ဇွန်-၂၈၊၂၀၂၅။သတိုး/People’s Spring
ရန်ကုန်မြို့၊မှော်ဘီမြို့နယ်၊မြို့မရဲစခန်းကိုအဝေးထိန်းမိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Yangon Army မှ တာဝန်ရှိသူကပြောသည်။
“တိုက်ခိုက်တဲ့အချိန်ရဲတကောင်ထိသွားတာတွေ့တယ်။ဖြစ်ပြီးနာရီဝက်အကျော်လောက်မှာလမ်းတွေပိတ်စစ်ဆေးမှုတွေလုပ်နေကြအတိုင်းပုံမှန်လုပ်တယ်”ဟု ၎င်းကပြောသည်။
မှော်ဘီမြို့မရဲစခန်းကိုဇွန် ၂၇ ရက်ည ၁၀နာရီခွဲခန့်တွင် အနောက်ပိုင်းခရိုင် ပကဖ နှင့် Yangon Army တို့ပူးပေါင်း၍ စစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်အားလုံးဘေးကင်းကြောင်း သတင်းထုတ်ပြန်ထားသည်။

Public Service Announcement
ရန်ကုန် ၊အနောက်ပိုင်းခရိုင် ပကဖ ကလည်း မြို့မရဲစခန်းလုံခြုံရေးယူနေသော ရဲများကို အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုထုတ်
ပြန်သည်။
“မိုင်းမှာလက်ပစ်ဗုံးပါကပ်ပြီးဆော်တာပါ။ညကမိုင်းကအသံအကျယ်ကြီးပေါက်ကွဲအားပြင်းပါတယ်” ဟု Yangon Army မှတာဝန်ရှိသူကပြောသည်။
Yangon Army အဖွဲ့သည် ဇွန် ၇ ရက်ကဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် တရားရုံး တွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
စစ်ကောင်စီနှင့် ပက်သက်သောပစ်မှတ်များကို ဆက်လက်တိုက်ခိုက်မည်ဟု ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖ ကလည်းအသိပေးထားသည်။
