close
Connect with us

Hi, what are you looking for?

သတင်း

NUG ယာယီသမ္မတ၊ ဝန်ကြီး​လေးဦးနှင့် တာဝန်ရှိသူများ​ မြေပြင်သွား​ရောက်ပြီး ပြည်သူများ၊ PDF များနှင့်​တွေ့ဆုံ

အမျိုးသားညီညွတ်​ရေးအစိုးရ ယာယီသမ္မတနှင့် ပြည်​ထောင်စုဝန်ကြီးများ ​မြေပြင်သို့ကွင်းဆင်းပြီး​ပြည်သူများ ၊ ​တော်လှန်​ရေးရဲ​ဘော်များနှင့်​တွေ့ဆုံခဲ့သည်။

ဓါတ်ပုံ- NUG

ဇူလိုင်-၃၀၊၂၀၂၅။People’s Spring

အမျိုးသားညီညွတ်​ရေးအစိုးရ ယာယီသမ္မတနှင့် ပြည်​ထောင်စုဝန်ကြီးများ ​မြေပြင်သို့ကွင်းဆင်းပြီး​ပြည်သူများ ၊ ​တော်လှန်​ရေးရဲ​ဘော်များနှင့်​တွေ့ဆုံခဲ့သည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်သည့် အစိုးရအဖွဲ့မှကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပညာရေးနှင့်ကျန်းမာ ရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာတူးခေါင်၊ကျန်းမာရေး ဒုတိယဝန်ကြီးဒေါက်တာခင်မောင်လွင်၊နိုင်ငံတော်သမ္မတရုံး အတွင်းဝန် ဦးဘရန်း၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးကွမ်မင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အတွင်းဝန် ဒေါ်နော်ထီးခူ နှင့် ရုံးအဖွဲ့သားများသည် NUG ထိန်းချုပ်နယ်မြေများသို့သွားရောက်၍ဒေသခံပြည်သူလူထုအပါအဝင်တော်လှန်ရေးရဲဘော်များနှင့်တွေ့ဆုံခဲ့​ကြောင်း NUG ကထုတ်ပြန်သည်။

NUG ယာယီသမ္မတက အစိုးရအဖွဲ့ဝင်များ ပြည်တွင်းပြန်လာပြီး ​တော်လှန်​ရေးအတွက်လုပ်ငန်းများထိ​ရောက်စွာလုပ်ကိုင်ရန် ၂၀၂၄ နိုဝင်ဘာလတွင်တိုက်တွန်းပြီး​နောက် အစိုးရအဖွဲဲ့ဝင်များ​မြေပြင်သွား​ရောက်​ကြောင်းသတင်းများထုတ်ပြန်​နေရာ ယခုခရီးစဥ်သည် NUGအစိုးရထိပ်တန်းတာဝန်ရှိသူများ အများဆုံးပါဝင်​သောခရီးစဥ်ဖြစ်သည်။

Public Service Announcement

Public Service Announcement

ခရီးစဉ်တွင်NUG ထိန်းချုပ်နယ်မြေများ၏ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ အခွန်ကောက်ခံရေး ယန္တရားများနှင့် အနီးကပ်ထိတွေ့၍ တော်လှန်ရေး အောင်မြင်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန်၊ မြေပြင်၌ ဦးဆောင်နေသည့် တာဝန်ခံများ၊ တော်လှန်ရေး ရဲဘော်ရဲဘက်များ နှင့် ထိတွေ့၍ ယုံကြည်မှု၊ ခေါင်းဆောင်မှု၊ စနစ်ကျသည့် စီမံခန့်ခွဲမှုများ တည်ဆောက်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု​ဖော်ပြထားသည်။

ထို့အပြင် NUG ထိန်းချုပ်နယ်မြေများတွင်စိန်ခေါ်မှုများ၊ အခက်အခဲ ပြဿနာများကို သိရှိပြီး အဖြေ ရှာနိုင်ရန်၊ မြေပြင်၌တော်လှန်ရေးတာဝန်ထမ်းဆောင်နေကြသည့် တော်လှန်ရေး ရဲဘော်ရဲဘက်များနှင့် တွေ့ဆုံ၍ တော်လှန်ရေးခွန်အားနှင့် တော်လှန်စိတ် စွမ်းရည်ကို မြှင့်တင်ပေးနိုင်ရန်နှင့်ယာယီသမ္မတအပါအဝင် NUG အစိုးရ တာဝန်ရှိသူများသည် မြေပြင် ပြည်သူလူထုနှင့် တသားတည်းရှိနေသည်ကို ပြည်သူလူထုထံ သတင်းစကားပါး၍ တော်လှန်ရေး စိတ်ခွန်အား ပိုမိုမြှင့်တင်နိုင်စေရန်လည်း ရည်ရွယ်​ကြောင်း​အသိ​ပေးထားသည်။

ထိန်းချုပ်နယ်မြေများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဒေသခံလူထုအပါအဝင် မြို့နယ်/ခရိုင် အလိုက် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံများ၊ မြို့နယ်/ခရိုင်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံများ၊ ခရိုင်အလိုက် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်းမှူးများ၊စစ်ဒေသရုံးမှစစ်ဒေသမှူးနှင့် ရုံးအဖွဲ့များ၊ မြို့နေရပ်မိရပ်ဖိများ၊သံဃာတော်များနှင့် တွေ့ဆုံခဲ့သည်ဟုဆိုသည်။

ယာယီသမ္မတသည်ခရီးစဉ်အတွင်းစစ်ဘေးရှောင်ပြည်သူလူထုနှင့်တွေ့ဆုံ၍ ပြည်သူလူထု ကြုံတွေ့ခံစားနေရသည့် ဘေးဒုက္ခများကို အလေးအနက်ထား နားထောင်ခဲ့ပြီး စိတ်ဓာတ်ခွန်အား ဝေမျှခြင်းနှင့် စစ်ဘေးရှောင် ပြည်သူလူထုအတွက် ကူညီလှူဒါန်းမှုများ လုပ်ဆောင်ခဲ့​ကြောင်းလည်း​သိရသည်။

ခရီးစဥ်တလျှောက် အစိုးရအဖွဲ့ဝင်များနှင့်အတူ အမှတ် (၁) စစ်ဒေသမှူးလည်း ပါဝင်ခဲ့ပြီး အစိုးရ တာဝန် ရှိသူများ၏ လုံခြုံရေးကို အမှတ် (၁) စစ်ဒေသမှ အထူး တာဝန်ယူ ကြီးကြပ်ဆောင်ရွက်ခဲ့​ကြောင်းထုတ်ပြန်ထားသည်။

“ပါမောက္ခဒေါက်တာဇော်ဝေစိုးနဲ့ပါမောက္ခ ဒေါက်တာခင်မောင်လွင် ၂ ယောက်ကို တူတူမြင်တွေ့ရတာအားရှိရတယ်မြေပြင်မှာ ဒီလို မြင်ရတာ”ဟုပြည်သူတဦးကမှတ်ချက်ပြုသည်။

အခြားပြည်သူတဦးကလည်း “For show တွေမကြိုက်ပါ။ဒီပုံတွေထက်ဘယ်စခန်း၊ဘယ်မြို့ကို ဘယ်လို အလုံးအရင်းနဲ့ ဝင်တိုက်ပုံတွေ သတင်းတွေပဲကြားချင်၊မြင်ချင်ပါတယ်”ဟု ယာယီသမ္မတ၏သတင်းထုတ်ပြန်ချက်​​အောက်တွင်မှတ်ချက်​ရေးသားသည်။

အခြားပြည်သူတဦးက”ရဲရင့်ပြီးပြည်သူနဲ့တစ်သားထဲရှိတဲ့တို့သမ္မတကြီးကိုလေးစားလို့မဆုံးနိုင်ဘူး။နေပြည်တော်ထဲပုန်းနေတဲ့စစ်သားဆိုတဲ့ဟာတွေနဲ့ဘာမှကိုမဆိုင်တာ”ဟု​ရေးသားသည်။

​တော်လှန်​ရေး​အောင်မြင်​စေရန် NUG အစိုးရအားပြုပြင်​ပြောင်းလဲမှုများပြုလုပ်ရန် ဝေဖန်တိုက်တွန်းမှုများစွာ ယခုလပိုင်းအတွင်းထွက်​ပေါ်ခဲ့ပြီး​နောက် NUG အစိုးရအဖွဲ့စွမ်း​ဆောင်ရည်မြှင့်တင်ရန် နှင့် ကိုယ်စားပြုပါဝင်မှုမြှင့်တင်ရန် အစိုးရအဖွဲ့ကိုပြုပြင်​ပြောင်းလဲမှုပြုလုပ်မည်ဖြစ်​ကြောင်းလည်း NUG ဝန်ကြီးချုပ်ရုံး​ပြော​ရေးဆိုခွင့်ရှိသူဦး​နေဘုန်းလတ်ကလည်းဇူလိုင်၂၉ရက်၌ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊စလင်းမြို့နယ်၊တညောင်ဒေသရဲ စခန်းကို ကာကွယ်ရေးတပ်များက ယ​နေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကတိုင်းပြည်အနာဂတ်သည်တအာင်းတပ်မတော်(TNLA) အထွေထွေ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်အပါအဝင် ခေါင်းဆောင်များ၏ ပုခုံးပေါ်ရောက်ရှိနေကြောင်း ပြောကြားခဲ့ရာ ဗိုလ်ချုပ်တားဘုန်းကျော်ကလည်း အတူတူ ပူးပေါင်းလုပ်ဆောင်ကြစို့ဟု တုန့်ပြန်ပြောကြားခဲ့သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရမည်ကို အစိုးရအဖွဲ့ဝင်အားလုံးနားလည်ပြီး စွမ်းဆောင်ရည်တိုးတက်​​စေရန် နှင့် ကိုယ်စားပြုပါဝင်မှုမြင့်တက်​စေရန် ပြုပြင်ပြောင်းလဲမှုများလုပ်နေပြီဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့်မဟာဓာတ်အားလိုင်းထိမှန်ပျက်စီးပြီး တစ်မြို့လုံးလျှပ်စစ်မီးသုံး ပတ်နီးပါး ပြတ်တောက်နေကာ ဒေသခံတွေ အခက်​တွေ့နေကြပါတယ်။