close
Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မြို့နယ်တွင် စစ်ရှောင်ပြည်သူငါးဦး မြွေကိုက်ခံရ၊ နှစ်ဦးသေဆုံး

ဒေသခံပြည်သူ ၂၆ ဦးသတ်ဖြတ် ခံထားရပြီး ကျေးရွာ ၈ ရွာမှ နေအိမ် ၅၀၀ကျော် မီးရှို့ဖျက်ဆီးခံထားရသည်။

(ဘုတလင်မြို့နယ်အတွင်း ဒေသခံပြည်သူများ စစ်ရှောင်နေကြသည်ကို တွေ့ရစဥ်။ဓာတ်ပုံ - S&C)
(ဘုတလင်မြို့နယ်အတွင်း ဒေသခံပြည်သူများ စစ်ရှောင်နေကြသည်ကို တွေ့ရစဥ်။ဓာတ်ပုံ - S&C)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ရှောင် ပြည်သူ ငါးဦး မြွေကိုက်ခံရပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာနှင့် နိုဝင်ဘာအတွင်း ဘုတလင်မြို့နယ်ရှိ စစ်ရှောင်ပြည်သူ ငါးဦး မြွေကိုက်ခံခဲ့ရပြီး အချန်မီဆေးကုသမှုပေးခဲ့သော်လည်း နှစ်ဦးသေဆုံးခဲ့ကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ထောက်ပံ့ကူညီရေးအဖွဲ့မှ ကိုစိုးမိုးအောင်က ပြောသည်။

“သီးနှံသိမ်းချိန်လည်း ရောက်တော့မှာဆိုတော့ ပိုးထိလူနာက ထပ်ပြီးများလာနိုင်တယ်။ အခုလည်း ဘုတလင်မှာ ပိုးထိလူနာတွေများနေတယ်။”ဟု ကိုစိုးမိုးအောင်က ပြောသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၃ဝ ရက်က ဘုတလင်မြို့နယ် အတွင်း စစ်​ကောင်စီစစ်ကြောင်းတစ်ခုလုံးတိုက်ခိုက်ခံရပြီးနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မှလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် ကျေးရွာများအားအောက်တိုဘာ ၁၁ရက်ကစပြီး စတင်စစ်ကြောင်းထိုးမီးရှို့ခဲ့ခြင်းဖြစ်သည်။

စစ်ကြောင်းအန္တရာယ်ကြောင့် ကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသခံပြည်သူနှစ်သောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရသည်။ အမျိုးသမီးများအပါအဝင် ပြည်သူ ၄၀ ကျော် ဖမ်းဆီးခံထားရသည်။

ထို့အပြင် ဒေသခံပြည်သူ ၂၆ ဦးသတ်ဖြတ် ခံထားရပြီး ကျေးရွာ ၈ ရွာမှ နေအိမ် ၅၀၀ကျော် မီးရှို့ဖျက်ဆီးခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် ယခင်ကလည်း မုံရွာမြို့ပေါ်၌ မကြာခဏရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လေ့ရှိပြီး ပြည်သူထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

သတင်း

နိုဝင်ဘာ ၁၁ ရက်ညကလည်း စစ်ကောင်စီတပ်က မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ရွာ၊ ကူရွာနှင့် ခြေဆေးကျေးရွာတို့ကိုပါ လေကြောင်းမှ ဗုံးသီးအလုံးရေ ၇၀ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများရှိကြောင်း ​ဒေသခံများက ပြောသည်။

သတင်း

စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် (၃၅)မိုင်ကွာဝေးသော ရှမ်းမြောက်ရှိ နောင်ချိုမြို့ကိုလည်း စစ်ကောင်စီက အင်္ဂါနေ့ နေ့လယ် ၂နာရီခွဲခန့်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

သတင်း

▪︎စစ်သုံ့ပမ်း ၆ဦး၊ လက်နက်ချ အလင်းဝင်သူ ၁၇ ဦးရှိပြီး လက်နက် ၅၂လက်ရ ဟု အသိပေး ဟန်နွေ/People’s Spring ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Hakha) က ပြီးခဲ့သည့် လေးလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃ဦး သေဆုံးအောင် ရှင်းလင်းနိုင်ခဲ့ကြောင်း CDFဟားခါးက နိုဝင်ဘာ ၁၂ရက်ညတွင်...