close
Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ် သဘောတူညီချက်ကို မလေးရှား စစ်တပ် အကြီးအကဲ စောင့်ကြည့်ပေးမယ်လို့ဆို

ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အပေါ် နှစ်ဖက် လေးစားလိုက်နာမှု ရှိမရှိ ဆိုတာကို မလေးရှား စစ်တပ်က ကြီးမှူးပြီး လေ့လာ စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။

Tea Seiha

ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အပေါ် နှစ်ဖက် လေးစားလိုက်နာမှု ရှိမရှိ ဆိုတာကို မလေးရှား စစ်တပ်က ကြီးမှူးပြီး လေ့လာ စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။

အဲဒီ တာဝန်ကို ယူပေးဖို့အတွက် မလေးရှား စစ်တပ်ရဲ့ အကြီးအကဲကိုယ်တိုင် ကမ္ဘောဒီးယားကို ရောက်ရှိလာခဲ့တယ်လို့လည်း ကမ္ဘောဒီးယား မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ မလေးရှားဟာ ထိုင်းရော၊ ကမ္ဘောဒီးယားတို့ပါ အဖွဲ့ဝင်တွေ ဖြစ်နေတဲ့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။

ပြီးတော့ ဇူလိုင် ၂၈ ရက် ညသန်းခေါင်ယံက စတင် အသက်ဝင်တဲ့ အပစ်ရပ် သဘောတူညီမှု ရရှိဖို့ အတွက်လည်း ထိုင်းနဲ့ ကမ္ဘောဒီးယား ခေါင်းဆောင်တွေဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ်တင်းမာမှုတွေကို အကြောင်းပြုပြီး ဇူလိုင် ၂၄ ကနေ ၂၈ ရက်ထိ ၅ ရက်ကြာ စစ်ခင်း တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ အပစ်ရပ် သဘောတူညီမှု စတင် အသက်ဝင်ပြီးတဲ့နောက် ကမ္ဘောဒီးယားက ကတိဖောက်ဖျက်မှုတွေ ရှိခဲ့တယ်လို့ ထိုင်းစစ်တပ်က စွပ်စွဲပေမယ့် အခုတော့ နယ်စပ်မှာ ပစ်ခတ်သံတွေ လုံးဝ တိတ်ဆိတ်နေပြီး နှစ်နိုင်ငံစလုံးက စစ်ရှောင်တွေလည်း နေရပ်ကို စပြီး ပြန်ကုန်ကြပါပြီ။

Public Service Announcement

Public Service Announcement

မလေးရှား စစ်တပ်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး တန်ဆရီ ဟာဂျီ မိုဟာမက် နီဇမ် ဘင်ဟာဂျီ ဂျက်ဖားဟာ ဇူလိုင် ၂၉ ရက် ညပိုင်းမှာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ကို စတင်ရောက်ရှိပြီး နှစ်ဖက်စလုံးက သဘောတူညီချက်အပေါ် လေးစား လိုက်နာမှု ရှိမရှိ စောင့်ကြည့်နေမှာ ဖြစ်တယ်လို့ ကမ္ဘောဒီးယား သတင်းဌာနတွေက ဆိုပါတယ်။

မလေးရှား အစိုးရဟာ အပစ်အခတ် ရပ်စဲရေး ကတိတွေ ခိုင်မာစေဖို့ စောင့်ကြည့်ရေး အဖွဲ့နှစ်ခုကိုလည်း ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဆီ သီးခြား စေလွှတ်ပေးမှာဖြစ်ပြီး အဲဒီအဖွဲ့တွေရဲ့ လုပ်ငန်းတာဝန်တွေက ဇူလိုင် ၃၀ မှာ စတင်မှာ ဖြစ်ပါတယ်။

နီဇမ်ဟာ ကမ္ဘောဒီးယားရဲ့ မြို့တော် ဖနွမ်ပင်မှာ အိမ်ရှင်နိုင်ငံရဲ့ အရာရှိတွေနဲ့ တွေ့ဆုံခဲ့တဲ့နောက် နယ်စပ်မှာလည်း ထိုင်းရဲ့ အမှတ် ၁ နဲ့ အမှတ် ၂ စစ်နယ်မြေမှူးတွေ၊ ကမ္ဘောဒီးယားရဲ့ အမှတ် ၄ နဲ့ အမှတ် ၅ စစ်နယ်မြေမှူးတွေဆီ သွားရောက် တွေ့ဆုံပြီး နယ်မြေ အခြေအနေတွေကို ဆန်းစစ် စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။ သူဟာ ဖနွမ်ပင်မှာ ရှိနေစဉ် အတောအတွင်း ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီး တီဆိုင်ဟာနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်တို့ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် စောင့်ကြည့်တာ၊ ကူညီပေးတာတွေကို အားတက်သရော ပါဝင်ပူးပေါင်းဖို့ သဘောတူထားတယ်လို့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အင်ဒိုနီးရှားကို သွားရောက်တဲ့ ခရီးစဉ်အတွင်း မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။

ကိုးကား: Cambodianess

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနဲ့ စစ်ရေး ပဋိပက္ခအတွင်း သေဆုံးခဲ့တဲ့ ထိပ်တန်း စစ်ဦးစီး ဗိုလ်ချုပ် တစ်ဦးရဲ့ နာရေး အခမ်းအနားကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ကမ္ဘောဒီးယားဖက်က ချိုးဖောက်တာတွေ ရှိနေတယ်လို့ ထိုင်းစစ်တပ်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင်တွင် ရိုက်နှက်ခံရသည့်မြန်မာလုပ်သားဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲစခန်း၌ အမှုဖွင့်တိုင်ကြားရန် လုပ်ဆောင်နေကြောင်း MHACမဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနဲ့ ကမ္ဘာဒီးယား တို့ကြား နယ်စပ်ဒေသတိုက်ပွဲတွေကို ဒီနေ့ (ဇူလိုင် ၂၈) ရက်က စတင်ပြီးချက်ချင်းအပစ်ရပ်ကြဖို့ မလေးရှားနိုင်ငံမှာ နှစ်ဖက်အစိုးရအဖွဲ့ ခေါင်းဆောင်တွေ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး သဘောတူညီချက် ရရှိသွားပါတယ်။