close
Connect with us

Hi, what are you looking for?

သတင်း

တောင်ပိုင်းစစ်ဒေသနယ်မြေတွင် အောက်တိုဘာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၉၀ကျော်သေ

တော်လှန်ရေးပူးပေါင်းတပ်များသည် အောက်တိုဘာ ၁၈ရက်ကလည်း ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်ရှိ စွယ်တော်ကုန်း အမြောက်တပ်ကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး၊ လက်နက်ငယ်များ သိမ်ပိုက်ရရှိခဲ့သည်။

(ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်ရှိ စွယ်တော်ကုန်းအမြောက်တပ်မှ သိမ်းရသော လက်နက်ကြီး၊ လက်နက်ငယ်များနှင့် တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ - ကော်ဘရာ)
(ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်ရှိ စွယ်တော်ကုန်းအမြောက်တပ်မှ သိမ်းရသော လက်နက်ကြီး၊ လက်နက်ငယ်များနှင့် တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ - ကော်ဘရာ)

◾️PDF/KNLA ပူးပေါင်းတပ်မှ ရဲဘော် ၁၃ဦးကျဆုံး ၆၀ကျော်ဒဏ်ရာရဟု အသိပေး

ဟန်နွေ/People’s Spring

ကရင်၊ မွန်၊ပဲခူး ဒေသများ ပါဝင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ တောင်ပိုင်းစစ်ဒေသနယ်မြေ အောက်တိုဘာအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက် ၄၀ကျော်သိမ်းရခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ယနေ့(နိုဝင်ဘာ ၁၄ရက်) ထုတ်ပြန်သည်။

တောင်ပိုင်းစစ်ဒေသတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ စခန်းသိမ်းတိုက်ပွဲ (၄)ကြိမ်အပါအဝင် ထိတွေ့တိုက်ပွဲပေါင်း (၆၈)ကြိမ် ရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီ သတင်းပေးထောက်တိုင်များ ရှင်းလင်းတိုက်ခိုက်မှု (၈)ကြိမ်၊ ရန်သူ့စခန်းများ စစ်ကြောင်းများကို ဒရုန်းဖြင့်တိုက်ခိုက်မှု (၅၇)ကြိမ်၊ စစ်ကောင်စီစစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်မှု (၂၁) ကြိမ်နှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု၊ မိုင်းဆွဲတိုက်ခိုက်မှု၊ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှုများစွာကို ဖော်ဆောင်ခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၉၄ဦး သေဆုံးကာ ၁၀၈ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့ပါဝင်သည့် ပူးပေါင်းတပ်မှ ရဲဘော် ၁၃ဦးကျဆုံးကာ ၆၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းတိုက်ပွဲတစ်ခုအတွင်း အလံဖြူပြအလင်းဝင်လာသူ (၁၇) ဦးကိုလည်း စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားလျက်ရှိသည်ဟု ဆိုသည်။ အောက်တိုဘာလကုန်ပိုင်းက KNLA တပ်မဟာ(၅) ပူးပေါင်းတပ်များသည် ဖာပွန်ခရိုင် ခေါပုတ်စခန်းအား အပြီးသတ် သိမ်းပိုက်စဉ် ထွက်ပြေးလွတ်မြောက်သွားသူများအား လိုက်လံဖမ်းဆီးရာ ဗိုလ်ကြီး ၃ဦး အပါအဝင် ၁၇ဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးပူးပေါင်းတပ်များသည် အောက်တိုဘာ ၁၈ရက်ကလည်း ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်ရှိ စွယ်တော်ကုန်း အမြောက်တပ်ကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး၊ လက်နက်ငယ်များ သိမ်ပိုက်ရရှိခဲ့သည်။

ထို့အပြင် စစ်ကောင်စီထံမှ လက်နက်ကြီး (၈) လက်၊ လက်နက်ငယ် (၃၉)လက် နှင့် ခဲယမ်းများ၊ လက်ပစ်ဗုံးများ၊ နင်းမိုင်းနှင့် ဆွဲမိုင်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း တောင်ပိုင်း စစ်ဒေသက ထုတ်ပြန်သည်။ ထို့ပြင် တော်လှန်ရေးပူးပေါင်းတပ်ဘက်မှလည်း လက်နက်ခဲယမ်းပျက်စီးမှု အနည်းငယ်ရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဗုံးသီးများ ကျဲချခြင်း၊ လက်နက်ကြီးဖြင့် နေ့စဥ်ရမ်းသန်းပစ်ခတ်ခြင်း၊ လေကြောင်းမှတိုက်ခိုက်ခြင်းနှင့် ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် အောက်တိုဘာလအတွင်း အပြစ်မဲ့ပြည်သူ (၈)ဦး သေဆုံးပြီး (၄၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက အသိပေးသည်။

ထို့အပြင် ပြည်သူ ၂၂၉ ဦး မတရား ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။ စစ်ကောင်စီတပ်က မတရားစစ်မှုထမ်းခိုင်းရန် လူသစ်စု အဓမ္မဖမ်းဆီးမှုများကို တောင်ပိုင်းစစ်ဒေသက လစဉ် အသိပေးထုတ်ပြန်လျက်ရှိသည်။

အောက်တိုဘာတိုက်ပွဲများတွင် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ LDF များ၊ KNLA,KNDO၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်(AD)ပူးပေါင်းတပ်ဖွဲ့များနှင့် ဒရုန်းပူးပေါင်းတပ်ဖွဲ့များ ဟန်ချက်ညီညီ ပူးပေါင်း စစ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကုတ်မြို့နယ်၊ ရန်ခိုကျေးရွာကို နိုဝင်ဘာ ၁၄ ရက် နံနက် ၃ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ပြီးနောက် လက်နက်ကြီးဖြင့်ပစ်ရာ အရပ်သား ၄ ဦးသေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

သတင်း

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းစာရင်းကိုမူ အသိပေးခြင်းမရှိသေးဘဲ ထုတ်ပြန်သည့် ဓာတ်ပုံတွင်မူ သေနတ် ၃ လက်ကိုတွေ့ရှိရသည်။

သတင်း

ဖျက်ဆီးခံရသည့်အဆောက်အအုံများတွင် ကျောက်တော်မြို့ရှိ လျှပ်စစ်တာပေးစက်ရုံ၊ မြောက်ဦးမြို့ရှိ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်အဆောက်အအုံ၊ မောင်တောမြို့ရှိ ကုလအဆောက်အအုံများဖြစ်သော WFPရုံး၊ UNHCR ရုံး၊ICRCရုံးနှင့် နယ်စည်းမခြားဆရာဝန်များရုံးတို့လည်း ပါဝင်ခဲ့သည်။

သတင်း

အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံများသည် အာဆီယံကို ဗဟိုထားကာ အာဆီယံဦးဆောင်မှုနောက်မှ လိုက်ပါလုပ်ဆောင်နေခြင်းမှာလည်း မြန်မာ့အရေးကို လက်ရှောင်လိုက်ခြင်းဖြစ်သည်ဟု မသဥ္ဇာရွှန်းလဲ့ရည်က ရှုမြင်သည်။