close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာလုပ်သားရိုက်နှက်သည့် ထိုင်းနိုင်ငံသားက တောင်းပန်ပြီး ဘတ်ငါးသောင်းနစ်နာကြေးပေး

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင်တွင် မြန်မာလုပ်သားကို ရိုက်နှက်ခဲ့သည့် ထိုင်းနိုင်ငံသားက ရဲစခန်း၌ တောင်းပန်ပြီး နစ်နာကြေးအဖြစ် ဘတ်ငါးသောင်းပေးကာ ခံဝန်ထိုးခဲ့ကြောင်း အဆိုပါအမှုလိုက်လံဆောင်ရွက်ပေးနေသော 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)က အသိပေးထားသည်။

မြန်မာလုပ်သားနှင့် အမှုအားလိုက်လံဆောင်ရွက်ပေးနေသူအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - 𝐌.𝐇.𝐀.𝐂

ဇူလိုင်-၃၀၊၂၀၂၅။တေဇ/People’s Spring

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင်တွင် မြန်မာလုပ်သားကို ရိုက်နှက်ခဲ့သည့် ထိုင်းနိုင်ငံသားက ရဲစခန်း၌ တောင်းပန်ပြီး နစ်နာကြေးအဖြစ် ဘတ်ငါးသောင်းပေးကာ ခံဝန်ထိုးခဲ့ကြောင်း အဆိုပါအမှုလိုက်လံဆောင်ရွက်ပေးနေသော 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)က အသိပေးထားသည်။

“ကျူးလွန်သူထိုင်းအမျိုးသားဘက်မှလည်းကာယကံရှင်မြန်မာအမျိုး သား၏ဆန္ဒအတိုင်း နယ်မြေခံရဲစခန်း၌ ရဲအရာရှိများ၊ရှေ့နေနှင့် 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)ရှေ့တွင် ဝန်ခံခဲ့ပြီး နစ်နာသူမြန်မာအမျိုးသားအားတောင်းပန်ကာ လျော်ကြေးအဖြစ် ဘတ်၅သောင်းအား ပေးဆောင်စေသည့်အပြင် ထပ်မံ၍ မည့်သည့်ပြဿနာမျှ ထပ်မရှာတော့ပါရန် လက်မှတ်ရေးထိုးစေခဲ့သည်”ဟု MHACက ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁ရက်တွင် ဖြစ်ခဲ့ခြင်းဖြစ်ပြီး မြန်မာလုပ်သားက ဆိုင်ကယ်ပြင်ခပေးရန် အကြွေသွားယူသည်ကို နားလည်မှုလွဲကာ ထိုင်းနိုင်ငံသားက ထိုးကြိတ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုးကြိတ်သည့် ဗီဒီယိုဖိုင်ကို ပြီးခဲ့သည့်ရက်ကဖြစ်ခဲ့သည့် ထိုင်း – ကမ္ဘော ဒီးယား နှစ်နိုင်ငံနယ်စပ်ပြဿနာဖြစ်ချိန်တွင် ‌ထိုင်းနိုင်ငံသားက အွန်လိုင်းပေါ်သို့တင်ခဲ့ခြင်းဖြစ်ပြီး မြန်မာလုပ်သားက ၎င်းကိုလူလိမ်ဟု ပြောဆိုခဲ့သောကြောင့် ရဲစခန်း၌ ဇူလိုင် ၂၉ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းအမှုကို 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)နှင့်အတူ နစ်နာသူ မြန်မာလုပ်သား၏ သူဌေးအပြင် အမျိုးသားညီညွတ်ရေးအစိုးရ(𝐍𝐔𝐆)၏ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးတို့နှင့်ပူပေါင်း၍ ရဲစခန်း၌ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကျူးလွန်သူထိုင်းနိုင်ငံသားက နစ်နာသူမြန်မာလုပ်သားကို အွန်လိုင်းမှတဆင့်တောင်းပန်မည်ဖြစ်ပြီး MHAC အဖွဲ့အနေဖြင့် အမှုပြီးဆုံးသည်အထိဆောင်ရွက်ပေးမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အပေါ် နှစ်ဖက် လေးစားလိုက်နာမှု ရှိမရှိ ဆိုတာကို မလေးရှား စစ်တပ်က ကြီးမှူးပြီး လေ့လာ စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနဲ့ စစ်ရေး ပဋိပက္ခအတွင်း သေဆုံးခဲ့တဲ့ ထိပ်တန်း စစ်ဦးစီး ဗိုလ်ချုပ် တစ်ဦးရဲ့ နာရေး အခမ်းအနားကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင်တွင် ရိုက်နှက်ခံရသည့်မြန်မာလုပ်သားဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲစခန်း၌ အမှုဖွင့်တိုင်ကြားရန် လုပ်ဆောင်နေကြောင်း MHACမဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနဲ့ ကမ္ဘာဒီးယား တို့ကြား နယ်စပ်ဒေသတိုက်ပွဲတွေကို ဒီနေ့ (ဇူလိုင် ၂၈) ရက်က စတင်ပြီးချက်ချင်းအပစ်ရပ်ကြဖို့ မလေးရှားနိုင်ငံမှာ နှစ်ဖက်အစိုးရအဖွဲ့ ခေါင်းဆောင်တွေ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး သဘောတူညီချက် ရရှိသွားပါတယ်။