တရုတ်အစိုးရ၏စေ့စပ်ညှိနှိုင်းမှုများဖြင့်ခက်ခဲစွာရရှိထားသည့် အပစ်ရပ်သဘောတူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်လိုက်ခြင်းဖြစ်ပြီး နှစ်ဖက်ယုံကြည်မှုကို ထိခိုက်စေကာရှမ်းပြည်မြောက်ပိုင်း၌ စစ်မီးပြန်လည်လောင်ကျွမ်းမှုအန္တရာယ်ကိုတိုက်ရိုက်မြှင့်တင်လိုက်ခြင်းပင် ဖြစ်ကြောင်းMNDAAက သတင်းထုတ်ပြန်လိုက်သည်။

ဇူလိုင် ၃၀ ရက်နံနက် အ​စောပိုင်း၁၂နာရီ ၅၃ မိနစ်တွင်ကွတ်ခိုင်မြို့ ရပ်ကွက်(၂)ရှိရာစုသစ်ဟိုတယ်(၂) နှင့်ဘေးနားရှိအိမ်ရာများကိုလေကြောင်းမှဗုံးကြဲရာအရပ်သား(၇)ဦးသေဆုံပြီး(၁၃)ဦးဒဏ်ရာရခဲ့သည်။ဒဏ်ရာရရှိသူများတွင် အသက် ၂၀ အရွယ် တရုတ်နိုင်ငံသား တစ်ဦး ပါဝင်ကြောင်း MNDAA က ထုတ်ပြန်သည်။

“အာဏာသိမ်းစစ်အုပ်စု၏ယခုကဲ့သို့လေကြောင်းမှ တိုက်ခိုက်မှုသည် MNDAA နှင့် ခက်ခဲစွာပြုလုပ်ရရှိထားသည့် စစ်ပြေငြိမ်းရေး သဘောတူညီချက်ကိုပြင်းထန်စွာချိုးဖောက်လိုက်ခြင်းဖြစ်ပြီး နှစ်ဖက်စလုံးမှရရှိထားသည့် စစ်ပြေငြိမ်းရေးဆိုင်ရာ ယုံကြည်မှုကို ပြင်းထန်စွာ ထိခိုက်စေခဲ့ကာ မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်း စစ်မီးပြန်လည်လောင်ကျွမ်းမှု အန္တရာယ်ကို တိုက်ရိုက် မြှင့်တင်လိုက်ခြင်းပင် ဖြစ်သည်”ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဗုံးကြဲမှု​ကြောင့် ကလေးငယ်တစ်ဦးအပါအဝင်အပြစ်မဲ့ပြည်သူ အမြောက်အမြား သေကြေဒဏ်ရာရစေပြီး စီးပွားရေးဆုံးရှုံးမှုများ ဖြစ်စေခဲ့သည်ဟုဆိုသည်။

ကွတ်ခိုင်မြို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သည့် လူနေရပ်ကွက်ပေါ် လေကြောင်းမှ တိုက်ခိုက်သည့်လုပ်ရပ်သည် ရှမ်းပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးအတွက်တက်ကြွစွာဆောင်ရွက်နေကြသည့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ပါဝင်ပတ်သက်သူများကိုလည်း လျစ်လျူရှုရုံသာမက ရှုတ်ချခြင်းပင် ဖြစ်ကြောင်း ဖော်ပြထားသည်။

သို့​သော် လက်ရှိအချိန်တွင် MNDAA ကကိစ္စရပ် ပိုမိုမဆိုးရွားလာစေရန် ထိန်းသိမ်းနိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားပြီး တင်းတင်းမာမာရှိမနေဘဲ ထိန်းချုပ်မှုဖြင့် တုံ့ပြန်လျက်ရှိသည်ဟုလည်းဆိုထားသည်။

၂၀၂၃ခုနှစ် အောက်တိုဘာလ၂၇ရက်နေ့မှ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ လူထုထောက်ခံမှုအကြီးအကျယ်ရရှိခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနက် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်တော် (MNDAA)သည်တရုတ်အစိုး

ရ၏စေ့စပ်ညှိနှိုင်းမှုများဖြင့်၂၀၂၅ ခုနှစ်စောပိုင်းတွင် စစ်ကောင်စီနှင့် အပစ်ရပ်ခဲ့သည်။ သဘောတူညီမှုအသေးစိတ်ကိုဖော်ပြမထားသော်လည်း MNDAA၏ အထူးဒေသ(၁)တွင် စစ်ရပ်စဲသည့် ဟိုင်ဂင်ဘဘောတူစာချုပ်ကို တရုတ်နိုင်ငံကူမင်းမြို့တွင် ချုပ်ဆိုခဲ့ကြသည်။ ကွတ်ခိုင်မြို့ကို MNDAAက အထူးဒေသ(၁)တွင်ထည့်သွင်းထားသည်။

အထူးဒေသအုပ်ချုပ်ရေးကော်မတီသည် ဒေသခံပြည်သူများကို ဦးဆောင်ကာစစ်ပြီးကာလပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပြည်သူ့အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ စီမံကိန်းများကို အားဖြည့် ဆောင်ရွက်လျက်နေချိန်၌ ကွတ်ခိုင်မြို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပင်ကိုယ်အရ ခက်ခဲစွာရရှိထားသော “စစ်ပြေငြိမ်းရေး”သည်စစ်မက်၏အရိပ်အာဝါသဖုံးလွှမ်းသွားခဲ့ပြီဖြစ်သည်ဟု MNDAAက ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် အခြေအနေပိုဆိုးမလာစေရန် MNDAA ဘက်မှ ထိန်းသိမ်းနိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားဆဲဟုအသိပေးထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့ကို၁၀၂၇ စစ်ဆင်‌ရေးနှင့်အတူတ‌အာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က သိမ်းယူခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် MNDAAလည်း တပ်စွဲထားသည်။

စစ်ကောင်စီသည် TNLA ထိန်းချုပ်ဒေသများဖြစ်သော ကျောက်မဲ၊ မိုင်းငေါ့၊ နောင်ချို၊ သီပေါ၊ ကွတ်ခိုင်နှင့် မိုးကုတ်မြို့နယ်များကိုလက်ရှိဇူလိုင်လအတွင်း လေကြောင်းမှ မကြာခဏဗုံးကြဲနေသည်။ ထိုကာလအတွင်း အရပ်သား ၁၈ဦးထက်မနည်းသေဆုံးပြီး ၆၀ဦးခန့် ဒဏ်ရာရခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်ဒေသများကိုလည်း လေကြောင်းမှ ဗုံးကြဲနေသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတဝန်း၂ရက်ဆက်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၈ဦးသေဆုံးပြီး ၄၇ဦးထက်မနည်း ဒဏ်ရာရ

သတင်း

TNLAထိန်းချုပ်နယ်မြေကို ဇူလိုင်အတွင်း စစ်ကောင်စီတိုက်ခိုက်မှု ပြည်သူ ၂၀ကျော်သေဆုံး၊ ၅၀ကျော်ဒဏ်ရာရ

သတင်း

TNLA ၊ KIA အပြင်အပစ်ရပ်ထားသော MNDAA ပါ ရှိနေသောကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယ​နေ့နံနက် အစောပိုင်းတွင်လေကြောင်းမှ ဗုံးကြဲ၍ အရပ်သား ​ခြောက်ဦးသေဆုံးပြီး ၇ဦး ဒဏ်ရာရရှိခဲ့သည်။

သတင်း

MNDAA စစ်ဦးစီးဌာနက၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း လုပ်ငန်းအခြေအနေအကျဉ်းချုပ်အစည်းအဝေးကျင်းပခဲ့ပြီး MNDAAတပ်ဖွဲ့ဝင်များအားလုံးက လာမည့် ဒုတိယနှစ်ဝက်အတွင်း စစ်ရေးလေ့ကျင့်မှု အရှိန်မြှင့်မည်ဟု ဆုံးဖြတ်ခဲ့​ကြောင်းထုတ်ပြန်သည်။