close
Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း၌ ဓားစာခံအမျိုးသမီးအချို့ အဓမ္မပြုကျင့်ခံရ

စက်တင်ဘာ ၃၁ရက်က အင်အား ၈၅ဦးပါ စစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက် ချေမှုန်းခံရပြီးနောက် နမခမှ ဝင်ရောက်လာခြင်းဖြစ်သည်။

(ဘုတလင်မြို့နယ် တိုက်ပွဲအတွင်း ဖမ်းမိထားသည့် စစ်သုံ့ပန်းများကို ၂၀၂၄ စက်တင်ဘာ ၃၀ ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - ထူးခန့်ဇော်)
(ဘုတလင်မြို့နယ် တိုက်ပွဲအတွင်း ဖမ်းမိထားသည့် စစ်သုံ့ပန်းများကို ၂၀၂၄ စက်တင်ဘာ ၃၀ ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - ထူးခန့်ဇော်)

အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့်အရပ်သားများမှ အမျိုးသမီးငယ်အချို့ကို အဓမ္မပြုကျင့်မှုများကျူးလွန်နေကြောင်း ဒေသခံများက ပြောသည်။

အင်အား၁၀၀ခန့်ရှိ အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့်အောက်တိုဘာဆန်းမှစ၍ ဘူးတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးရာတွင် အမျိုးသမီးငယ်များအပါအဝင် ပြည်သူ ၇၀ခန့်ကို ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

” အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေရှိတယ်။ တချို့ကို ဖိအားပေးပြီးပေါင်းသင်းခိုင်းတယ်။ အိမ်ထောင်သည်အမျိုးသမီးတွေလည်းပါတယ်ဗျ။ ဒီဖြစ်ရပ်တွေက နောက်ဆက်တွဲပြဿနာတွေအများကြီးရှိနေတယ်”ဟု ဘုတလင်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးထားသူများအနက် အချို့သည် ယခုရက်ပိုင်းအတွင်း ထွက်ပြေးလွတ်မြောက်လာကြစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကျူးလွန်မှုများကို အခြားသူများ သိရှိကြခြင်းဖြစ်သည်။

” အဆိုးဆုံးက စစ်ကြောင်းနောက်လိုက်ခိုင်းပြီး ပေါင်းသင်းခိုင်းနေတာဗျ။ မိန်းကလေးတွေက အသတ်ခံရမှာဆိုးတော့ မငြင်းဆန်ရဲဘူး။ အခုပြန်လွတ်လာသူတွေလည်း မျက်ရည်နဲ့မျက်ခွက်ပဲ”ဟု ဘုတလင်မြို့နယ်မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယင်းစစ်ကြောင်းသည်အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ အောက်တိုဘာ ပထမပတ်အတွင်းက ဘုတလင်မြို့နယ်သို့ဝင်ရောက်လာပြီး စတင်စစ်ကြောင်းထိုးခဲ့သည်။ ‌

စက်တင်ဘာ ၃၁ရက်က အင်အား ၈၅ဦးပါ စစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက် ချေမှုန်းခံရပြီးနောက် နမခမှ ဝင်ရောက်လာခြင်းဖြစ်သည်။

အောက်တိုဘာ ၁၂ရက်၊ ၁၃ရက်နှင့် ၁၈ရက်တွင် ဗန္ဓုလကွက်သစ်ရပ်ကွက်၊မြောက်ပြင်ရပ်နှင့် စီပါကျေးရွာတို့ကိုစီးနင်းပြီး ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခဲ့ရာ ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ဒေသခံ စုစုပေါင်း ၂၄ဦး သေဆုံးခဲ့သည်။

မူလစစ်ကြောင်းတွင် အင်အား ၁၀၀ခန့်ရှိပြီးအောက်တိုဘာ ၂၅ရက်နံနက်ပိုင်းတွင် နမခမှ နောက်ထပ် ကားငါးစီးဖြင့် လက်နက်ခဲယမ်းများနှင့် လူအင်အား ထပ်ဖြည့်ထားပြီး ဆက်လက် စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

ဘုတလင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီက ဒေသခံပြည်သူများအား ဦးခေါင်းနှင့်ကိုယ်ခန္ဓာများ ခုတ်ထစ် သဖြတ်တောက်ထားသည့်ဖြစ်စဉ်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက အောက်တိုဘာ ၂၉ ရက်တွင်ပြုလုပ်ခဲ့သည့်(၇၉ )ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ တင်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လေကြောင်းတိုက်ခိုက်မှုကြောင့် ဇဂျမ်းအုပ်စု၊ ကျောင်းအိုကျေးရွာရှိ နေအိမ် ၂လုံးပျက်စီးပြီး နွားတစ်ကောင်သေဆုံးကာ ပြည်သူထိခိုက်မရှိကြောင်းသိရသည်။

သတင်း

​ ပုလဲမြို့​ပေါ်တွင် တိုက်ပွဲများပြင်းထန်​နေဆဲဖြစ်ပြီးစစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်​နေသလို ရဟတ်ယာဉ်ဖြင့် စစ်ကူများပို့ဆောင်နေကြောင်း ဒေသခံအချို့ကပြောသည်။

သတင်း

စစ်ကောင်စီကို ထောက်ခံအားပေးနေသည့် ရန်အောင်အပြင် ကျန်ရှိအနုပညာရှင်များကိုလည်း သတိပေးသည့်အနေဖြင့် ဖောက်ခွဲခြင်းဖြစ်ကြောင်း Dark Shadow တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

သတင်း

မုန်းမြို့နယ်တွင်မူ စစ်ကောင်စီ၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် အသက် ၂၀နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးသေဆုံးခဲ့သည်ဟု KNUက ထုတ်ပြန်သည်။