close
Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မြို့နယ်တွင် တိုက်ပွဲဖြစ်

စစ်ကောင်စီစစ်ကြောင်းကြောင့် ဘုတလင်မြို့ပေါ်ရပ်ကွက်များနှင့် ပဲပြစ်တောရွာအပါအဝင် ဖိုကုန်း၊စီပါ၊မွန်အို၊ညောင်ကန် စိုင်းပြင်လေးနှင့် ဘေးပတ်ဝန်းကျင်ရွာများမှဒေသခံတစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်။

(စက်တင်ဘာ လကုန်ပိုင်းတွင် စစ်​​ကောင်စီတပ် စစ်​ကြောင်းတ​ကြောင်းလုံးပြုတ်​အောင် PDF ပူး​ပေါင်းတပ်များက တိုက်ခိုက်ပြီး​နောက် စစ်သုံ့ပန်းများကို PDF များကဖမ်းဆီးထားစဥ်။ဓါတ်ပုံ-CJ)
(စက်တင်ဘာ လကုန်ပိုင်းတွင် စစ်​​ကောင်စီတပ် စစ်​ကြောင်းတ​ကြောင်းလုံးပြုတ်​အောင် PDF ပူး​ပေါင်းတပ်များက တိုက်ခိုက်ပြီး​နောက် စစ်သုံ့ပန်းများကို PDF များကဖမ်းဆီးထားစဥ်။ဓါတ်ပုံ-CJ)

ဇော်ရမ်း/People’s Spring

ဘုတလင်မြို့နယ်အတွင်း အင်အားဖြည့်ထားသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ယနေ့ နံနက် တိုက်ပွဲဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

“ဘုတလင်ရဲ့အရှေ့ဘက်ကို စစ်ကြောင်းထွက်လာတာ။ ဒီမနက် တိုက်ပွဲ စဖြစ်နေတယ်” ဟု ကာကွယ်ရေးရဲတပ်ဖွဲ့ဝင်တဦးကပြောသည်။

တိုက်ပွဲအသေးစိတ်အခြေအနေကိုမသိရသေးဘဲ စစ်ကောင်စီက လေကြောင်းမှ ကင်းပတ်နေကြောင်း ​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းစစ်ကြောင်းသည်အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ အောက်တိုဘာလပထမလပတ်ထဲတွင် ဘုတလင်မြို့သို့ဝင်ရောက်လာပြီး စစ်ကြောင်းထိုးခဲ့သည်။ ‌အောက်တိုဘာလ၁၂ရက်၊ ၁၃ရက်နှင့် ၁၈ရက်တွင် ဗန္ဓုလကွက်သစ်ရပ်ကွက်၊မြောက်ပြင်ရပ်နှင့်စီပါရွာကိုစီးနင်းပြီး ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခဲ့ရာ ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ဒေသခံ စုစုပေါင်း ၂၄ဦး သေဆုံးခဲ့သည်။ ထို့ပြင် အရပ်သား ၉၀ ဦးခန့်ကို ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် ပြုလုပ်ထား​ကြောင်းသိရသည်။

စစ်​ကောင်စီ၏ မူလစစ်ကြောင်း၌ အင်အား ၁၀၀ ခန့်ရှိပြီးအောက်တိုဘာလ၂၅ရက်နံနက်ပိုင်းတွင် နမခမှ နောက်ထပ် ကားငါးစီးလိုက်လာကာ လက်နက်ခဲယမ်းများနှင့် လူအင်အား ထပ်ဖြည့်ထားသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ဘုတလင်မြို့ပေါ်ရပ်ကွက်များနှင့် ပဲပြစ်တောရွာအပါအဝင် ဖိုကုန်း၊စီပါ၊မွန်အို၊ညောင်ကန် စိုင်းပြင်လေးနှင့် ဘေးပတ်ဝန်းကျင်ရွာများမှဒေသခံတစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဘုတလင်မြို့နယ်တွင် ပြီးခဲ့သည့်စက်တင်ဘာလ၃၁ရက်နေ့က အင်အား ၈၅ ဦးပါ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်​ကြောင်းတ​ကြောင်းလုံးပြုတ်​အောင်တိုက်ခိုက် ချေမှုန်းခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်ဒေသခံ အချို့ကလည်း မူဆယ်မြို့အနီး၌ ပစ်ခတ်မှုများရှိနေကြောင်း ယနေ့နံနက်တွင် လူမှုကွန်ရက်မှ တဆင့် အသိပေးထားသည်။

ဆောင်းပါး

ဟောလိုးဝင်းဒေးမရောက်ခင် နှစ်ပတ်လောက်အလို အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့်နေ့မှာ ဘုတလင်မြို့နယ်က စီပါရွာမှာ ဖြစ်သွားခဲ့တဲ့ မြင်ကွင်းတစ်ခုကတော့ ကမ္ဘာပေါ်က ဘယ်ဟောလိုးဝင်းမြင်ကွင်းမှ မီနိုင်မယ်မထင်ပါဘူး။

သတင်း

ခေါပုတ်တပ်စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း KNUက ပြန်လည်ဖမ်းဆီးနိုင်မည့် အခြေအနေရှိသည်ဟု ပြောသည်။

သတင်း

စဥ့်ကူးမြို့ကို ဇူလိုင် ၁၇ ရက်က သိမ်းပိုက်နိုင်ခဲ့စဥ် စစ်ကိုင်းတိုင်း၌ အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် ဘီလူးစစ်ကြောင်းကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

Trending

Facebook