close
Connect with us

Hi, what are you looking for?

သတင်း

MNDAA စစ်ရေးလေ့ကျင့်မှုအရှိန်မြှင့်မည်ဟုဆို

MNDAA စစ်ဦးစီးဌာနက၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း လုပ်ငန်းအခြေအနေအကျဉ်းချုပ်အစည်းအဝေးကျင်းပခဲ့ပြီး MNDAAတပ်ဖွဲ့ဝင်များအားလုံးက လာမည့် ဒုတိယနှစ်ဝက်အတွင်း စစ်ရေးလေ့ကျင့်မှု အရှိန်မြှင့်မည်ဟု ဆုံးဖြတ်ခဲ့​ကြောင်းထုတ်ပြန်သည်။

ဇူလိုင်-၂၉၊၂၀၂၅။ကဖေး/People’s Spring

MNDAA စစ်ဦးစီးဌာနက၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း လုပ်ငန်းအခြေအနေအကျဉ်းချုပ်အစည်းအဝေးကျင်းပခဲ့ပြီး MNDAAတပ်ဖွဲ့ဝင်များအားလုံးက လာမည့် ဒုတိယနှစ်ဝက်အတွင်း စစ်ရေးလေ့ကျင့်မှု အရှိန်မြှင့်မည်ဟု ဆုံးဖြတ်ခဲ့​ကြောင်းထုတ်ပြန်သည်။

အဆိုပါအစည်းအဝေးကိုMNDAA စစ်ဦးစီးဌာန၏ စစ်ရေးလေ့ကျင့်မှုဦးစီးဌာနကဇူလိုင်လ ၂၆ ရက် နံနက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ပထမနှစ်ဝက်အတွင်း လုပ်ဆောင်ချက်များ၏ ထိရောက်မှုကို အပြည့်အစုံ ပြန်လည်သုံးသပ်ခြင်း၊ ပြဿနာများနှင့် လိုအပ်ချက်များကိုသေချာစွာ ဆန်းစစ်ခြင်းနှင့် ဒုတိယနှစ်ဝက်အတွင်း လုပ်ဆောင်ရမည့် လမ်းညွှန်ချက်များကို ရှင်းလင်းစွာ သတ်မှတ်ခြင်းတို့ပြုလုပ်ပြီး စစ်ရေးလေ့ကျင့်မှုအရည်အသွေးနှင့် ထိရောက်မှုကို ပိုမိုမြှင့်တင်ရန်နှင့် တပ်၏ တိုက်ခိုက်ရေးစွမ်းရည် အခြေခံအုတ်မြစ် ခိုင်မာစေရန်အတွက် သဘောတူညီချက်များ စုစည်းရယူခဲ့ကြကြောင်း MNDAA က ဇူလိုင်လ ၂၉ရက်၌ သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

MNDAA စစ်ဦးစီးဌာန စစ်ရေးလေ့ကျင့်မှုဦးစီးဌာန ဒုတိယဌာနမှူးက တင်သွင်းသည့် အစီရင်ခံစာ၌ဌာနတစ်ခုလုံးပထမနှစ်ဝက်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များမှ အောင်မြင်မှုများကို စနစ်တကျ စုစည်းပြီးအတွေ့အကြုံများနှင့် လိုအပ်ချက်များ ပြန်လည်ဆန်းစစ်ခဲ့သည်ဟု​ဖော်ပြသည်။

အစည်းအဝေးသည် ပထမနှစ်ဝက်အတွင်း စစ်ရေးလေ့ကျင့်ရေးလုပ်ငန်းများ၏ အပြည့်အစုံ သုံးသပ်ချက်သာမက ဒုတိယနှစ်ဝက်အတွင်း လေ့ကျင့်ရေးတာဝန်များအတွက် စနစ်တကျ စီစဉ်ဆောင်ရွက်ခြင်းဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အစည်းအဝေးဆုံးဖြတ်ချက်အရ အတိအလင်း ပြောကြားခဲ့သည်။MNDAA တပ်ဖွဲ့ဝင်များအားလုံးကိုလည်း အုပ်ချုပ်ရေး စည်းကမ်းစနစ်ကို ပိုမိုတိုးမြှင့် အကောင်အထည်ဖော်ရန်၊လေ့ကျင့်ရေးတာဝန်များ စိတ်အားထက်သန်စွာဖြင့် ပြီးမြောက်အောင် ဆောင်ရွက်ရန် MNDAA အရာရှိက တိုက်တွန်းခဲ့သည်။

လာမည့်ဒုတိယနှစ်ဝက်အတွင်း စစ်ရေးလေ့ကျင့်ရေး လုပ်ငန်းများသို့ ပိုမိုမြင့်မားသည့် စံနှုန်းများနှင့် ပိုမိုတင်းကြပ်သည့် လိုအပ်ချက်များဖြင့် စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်သွားမည်ဟုလည်း တပ်ဖွဲ့ဝင်များအားလုံးက ဆုံးဖြတ်ခဲ့သည်ဟုထုတ်ပြန်ထားသည်။ခိုင်မာတောင့်တင်းသည့် တပ်တော်တစ်ရပ်ကို ပုံဖော်တည်ဆောက်ရန် ကြိုးပမ်းအားထုတ်သွားမည်ဟု ဆိုသည်။

MNDAA သည် ၂၀၂၃ အောက်တိုဘာလ ၂၇ရက်တွင် ညီနောင်မဟာမိတ်ဖြစ်သောAA၊TNLA တို့နှင့်အတူ ၁၀၂၇စစ်ဆင်ရေးဖြင့်ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ကောင်စီထိန်းချုပ်ထားသောမြို့များကိုတိုက်ခိုက်ခဲ့ပြီးလားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်း စသည့် မြို့များကို သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။

တရုတ်အစိုးရ၏တိုက်တွန်းချက်နှင့်အတူ လားရှိုးမြို့အား ၂၀၂၅ ခုနှစ် ဧပြီလတွင် ပြန်လည်ပေးအပ်ခဲ့သည်။ လက်ရှိ MNDAAထိန်းချုပ်ထားသည့် သန္နီမြို့ကိုလည်း ပြန်ပေးရန်စစ်ကောင်စီက ဖိအားပေးနေကြောင်း သတင်းများထွက်ပေါ်နေသည်။ စစ်ကောင်စီဝါဒဖြန့်ချိ‌ ရေးသတင်းဌာနအချို့တွင် သန္နီမြို့ကို MNDAAက စစ်ကောင်စီထံပြန်လည်အပ်နှံပေးလိမ့်မည်ဟု ယခုရက်ပိုင်းရေးသားနေကြသည်။

သို့သော် MNDAAကသန္နီမြို့တွင် အုပ်ချုပ်ရေးယန္တရား အခိုင်အမာလည်ပတ်နေပြီး ဇူလိုင် ၂၉ ရက်တွင်လည်း ဆေးရုံဆောက်ရန် အုတ်မြစ်ချအခမ်းအနားပြုလုပ်နေသည်။ ဇူလိုင်လ ၂၅ ရက်နေ့ကလည်း သိန္နီခရိုင် ခရိုင်ရဲတပ်ဖွဲ့၏ ၂၀၂၅ ခုနှစ် အပတ်စဉ်(၂)သင်တန်းဆင်းပွဲကို သိန္နီမြို့တွင် ကျင်းပခဲ့သည်။

ရှမ်းမြောက်ဒေသမှ သတင်းရင်းမြစ်တစ်ဦးက “သိန္နီမြို့ကိုစစ်တပ်လက်ထဲပြန်ထည့်ဖို့ဆိုတာစိတ်ကူးယဉ်နေတာပါ။တရုတ်ကလည်းထရမ့်ဘောမချင်နေတဲ့စစ်ကောင်စီကိုမယုံပါဘူး။ စောင့်ကြည့်နေတဲ့အခြေအနေပါ”ဟု ပြောသည်။

၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ချိန်က ပြည်သူလူထုဆန္ဒအတိုင်း စစ်အာဏာရှင်ပြုတ်ကျသည့်အထိ တိုက်ခိုက်သွားမည်ဟု MNDAA ၊TNLAနှင့် AAတို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က မကြာခဏထုတ်ပြန်ခဲ့သည်။

ထို့အပြင်ညီနောင်မဟာမိတ်များကြားသွေးသောက်ညီအစ်ကိုများကဲ့သို့ တစ်ဖွဲ့နှင့်တစ်ဖွဲ့အကူအညီပေးမည်ဟု ထုတ်ပြန်ထားကြသည်။သို့သော် တရုတ်အစိုးရ၏ အစီအစဉ်ဖြင့် လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲ ပြန်အပ်သည့်ဖြစ်စဉ်အပါအဝင် လားရှိုးမြို့အရေးနှင့်ပတ်သက်၍ MNDAAက သတင်းထုတ်ပြန်ခြင်းမရှိတော့ပေ။ လားရှိုးမြို့ကို စစ်ကောင်စီထံပြန်ပေးခဲ့သည့် လုပ်ရပ်အပေါ် ညီနောင်မဟာမိတ်သသုံးဖွဲ့ကြား၌ အပြင်းအထန်ဝေဖန်ခံခဲ့ရသည်ဟု ရှမ်းမြောက်သတင်းရင်းမြစ်အချို့ကပြောသည်။

၂၀၂၄သြဂုတ် ၃ ရက်တွင်လားရှိုးမြို့ကို MNDAAနှင့်ပူးပေါင်း တပ်များက အပြီးသတ်သိမ်းပိုက်ပြီး​နောက် MNDAA ကစစ်တပ်ကို တိုက်ခိုင်ခြင်းမရှိ​တော့​ပေ။လက်ရှိတွင် MNDAA က ပြည်သူလူထုအား ပွင့်ပွင့်လင်းလင်းအသိပေးခြင်းမရှိဘဲ စစ်ကောင်စီနှင့်အပစ်ရပ်ထားသည်။ AAက မြို့သိမ်းတိုက်ပွဲဆက်လက်တင်နွှဲနေသလို TNLAကလည်း စစ်ကောင်စီ၏ထိုးစစ်ကို ခုခံတိုက်ခိုက်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

၁‌၀၂၇ စစ်ဆင်ရေးနှင့်အတူ သိမ်းယူခဲ့သည့် မြို့များအနက် ပန်ဆိုင်းနှင့် မုန်းကိုးမြို့မှဌာနဆိုင်ရာရုံများတွင် MNDAAက ၎င်းတို့၏ အလံကိုဖြုတ်ချပြီး စစ်ကောင်စီအသုံးပြုနေသည့်အလံလွှင့်ထူခွင့်ပြုထားကြောင်း သတင်းထွက်​ပေါ်​နေသည်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ထိန်းချုပ်ထားသည့် အထူးဒေသ(၁)အတွင်းရှိ ခရိုင်၊ မြိုနယ်၊ တိုင်းရှိ လုပ်ငန်းဆိုင်းဘုတ်များ၊ ကြေညာချက်များနှင့် အုပ်ချုပ်ရေးဌာနဆိုင်ရာဆိုင်းဘုတ်များကို မြန်မာ၊တရုတ် နှစ်ဘာသာဖြင့်ရေးသားရမည်ဟု သတိပေးကြေညာထားကြောင်း MNDAAက ယနေ့(ဇူလိုင် ၂၁ရက်) ထုတ်ပြန်သည်။

သတင်း

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးခဲ့သည့် သိန္နီခရိုင်အတွင်းမှ နေအိမ်အဆောက်အအုံ ၄၀ဝကျော်အတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)က ယနေ့ ထုတ်ပြန်သည်။

သတင်း

စစ်​ကောင်စီက MNDAA အားသိန္ဒီမြို့အား ပြန်ပေးရန် နှင့် လားရှိုး-သီပေါနယ်စပ်ရှိ တပ်ရင်းများမှ ပြန်ဆုတ်ခွာပေးရန် ထပ်မံတောင်းဆိုမှုကို MNDAAက လက်မခံသဖြင့် နှစ်ဘက် ဆက်ဆံရေးတင်းမာနေသည်။