close
Connect with us

Hi, what are you looking for?

သတင်း

တောင်ကုတ်နှင့် ဂွမြို့နယ်ကို စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီးဖြင့်တိုက်ခိုက်၍ အရပ်သား ၁၁ဦးသေဆုံး

တောင်ကုတ်မြို့နယ်၊ ရန်ခိုကျေးရွာကို နိုဝင်ဘာ ၁၄ ရက် နံနက် ၃ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ပြီးနောက် လက်နက်ကြီးဖြင့်ပစ်ရာ အရပ်သား ၄ ဦးသေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

(ပြီးခဲ့သည့် ဩဂုတ်လက လေကြောင်းတိုက်ခိုက်ခံရသည့် တောင်ကုတ်မြို့နယ်က နေအိမ်တစ်လုံးအား တွေ့ရစဉ်။ ဓာတ်ပုံ - Dwayarwad Community Base News Agency)
(ပြီးခဲ့သည့် ဩဂုတ်လက လေကြောင်းတိုက်ခိုက်ခံရသည့် တောင်ကုတ်မြို့နယ်က နေအိမ်တစ်လုံးအား တွေ့ရစဉ်။ ဓာတ်ပုံ - Dwayarwad Community Base News Agency)

အိမ်သွင်/People’s Spring

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ် တောင်ကုတ်နှင့် ဂွမြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်၍ ကလေးငယ်အချို့အပါအဝင် အရပ်သား ၁၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်။

တောင်ကုတ်မြို့နယ်၊ ရန်ခိုကျေးရွာကို နိုဝင်ဘာ ၁၄ ရက် နံနက် ၃ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ပြီးနောက် လက်နက်ကြီးဖြင့်ပစ်ရာ အရပ်သား ၄ ဦးသေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

တောင်ကုတ်မြို့တွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၅) ၊ခမရ (၃၄၆)နှင့် ခမရ (၅၄၄) တပ်ရင်းတို့ရှိပြီး ယမန့်‌က တိုက်ခိုက်မှုအတွင်း ခမရ (၅၄၄)တပ်ရင်းမှလည်း ဒရုန်းဖြင့် ဗုံးကြဲကာ လက်နက်ကြီးဖြင့်လည်း ပစ်ခတ်ခြင်းဟု ‌အဆိုပါ ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဂွမြို့နယ် ဂျိုင်ကောက်ကျေးရွာကိုလည်း နိုဝင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ က‌လေးငယ်နှစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ သေဆုံးများမှာ အမျိုးသမီးသုံးဦးနှင့် အမျိုးသားလေးဦးဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲပြင်းထန်နေ၍ ဒေသခံအများအပြားသည် ဂွမြို့နယ်ဆက်စပ်နေသော ဧရာဝတီတိုင်းအတွင်းမြို့နယ်အချို့တွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်။ စစ်ဘေးရှောင်လာသူများကို စစ်ကောင်စီ၏ ဌာနဝန်ထမ်းများက စစ်ဆေးမှုများ၊ ငွေကြေးတောင်းခံမှုများနှင့် ခြိမ်းခြောက်ဖမ်းဆီးမှုများရှိနေသည်ဟု သတင်းရရှိသည်။။

စစ်ကောင်စီသည် လတ်တလော၌ တောင်ကုတ်မြို့ကို လေကြောင်းတိုက်ခိုက်မှု မကြာခဏပြုလုပ်နေပြီး အောက်တိုဘာ ၄ရက်က တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားလေးဦး သေဆုံးခဲ့သေးသည်။

ထို့အပြင် အမ်းမြို့နယ်တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး ပြီးခဲ့သည့်အောက်တိုဘာ ၂၈ရက်နှင့်၂၉ရက်က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၀ဦးထက်မနည်းသေဆုံးခဲ့သည်ဟု သတင်းရရှိသည်။

လက်ရှိတွင် အမ်း၊ တောင်ဂုတ်၊ဂွနှင့်မောင်တော မြို့တို့၌ တိုက်ပွဲပြင်းထန်နေပြီး အပြီးသတ်သိမ်းယူနိုင်ရန် လက်တကမ်းအကွာသို့ရောက်နေပြီဟု အာရက္ခတပ်တော် (AA)က နိုဝင်ဘာလ ၁၃ရက်တွင်အသိပေး ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

သေဆုံးသူများတွင် ကလေးငယ်များပါဝင် ကြောင်း သတင်းရင်းမြစ်က ပြောပြီး အရေအတွက် အသေးစိတ် အခြေအနေစုံစမ်းနေဆဲဖြစ်သည်။

သတင်း

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းစာရင်းကိုမူ အသိပေးခြင်းမရှိသေးဘဲ ထုတ်ပြန်သည့် ဓာတ်ပုံတွင်မူ သေနတ် ၃ လက်ကိုတွေ့ရှိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ်များသည် အောက်တိုဘာ ၁၈ရက်ကလည်း ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်ရှိ စွယ်တော်ကုန်း အမြောက်တပ်ကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး၊ လက်နက်ငယ်များ သိမ်ပိုက်ရရှိခဲ့သည်။

သတင်း

ဖျက်ဆီးခံရသည့်အဆောက်အအုံများတွင် ကျောက်တော်မြို့ရှိ လျှပ်စစ်တာပေးစက်ရုံ၊ မြောက်ဦးမြို့ရှိ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်အဆောက်အအုံ၊ မောင်တောမြို့ရှိ ကုလအဆောက်အအုံများဖြစ်သော WFPရုံး၊ UNHCR ရုံး၊ICRCရုံးနှင့် နယ်စည်းမခြားဆရာဝန်များရုံးတို့လည်း ပါဝင်ခဲ့သည်။