close
Connect with us

Hi, what are you looking for?

သတင်း

တနိုင်းဒေသရှိ KIAတပ်စခန်းတစ်ခု လက်လွှတ်ရ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ တပ်ရင်း စခန်းတစ်ခုကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

အူလွယ်ဘိုင်ဘွမ်(Uloi Bai Bum) စခန်း သိမ်းပိုက်ပြီးနောက် တွေ့ရသော စစ်ကောင်စီပူးပေါင်းတပ်များ။ ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်

ဇူလိုင်-၂၆၊ ၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ တပ်ရင်း စခန်းတစ်ခုကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

KIA တပ်မဟာ(၂)လက်အောက်ရှိ တပ်ရင်း(၂၀) အူလွယ်ဘိုင်ဘွမ်(Uloi Bai Bum) စခန်း သိမ်းပိုက်နိုင်ခဲ့ကြောင်း ဝါရာဇွပ်ပြည်သူ့စစ်က ယနေ့ (ဇူလိုင် ၂၆ရက်)တွင် ထုတ်ပြန်ထားသည်။

KIA တပ်ရင်း(၂၀) တပ်စခန်းကို ဝါရာဇွပ်ပြည်သူ့စစ်၊ လီဆူပြည်သူ့စစ်၊ စစ်ကောင်စီတပ်စစ်ကြောင်းများ ပူးပေါင်းတိုက်ခိုက်ခဲ့ဟု အသိပေးပြီး လက်နက်ခဲယမ်းများ သိမ်းရခဲ့ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း KIA၏ တပ်ရင်းအဆင့်စခန်း အသိမ်းခံရသည်ဟု အတည်ပြုသည်။

“တကယ်တော့ ရင်း(၂၀)က လှုပ်ရှားတပ်ရင်းပါ။ အဲဒီမှာ အင်အားအများကြီး မရှိဘူး။ တခြားကို စစ်ကူသွားနေတဲ့အချိန် အင်အားမရှိချိန် ဒီကောင်တွေ သာလွန်အင်အားနဲ့ မြေပြင်တပ် ၊ ဒရုန်းတပ် လက်နက်ကြီး ပစ်ကူတွေနဲ့ သိမ်းသွားတာ။”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA တပ်ရင်း(၂၀)တွင် လက်ကျန် တပ်ဖွဲ့ဝင် ၁၀ဦးခန့်သာရှိနေချိန် မင်းဇေသန့်အဖွဲ့၊ စစ်ကောင်စီတပ်၊ လီဆူပြည်သူ့စစ်၊ ရှမ်းနီ ပြည်သူ့စစ်နှင့် အခြားပြည်သူ့စစ်များ ပူးပေါင်း ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု ပြောသည်။

စစ်ကောင်စီတပ်သည် ပြည်သူ့စစ်များကို မက်လုံးပေး ၊လက်နက်ခဲယမ်း တပ်ဆင်ပေးပြီး ၀ိုင်းမော်နှင့် ဖားကန့်ဒေသ၌လည်း စစ်အင်အားဖြည့် စစ်ရေးလှုပ်ရှားနေသည်ဟု သတင်းရင်းမြစ်က ပြောသည်။

KIA သတင်းပြန်ကြားရေးဌာနကလည်း Uloi Bai Bum တပ်စခန်း၌ တိုက်ပွဲဖြစ်ပွားမှုကို ယနေ့ သတင်းဖော်ပြထားသည်။ အသေးစိတ်အခြေအနေများကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ဖားကန့်မြို့နယ်သို့ စစ်ကူလာသည့် စစ်တပ်စစ်​ကြောင်းကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ယမန်နေ့ညတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လိုင်ဇာနှင့်အနီးသို့ စစ်ရေးလှုပ်ရှားလာခြင်းမှာ နန်ဆန်ယာန်ဒေသနှင့် ဗန်းမော် - မြစ်ကြီးနားလမ်းကို ထိန်းချုပ်လို၍ ဖြစ်နိုင်သည်ဟု ကချင်သတင်းရင်းမြစ်က သုံးသပ်သည်။

သတင်း

စစ်ကောင်စီတပ်မှ တိုင်းစစ်ဌာနချုပ် အမိန့်ဟုဆိုကာ ရွှေမှော်ရှိ ဘတ်ဟိုး ၂၀ကျော်နှင့် တဲအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ပရင်းမှော်များ ရှိရာ နမ်ဗျူဒေသမှ လီဒိုလမ်းရှိ ရှဒူးဇွပ်တပ်စခန်းသို့ ပြန်ဝင်လာသည့် စစ်ကြောင်း ဖြစ်သည်ဟု KIAက သတင်းဖော်ပြသည်။

Facebook