close
Connect with us

Hi, what are you looking for?

သတင်း

ထောက်ကြန့်ရှိ စစ်ကောင်စီဘန်ကာကို အဝေးထိန်းမိုင်းဖြင့် ပြောက်ကျားအဖွဲ့တိုက်ခိုက်

ရန်ကုန်မြို့ ထောက်ကြန့်မြို့နယ် အမှတ် ၃ လမ်းနှင့် အမှတ် ၇ လမ်းထောင့်ရှိ စစ်ကောင်စီ ဘန်ကာကို အဝေးထိန်းမိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame(OF)အဖွဲ့တာဝန်ရှိသူက ပြောသည်။

ဇွန်-၁၄၊ ၂၀၂၅။ သတိုး/People’s Spring

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် အမှတ် ၃ လမ်းနှင့် အမှတ် ၇ လမ်းထောင့်ရှိ စစ်ကောင်စီ ဘန်ကာကို အဝေးထိန်းမိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame(OF)အဖွဲ့တာဝန်ရှိသူက ပြောသည်။

“အဝေးထိန်း နှစ်လုံးသုံးခဲ့ပါတယ်။ တစ်လုံးပဲ ကောင်းကောင်းအောင်မြင်ခဲ့ပါတယ်။ တစ်လုံးက ပေါက်ကွဲအားနည်းသွားခဲ့ပါတယ်။ စစ်ခွေးအစောင့် သုံးကောင်အပြင်ထွက်ချိန် ဆွဲလိုက်တာ တစ်ကောင်ပဲ ထိပြီးလဲကျသွားပါတယ်” ဟု ၎င်းကပြောသည်။

ယင်းစစ်ဆင်ရေးကို ဇွန် ၁၃ ရက် ည ၈နာရီ ၂၀ မိနစ်တွင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များအားလုံးဘေးကင်းကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

Operation Flame အနေဖြင့် ရန်ကုန်တော်လှန်ရေး မဟာမိတ်များဖြင့် ပူးပေါင်း၍ စစ်ကောင်စီကို အရှိန်မြှင့် တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။

OF အဖွဲ့သည် မေလအတွင်းက သန်လျင်တံတားအဆင်း၌ ပြည်သူများကို ငွေကြေးကောက်ခံနေသည့် စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ သန်လျင်တံတားအဆင်းရှိ ပြည် သူများထံ ငွေကြေးကောက်ခံနေသည့် စစ် ကောင်စီတပ်ဖွဲ့ ဝင်များအား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Operation Flame (OF) အဖွဲ့တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့၊လှည်းကူးမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၂၁၁) ခြေမြန်တပ်ရင်း (ခမရ-၂၁၁) ဂိတ်ကင်းစခန်းကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA) အဖွဲ့မှတာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရဲစခန်းကို လက်ပစ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame(OF) အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

သတင်း

ရန်ကုန်မြို့၊ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရဲစခန်းကို လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း The Blood Lineအဖွဲ့တာဝန်ခံ ရဲဘော်Ko Hmanက ပြောသည်။