close
Connect with us

Hi, what are you looking for?

သတင်း

ဆင်ဖြူကျွန်းတွင် ဆုတ်လေဦးစစ်ကောင်စီကင်းစခန်းအား PDFများတိုက်ခိုက်သိမ်းပိုက်

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းစာရင်းကိုမူ အသိပေးခြင်းမရှိသေးဘဲ ထုတ်ပြန်သည့် ဓာတ်ပုံတွင်မူ သေနတ် ၃ လက်ကိုတွေ့ရှိရသည်။

(မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်းမှရဲဘော်များအား သိမ်းဆည်းရမိသော လက်နက်အချိုနှင့်အတူ တွေ့ရစဥ်။ဓာတ်ပုံ-မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်း)
(မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်းမှရဲဘော်များအား သိမ်းဆည်းရမိသော လက်နက်အချိုနှင့်အတူ တွေ့ရစဥ်။ဓာတ်ပုံ-မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်း)

​ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီး ဆုတ်လေဦးလမ်းဆုံရှိ စစ်ကောင်စီကင်းစခန်းအား တော်လှန်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။

ယနေ့(နိုဝင်ဘာ ၁၅ ရက်) နံနက် ၅ နာရီခွဲခန့်က စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီး၊ ဆုတ်လေဦးလမ်း​ဆုံရှိ စစ်ကောင်စီအထိုင်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှုများပြားပြီး လက်နက်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။

“အများကြီး မပစ်လိုက်ရဘူး ကျွန်တော်တို့။ မိနစ်ပိုင်းပဲ ပစ်လိုက်ရတယ်။ အလံဖြူထောင်တဲ့ကောင်ကထောင်တယ်။ သေနတ်ထားပြီး ဆုတ်ပြေးတဲ့ကောင်တွေက ပြေးတယ်။ လောလောဆယ်တော့ အလောင်းတစ်လောင်းနဲ့ လက်နက်ပစ္စည်းအချို့ ရထားတယ်။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထို စခန်းမှထွက်​ပြေး​သော စစ်​ကောင်စီတပ်ဖွဲ့ဝင်များသည် ဆင်ဖြူကျွန်းရဲစခန်းသို့ ​ဆုတ်ခွာသွားကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းစာရင်းကိုမူ အသိပေးခြင်းမရှိသေးဘဲ ထုတ်ပြန်သည့် ဓာတ်ပုံတွင်မူ သေနတ် ၃ လက်ကိုတွေ့ရှိရသည်။

ထိုစစ်ဆင်ရေးကို မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်းက ဦးဆောင်ကာ မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်း၊မိုးကြိုးပျောက်ကြားတပ်ဖွဲ့၊ဒေါင်းစစ်အောင်(LPDF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၂၀ ရက်ကလည်း ယခုသိမ်းပိုက်ခံရသည့် ဆုတ်လေဦးကင်းစခန်းနှင့် လင်းဇင်းရဲစခန်းကို မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်းနှင့် တော်လှန်ရေးအဖွဲ့များ တပြိုင်နက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီထောက်ခံသူများက တစ်အိမ်တည်းကျေးရွာဘက်မှ ပစ်ခတ်သည်ဟု စွပ်စွဲပြီး ပြန်လည်တိုက်ခိုက်ရန် ရေးသားခဲ့ပြီး နောက်တစ်ရက်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သတင်း

သေဆုံးသူများတွင် ကလေးငယ်များပါဝင် ကြောင်း သတင်းရင်းမြစ်က ပြောပြီး အရေအတွက် အသေးစိတ် အခြေအနေစုံစမ်းနေဆဲဖြစ်သည်။

သတင်း

တောင်ကုတ်မြို့နယ်၊ ရန်ခိုကျေးရွာကို နိုဝင်ဘာ ၁၄ ရက် နံနက် ၃ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ပြီးနောက် လက်နက်ကြီးဖြင့်ပစ်ရာ အရပ်သား ၄ ဦးသေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ်များသည် အောက်တိုဘာ ၁၈ရက်ကလည်း ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်ရှိ စွယ်တော်ကုန်း အမြောက်တပ်ကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး၊ လက်နက်ငယ်များ သိမ်ပိုက်ရရှိခဲ့သည်။