close
Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မြို့နယ်က စစ်ကြောင်း နမခသို့ ပြန်ဝင်၊ ဓားစာခံဖမ်းဆီးခံထားရသူအားလုံး ပြန်လွတ်ပြီး တစ်ဦး အသတ်ခံရ

လက်ရှိတွင် ဘုတလင်မြို့ပေါ်မှ CBဘဏ်၊ ရဲစခန်းနှင့် ထွေအုပ်ရုံးများ၌ စစ်ကောင်စီအင်အား ၅၀ထက်မနည်းနှင့် ပျု‌စောထီး၂၀ ခန့် တပ်စွဲထားဆဲဖြစ်သည်။

(ဘုတလင်မြို့နယ် တိုက်ပွဲအတွင်း ဖမ်းမိထားသည့် စစ်သုံ့ပန်းများကို ၂၀၂၄ စက်တင်ဘာ ၃၀ ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - ထူးခန့်ဇော်)
(ဘုတလင်မြို့နယ် တိုက်ပွဲအတွင်း ဖမ်းမိထားသည့် စစ်သုံ့ပန်းများကို ၂၀၂၄ စက်တင်ဘာ ၃၀ ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - ထူးခန့်ဇော်)

အိမ်သွင်/People’s Spring

ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး အရပ်သားများအား သတ်ဖြတ်မှုများကျူးလွန်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အတွင်း ပြန်လည်ဝင်ရောက်သွားပြီဖြစ်ပြီး ဖမ်းဆီးထားသည့်အရပ်သားများအားလုံးပြန်လည်လွတ်မြောက်လာပြီဟု သတင်းရရှိသည်။

အင်အား ၁၀၀ခန့်ရှိသော စစ်ကောင်စီတပ် စစ်ကြောင်းသည် ပြီးခဲ့သည့်အောက်တိုဘာလဆန်းကစတင်၍ နမခမှ ထွက်ခွာလာပြီး ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေရာ န်ိုဝင်ဘာ ၁၄ရက်က နမခသို့ ပြန်လည်ဝင်ရောက်သွားခြင်းဟု သတင်းရရှိသည်။

” နမခကို ပြန်ဝင်သွားပြီ။ ဓားစားခံဖမ်းထားသူတွေ အားလုံး ပြန်လွှတ်ပေးတယ်။ ရွာအလိုက်စုပြီး နမခကို သွားထုတ်ရတယ်။ အကုန်ပြန်လွတ်လာပြီ”ဟု ဘုတလင်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တစ်လခွဲခန့်ကြာကာလအတွင်း စစ်ကြောင်းသည် ဘုတလင်မြို့နယ်အတွင်းရှိ စီပါရွာ၊ကျီးပင်ချောင်ရွာ၊မှန်တောနှင့် ကံသစ်ကျေးရွာအပါအဝင် ကျေးရွာ ၁၀ရွာခန့်မှ ဒေသခံ ၉၀နီးပါးကို ဖမ်းဆီးပြီး ကျေးရွာများကို လှည့်လည်စစ်ကြောင်းထိုးခဲ့သည်။ ဖမ်းဆီးထားသူများအနက် အမျိုးသမီးငယ်အချို့ကို အဓမ္မပြုကျင့်မှုများကျူးလွန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

” အိမ်ထောင်သည်တချို့ရော မိန်းမငယ်တချို့ကိုပါ အတင်းပေါင်းသင်းတာဗျာ။ ပြန်လွတ်လာတော့ သူတို့အိမ်သားတွေကို ရင်မဆိုင်ရဲကြဘူး”ဟု ဘုတလင်မြို့ခံတစ်ဦးက ပြောသည်။

ဖမ်းဆီးထားသူများအနက် အချို့မှာ ထွက်ပြေးလွတ်မြောက်လာကြသူများဖြစ်ပြီး အများစုကို နမခသို့ ပြန်ဝင်စဉ် လမ်းတလျှာက်ရွာများတွင် ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ယမန်‌နေ့က နောက်ဆုံးလွတ်မြောက်သူမှာ ၂၀ခန့်ရှိကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၃၁ရက်က အင်အား ၈၅ဦးပါ စစ်ကြောင်းသည် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက် ချေမှုန်းခံခဲ့ရသည်။ ထို့သို့တိုက်ခိုက်ခံရပြီးနောက် အင်အား ၁၀၀ခန့်ရှိသော စစ်ကြောင်းသည် နမခမှ ဝင်ရောက်လာခြင်း ဖြစ်သည်။

အောက်တိုဘာ ၁၂ရက်၊ ၁၃ရက်နှင့် ၁၈ရက်တွင် ဗန္ဓုလကွက်သစ်ရပ်ကွက်၊မြောက်ပြင်ရပ်နှင့် စီပါကျေးရွာကိုစီးနင်းပြီး ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခဲ့ရာ ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ဒေသခံ စုစုပေါင်း ၂၄ဦး သေဆုံးခဲ့သည်။ ထို့အပြင် ဖမ်းဆီးထားသော ဓားစာခံများအနက် အမျိုးသားတစ်ဦး သတ်ဖြတ်ခံရသည်ဟု ဘုတလင်မြို့နယ် ပအဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့အပြင် စစ်ကြောင်းထိုးစဉ်ကာလတလျှောက် ဒေသခံများ၏ နေအိမ် ၇၀၀ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့သည်။

လက်ရှိတွင် ဘုတလင်မြို့ပေါ်မှ CBဘဏ်၊ ရဲစခန်းနှင့် ထွေအုပ်ရုံးများ၌ စစ်ကောင်စီအင်အား ၅၀ထက်မနည်းနှင့် ပျု‌စောထီး၂၀ ခန့် တပ်စွဲထားဆဲဖြစ်သည်။ ထို့အပြင် မုံရွာ – ဘုတလင်လမ်းပိုင်းတွင် ကင်းပုန်းအချို့ရှိနေကြောင်း သတင်းရရှိသည်။

ဘုတလင်မြို့နယ်တွင် စစ်ကောင်စီက ပြည်သူများအား ဦးခေါင်းနှင့်ကိုယ်ခန္ဓာများ ခုတ်ထစ်ဖြတ်တောက်ထားသည့်ဖြစ်စဉ်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက အောက်တိုဘာလ ၂၉ ရက်ကပြုလုပ်သည့် (၇၉ )ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ တင်ပြခဲ့ပြီး စစ်ကောင်စီကို အရေးယူရန် တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၃၁ရက်က အင်အား ၈၅ဦးပါ စစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက် ချေမှုန်းခံရပြီးနောက် နမခမှ ဝင်ရောက်လာခြင်းဖြစ်သည်။

သတင်း

တိုက်ခိုက်မှုကို BRAVE HEART ARMY -BHAမှ ဦးဆောင်ပြီး CHINDWIN FIGHTER GROUP-CFGနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း

စစ်ကောင်စီစစ်ကြောင်းကြောင့် ဘုတလင်မြို့ပေါ်ရပ်ကွက်များနှင့် ပဲပြစ်တောရွာအပါအဝင် ဖိုကုန်း၊စီပါ၊မွန်အို၊ညောင်ကန် စိုင်းပြင်လေးနှင့် ဘေးပတ်ဝန်းကျင်ရွာများမှဒေသခံတစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဆောင်းပါး

ဟောလိုးဝင်းဒေးမရောက်ခင် နှစ်ပတ်လောက်အလို အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့်နေ့မှာ ဘုတလင်မြို့နယ်က စီပါရွာမှာ ဖြစ်သွားခဲ့တဲ့ မြင်ကွင်းတစ်ခုကတော့ ကမ္ဘာပေါ်က ဘယ်ဟောလိုးဝင်းမြင်ကွင်းမှ မီနိုင်မယ်မထင်ပါဘူး။