close
Connect with us

Hi, what are you looking for?

သတင်း

နှစ် ၇၀ ကြာ တပ်စွဲထားတဲ့ ဖာပွန်က ကူးဆိပ် စခန်း ကို KNU သိမ်းယူ

စခန်းသိမ်းပြီးနောက် စစ်ကောင်စီလေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ပေမယ့် ပူးပေါင်းတပ်ဘက်က အထိအခိုက်မရှိဘူးလို့လည်း ပြောပါတယ်။

နှစ် ၇၀ ကြာ တပ်စွဲထားတဲ့ ဖာပွန်က ကူးဆိပ် စခန်း ကို KNU သိမ်းယူ
နှစ် ၇၀ ကြာ တပ်စွဲထားတဲ့ ဖာပွန်က ကူးဆိပ် စခန်း ကို KNU သိမ်းယူ

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ဖာပွန်မြို့အနီးက စစ်ကောင်စီတပ်ရဲ့ ကူးဆိပ်စခန်းကို KNU တပ်မဟာ(၅) နဲ့ ပူးပေါင်းတပ်တွေ နိုဝင်ဘာလ ၉ ရက်က တိုက်ခိုက်သိမ်းယူလိုက်တယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက အတည်ပြုပါတယ်။

ဖာပွန်မြို့ တောင်ဘက် ၇ မိုင်ခန့်အကွာမှာ ဖာပွန် – ကတိုင်တိ – ကမမောင်းကားလမ်းပေါ်က ကူးဆိပ် စခန်းကို နိုဝင်ဘာလ ၆ ရက် မနက် ၈ နာရီမှာ KNU နဲ့ ပူးပေါင်းတပ် က စတင်တိုက်ခိုက်ပြီး နိုဝင်ဘာလ ၉ ရက် ညနေပိုင်း စခန်းသိမ်းနိုင်ခဲ့တာပါ။

ကူးဆိပ်တပ်စခန်းက ၁၉၅၄ – ၅၅ ခုနစ်တွေကတည်းက စစ်တပ်က နေရာယူ တပ်စွဲထားခဲ့တဲ့ သက်တမ်းရင့် စခန်း ဖြစ်တယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစခန်းသိမ်းတိုက်ပွဲမှာစစ်သား ရုပ်အလောင်း ၈ လောင်းတွေ့ရပြီး ပခုံးထမ်း အာပီဂျီ ၃ လက်နဲ့ အခြားသော လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့သိရပါတယ်။

စခန်းသိမ်းပြီးနောက် စစ်ကောင်စီလေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ပေမယ့် ပူးပေါင်းတပ်ဘက်က အထိအခိုက်မရှိဘူးလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ လအတွင်းကလည်း ဖာပွန်မြို့အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်အကွာ မှာ တည်ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ ခေါပုတ်စခန်းကို KNU ပူးပေါင်းတပ်က သိမ်းနိုင်ခဲ့ပါသေးတယ်။

အခု ကူးဆိပ်စခန်းကို သိမ်းယူလိုက်ပေမယ့် ဖာပွန်-ကတိုင်တိ-ကမမောင်း ကားလမ်းမပေါ်မှာ မထော၊ တောင်သုံးလုံး၊ ကတိုင်တိ၊ ကမမောင်းဗျူဟာ၊ BGF တပ်စခန်းတွေ ရှိနေသလို ဖာပွန်မြို့အနီးမှာလည်း အခြေချ စစ်ဗျုဟာကျန် ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

KNU၏ လက်ရှိသွားနေသည့် နိုင်ငံရေး၊ စစ်ရေး လမ်းစဥ်များအပေါ် ပြည်သူလူထုပိုမိုသိရှိနားလည်စေရန် ဆရာစောကပီမှ ကရင်ဘာသာဖြင့် ရှင်းပြချက်ကို KNUဗဟိုက ယနေ့ (နိုဝင်ဘာ ၈ရက်)တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

အာဆီယံ ဘုံသဘောတူညီချက် ၅ရက်အနက် အရေးပါသည့် အချက်သုံးချက်မှာ အကြမ်းဖက်မှုတွေလျှော့ချရန်၊ အားလုံးပါဝင်သော ဆွေးနွေးပွဲ၊ လူသားချင်းစာနာမှုအကူအညီ ပေးအပ်ရန်တို့ဖြစ်ကြောင်း ပဒိုစောတာဒိုမူးက ပြောသည်။

သတင်း

NUGနှင့် မဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့များ ယခုနှစ် ဇန်နဝါရီ ၃၁ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည့် နိုင်ငံရေးသဘောတူညီချက်၌ ဘုံနိုင်ငံရေးဦးတည်ချက် ၆ချက်ရှိကြောင်း ပဒိုတာဒိုမူးက အသိပေးထားသည်။

သတင်း

တိုက်ပွဲအတွင်း မဟာမိတ်ဗမာအမျိုးသားလွတ်မြောက်ရေးတပ်တော်(BPLA)မှစစ်သည်တော်တစ်ဦး ကျဆုံးခဲ့ဟုလည်း KNU တပ်မဟာ(၅)က ထုတ်ပြန်သည်။

Facebook