close
Connect with us

Hi, what are you looking for?

သတင်း

ထိုင်း အလှပြင်ဆိုင် တစ်ခုမှာ တရားမဝင် အလုပ်လုပ်နေတယ်ဆိုပြီး မြန်မာ ၅ ဦး အဖမ်းခံရ

အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ဟာ ဆူရတ်ဌာနီ ပြည်နယ်ထဲက ခိုဆမွိုင်မြို့မှာ နိုဝင်ဘာ ၈ ရက်နေ့တုန်းက ထိုင်း ကမ္ဘာလှည့်ခရီးသွား ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။

(မြန်မာ ၅ ဦးဖမ်းဆီးခံခဲ့ရတဲ့ အလှပြင်ဆိုင်)
(မြန်မာ ၅ ဦးဖမ်းဆီးခံခဲ့ရတဲ့ အလှပြင်ဆိုင်)

-People’s Spring

အလှပြင်ဆိုင် တစ်ခုမှာ တရားမဝင် အလုပ်လုပ်မှုနဲ့ မြန်မာနိုင်ငံသား ၅ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ဟာ ဆူရတ်ဌာနီ ပြည်နယ်ထဲက ခိုဆမွိုင်မြို့မှာ နိုဝင်ဘာ ၈ ရက်နေ့တုန်းက ထိုင်း ကမ္ဘာလှည့်ခရီးသွား ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။

သူတို့ဟာ ကမ္ဘာလှည့် ခရီးသွားတွေကြား ရေပန်းစားရာ ကျွန်းပေါ်က Perfect nails ဆိုတဲ့လက်သည်း နဲ့ အလှအပ ဝန်ဆောင်မှု ပေးတဲ့ဆိုင်မှာ တရားမဝင် အလုပ်လုပ်နေကြတယ်ဆိုပြီး ဖမ်းဆီးခံရတာပါ။

Public Service Announcement

Public Service Announcement

ထိုင်းမှာ တချို့သော အလုပ်အကိုင်တွေဟာ ဝန်ထမ်းခန့်အပ်မှုနဲ့ ပတ်သက်လို့ လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ ဥပဒေတွေကို တိကျစွာ လိုက်နာဖို့ လိုပေမယ့် အဲဒီ မြန်မာ ၅ ယောက်က ချိုးဖောက်ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။ ထိုင်းမှာ မြန်မာ အလုပ်သမား​တွေကို သတ်မှတ်ထားတဲ့ အလုပ်​တွေမှာသာလုပ်ခွင့်ပြုပြီး ကျန်အလုပ်​တွေလုပ်ရင် တရားမဝင်လုပ်တယ်ဆိုပြီး ဖမ်းဆီး​လေ့ရှိပါတယ် ။မြန်မာ အလုပ်သမား​တွေတရားဝင်လုပ်ခွင့်ပြုထားတဲ့ အလုပ်​တွေဟာ အလုပ်ကြမ်း​တွေများပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ နိုင်ငံအနှံ့မှာ တရားမဝင် ရွှေ့ပြောင်း အလုပ်လုပ်သူတွေကို ရှာဖွေဖော်ထုတ် ဖြိုခွင်းဖို့ စီမံချက် ချမှတ် အကောင်အထည် ဖော်နေပြီး အခုဖမ်းဆီးမှုကလည်း အဲဒီ အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

အာဏာပိုင်တွေက မြန်မာ ၅ ယောက်ဟာ ထိုင်းနိုင်ငံကို တရားမဝင် လမ်းကြောင်းကနေ ခိုးဝင်လာတာလို့ စစ်ဆေး တွေ့ရှိထားကြောင်း လည်းပြောကြားခဲ့ပြီး ထိုင်းနိုင်ငံရဲ့ ဥပဒေတွေနဲ့အညီ စစ်ဆေး အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဇွန်လ ၅ ရက်နေ့ကနေ အောက်တိုဘာ ၂ ရက်ထိ အတောအတွင်း ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်နေတဲ့ နိုင်ငံခြားသား ၂၀၀၀ ကျော်ကို ဖမ်းဆီးထားပြီး ဖြစ်တယ်လို့ အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

လက်ရှိတွင် စစ်ကောင်စီက နေရပ်ပြန်ပို့ခံရသူများအနက် လူငယ်များအား ရွေးထုတ်ပြီး စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ဆောင်နေခြင်း ဖြစ်သည်။

သတင်း

ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုင်းနိုင်ငံရောက် မြန်မာတွေရဲ့ အချက်အလက်တွေ မျှဝေပေးဖို့ တောင်းခံခဲ့ကြောင်း ထိုင်းသတင်းဌာန Thai Enquirerက ဖော်ပြခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံက တောအုပ်တစ်ခုထဲမှာ ကလေးတွေ အပါအဝင် မြန်မာနိုင်ငံသား ၉ ဦးကို လူမှောင်ခိုသမားတွေက စွန့်ပစ်ထားခဲ့ကြောင်း သိရပါတယ်။

သတင်း

အစိုးရက NSCရဲ့ အဆိုပြုချက်ကို လက်ခံပေးပြီးတဲ့နောက် ရက်ပေါင်း ၃၀ ကနေ ၆၀ အတွင်း သတ်မှတ် လုပ်ထုံးလုပ်နည်း အစီအမံတွေကို ရေးဆွဲ ကြေညာပေးဖို့ ပြည်ထဲရေး ဝန်ကြီးဌာနကို တာဝန် အပ်နှင်းခဲ့ပါတယ်။

Facebook