close
Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“တကယ်လုပ်ရင် အဟုတ်ဖြစ်တယ်။ အားလုံးကြိုးစားရင် ကျနော်တို့ ရည်မှန်းချက်က ပိုနီးသွားလိမ့်မယ်”

ချင်းပြည်နယ် မင်းတပ်မြို့နှင့် ဖလမ်းမြို့များရှိ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များဖြင့် စုဖွဲ့ထားသည့် ချင်းညီနောင်က ယနေ့တွင် ထုတ်ပြန်အသိပေးထားသည်။

"တကယ်လုပ်ရင် အဟုတ်ဖြစ်တယ်။ အားလုံးကြိုးစားရင် ကျနော်တို့ ရည်မှန်းချက်က ပိုနီးသွားလိမ့်မယ်"
"တကယ်လုပ်ရင် အဟုတ်ဖြစ်တယ်။ အားလုံးကြိုးစားရင် ကျနော်တို့ ရည်မှန်းချက်က ပိုနီးသွားလိမ့်မယ်"

-CDF မင်းတပ် ပြောရေးဆိုခွင့်ရှိသူ

ဆလိုင်းဟာအွမ်နှင့် မေးမြန်းခန်း

ချင်းပြည်နယ် မင်းတပ်မြို့နှင့် ဖလမ်းမြို့များရှိ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များဖြင့် စုဖွဲ့ထားသည့် ချင်းညီနောင်က ယနေ့တွင် ထုတ်ပြန်အသိပေးထားသည်။ နိုဝင်ဘာ ၉ရက်မှစတင်ခဲ့သည့် ချင်းညီနောင် စစ်ဆင်ရေးနှင့်ပတ်သက်ပြီး မင်းတပ်မြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်သည့် အကြောင်းအရာ အချို့ကို မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Mindat)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အား လူထု​နွေဦးက နိုဝင်ဘာ ၁၃ ရက်​နေ့မှာဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါသည်။

-ထားမြတ်/People’s Spring

မေး။ ချင်းညီနောင်က မင်းတပ်နဲ့ ဖလမ်းကို စစ်ဆင်ရေးလုပ်နေတယ်လို့ အသိပေးထားတာ တွေ့ရလို့ မင်းတပ်မြို့ စစ်ရေး အခြေအနေ အသိပေးလို့ရတာရှိရင် ရှင်းပြပေးပါဦး။

ဖြေ။ ကျနော်တို့ ၉ရက်(နိုဝင်ဘာ) နေ့မှာ Operation စတယ်။ စစ်ရေးအရတော့ အများကြီး ထုတ်ဖော်ပြောကြားလို့မရပါဘူး။ ကျနော်တို့က ဒီသုံးနှစ်ပြည့်မှာလည်း တရားဝင်ပြောတယ် ဒီမင်းတပ်မြို့နယ်မှာ ၂၀၂၄ အကုန်မှာ စကစ ကင်းစင်တဲ့ နယ်မြေဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို ပြည်သူကိုလည်း ဒါကိုသဝဏ်လွှာပေးပြီးပြီ။ ပြည်သူတွေကိုလည်း ချပြပြီးပြီ။ ကျနော်တို့ဘက်ကလည်း ဒါကို ပြင်ဆင်နေတယ်။ အဲဒီ ပြင်ဆင်မှုတွေက အခု ကျနော်တို့ စစ်ဆင်ရေးတွေစနေတယ်။ စစ်ဆင်ရေးက ဘယ်လို အတိုင်းအတာတွေ ဘယ်လိုအောင်မြင်မှုတွေ ဆိုတာ ပြောဖို့ အရမ်းစောသေးတယ်။ ဒီအချိန်မှာ ဘာမှ ပြောစရာမရှိသေးဘူး။ ဒီစစ်ဆင်ရေးတိုက်ပွဲတွေမှာ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေပြုလုပ်နေတယ်။ ပြည်သူတွေ ဝိုင်းရံပေးကြဖို့ မေတ္တာပို့ပေးကြဖို့ ဆုတောင်းခြင်းနဲ့ ကူညီကြဖို့ပေါ့။

Public Service Announcement

Public Service Announcement

မေး။စစ်ရေးအရ အခြေအနေ အသေးစိတ် ပြောပြမရတာ နားလည်ပါတယ်။ တိုက်ပွဲအခြေအနေ အကြမ်းဖျင်း အသိပေးလို့ရတာရှိရင် ပြောပြပေးပါလား။

ဖြေ။ ဒီမှာ တစ်ချက်တော့ အကူအညီတောင်းချင်တယ်။ မီဒီယာကနေတဆင့်ပဲ။ ကျနော်တို့ တရားဝင်မထုတ်ပြန်ဘဲနဲ့ ထုတ်ပြန်သယောင်ယောင် လုပ်နေတာမျိုးရှိတယ်။ မီဒီယာတွေအနေနဲ့ တရားဝင်အဖွဲ့အစည်းတွေက ထုတ်ပြန်တာကိုပဲယူပေးပါ။ နောက်တစ်ခုရှိတယ်။ သတင်းလွတ်လပ်ခွင့်ကျနော်တို့ပိတ်ထားတာမဟုတ်ဘူး။ အရပ်ဘက်ကတင်တဲ့ သတင်းတွေက အာမခံချက်မရှိဘူး။ ဥပမာ လေယာဉ်ဘယ်နှစ်ကြိမ်ကြဲတယ်ဆိုတာ ရေးချင်သလိုရေးလို့ရတယ် မှားသွားတာ ပြဿနာမရှိဘူး ဒါပေမဲ့ ပြည်သူလူထုရဲ့ စိုးရိမ်မှုတွေ၊ အရမ်းသတင်းတွေ ဟော့ဖြစ်သွားပြီဆိုရင် တကယ်နစ်နာမှာက လက်ရှိ စစ်ဆင်ရေးဆင်နွှဲနေတဲ့ ရဲဘော်တွေအပေါ်မူတည်တယ်။ မသေချာ မရေရာတဲ့သတင်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ကွန်ဖန်းပြုလုပ်တဲ့ သတင်းတွေမှ အပ ကျန်တဲ့ဟာတွေကိုတော့ စည်းစောင့်စေချင်တယ်။ ထုတ်ပြန်တာမျိုး မလုပ်စေချင်ဘူးပေါ့နော်။ ဒါက အရေးကြီးတယ်။ ကျနော်တို့ သတင်းကို စစ်ရေးအရ လုံခြုံရေး ပိုလုပ်တယ်ဆိုတာ ကျနော်တို့ အတွက်ပဲ။ ကျနောတို့ရဲ့ စစ်မှန်တဲ့ မဟာမိတ်ဖြစ်နေတဲ့ ရက္ခိုင့်တပ်တော်ကို ပဲ ကြည့်လိုက်ပါ။ သူဆိုရင် သိုသိုသိပ်သိပ်ပဲ။ ကျနော်တို့က အလုပ်နဲ့ပဲ သက်သေပြချင်တယ်။ အရမ်းလူစိတ်ဝင်စားအောင် လုပ်ပြီးကာမှ ဗန်းပြလုပ်နေတာမဟုတ်ဘူး။ ကျနော်တို့ရဲ့ မဟာမိတ်လမ်းစဉ်ကို သဘောကျတယ်။ အလုပ်နဲ့ပဲ သက်သေပြနေတယ်။ အများကြီးစကား မပြောဘူး။ လုပ်နေတာကို ပြီးပြတ်အောင်လုပ်တယ်။ ပြီးမှ လုပ်နိုင်တယ်ဆိုတာ ပြည်သူတွေကို ချပြတယ်။ ကျနော်တို့ အကုန်လုံးချပြပေးခဲ့တာပဲ။ စစ်ဆင်ရေးက ရှင်းရှင်းပြောရရင် အခုအချိန်မှာ နေ့ည မပြတ်ပဲ။ ပြင်းပြင်းထန်ထန် စစ်ဆင်ရေးလုပ်နေတယ်။ အဲဒီနေရာမှာ ကျနော်တို့ အတက်နိုင်ဆုံး မြို့တွင်းမှာ ပိတ်မိနေတဲ့ တချို့ပြည်သူတွေရှိတယ် ဒါတွေကိုလည်း အတက်နိုင်ဆုံး လုံခြုံတဲ့နေရာကို ရွှေ့ထားတယ် အဲဒီလောက်ပဲ ပြောလို့ရမယ်။

မေး။မင်းတပ်မြို့သိမ်းစစ်ဆင်ရေးဆောင်ရွက်တဲ့အပေါ် စစ်​ကောင်စီဘက်က ဘယ်လိုတုန့်ပြန်မှုတွေ့ရ့ပါသလဲ။

ဖြေ။ တုန့်ပြန်မှုကတော့ လေယာဉ်ကတော့ ကောင်းကင်ပေါ် မှာ အခုအချိန်ထိမပြတ်လပ်ဘူး။ လေယာဉ်က တောက်လျှောက် လုပ်နိုင်သလောက် ဒီကောင်တွေအစွမ်းကုန်လုပ်တယ်။ဒါ သူတို့ လုပ်နိုင်တာ အကုန်ပဲလေ။ သူတို့ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်တယ်။ လေယာဉ်ကတော့ Y12က ကြဲတယ်။ ဂျက်ဖိုက်တာက ကြဲတယ်။ တခါတလေကျတော့ Y12နဲ့ ဂျက်ဖိုက်တာ တွဲပြီးမှကို ကြဲတယ်။ဆိုတော့ သူတို့ လေကြောင်းကတော့ တောက်လျှောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတယ်။ ကျနော်တို့ဘက်ကလည်း အဲဒါကို အကောင်းဆုံးခုခံကာကွယ်ပြီးမှ ကျနော်တို့လိုချင်တဲ့ အောင်မြင်မှုရအောင် အစွမ်းကုန် ကြိုးပမ်းမယ်ပေါ့။

မေး။စစစ်​ကောင်စီအနေနဲ့လက်ရှိမှာ မြေပြင်က စစ်ကူပေးနိုင်တာမျိုး မရှိဘူးပေါ့။

ဖြေ။အခုအချိန်ထိတော့ ပြောဖို့စောသေးတယ်။ လောလောဆယ်ထိတော့ ဝေဟင်ကနေ တောက်လျှောက်ဖိအားပေးပြီး ပြင်းပြင်းထန်ထန် ကြဲနေတယ်ပေါ့။ အဓိက ဆိုးရွားတာက သူတို့က ပြည်သူ့နေအိမ်တွေကို လောင်စာဆီတွေနဲ့ မီးပုလင်းတွေနဲ့ ရှို့ပြီးမှ ပစ်တယ်။ စစ်ဆင်ရေးစလိုက်ပြီဆိုပတ်ပတ်လည် အကုန်လုံးကို အိမ်တွေလိုက်မီးရှို့တာ။ ဒါက စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်။ လက်နက်ကြီးကျလို့ မီးလောင်တာ မဟုတ်ဘဲနဲ့ ရည်ရွယ်ချက်ရှိရှိ ကိုဓာတ်ဆီနဲ့ အိမ်ကို မီးရှို့တာ။

မေး။ အခု မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ဘယ်အဖွဲ့တွေပါတယ်ဆိုတာ အသိပေးရပါသလား။

ဖြေ။ကျနော်တို့နဲ့ မဟာမိတ်ပေါ့ ။စစ်အာဏာရှင်ကို တကယ်ကိုအမြစ်ဖြိုဖို့ အတွက် တကယ်ကို လိုလားထက်သန်နေတဲ့ ကျနော်တို့ရဲ့ စစ်မှန်တဲ့မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ဆင်ရေးလုပ်နေကြပါတယ်။

မေး။ မင်းတပ်မှာ ခလရ(၂၇၄)အပြင် အခြားတပ်စွဲထားတာတွေရှိပါ​သေးလား။

ဖြေ။ ခလရ(၂၇၄) လို့ပြောပေမယ့် မင်းတပ်က ဖွဲ့စည်းပုံထက် အင်အားများအောင်တည်ဆောက်ထားတယ်။ ဥပမာ ရဲတပ်ရင်းဆို ရင်းလိုက်လာထားတာရှိတယ်။ ၂၇၄ တပ်ရင်း အရင်တုန်းက ရှိတာထက်ကို သာလွန်အင်အားကို သူတို့က ဖြည့်ထားတယ်။ မင်းတပ်မြို့ကတော့ စကစ အင်အား တော်တော်များများ ဖြည့်ထားတဲ့သဘောရှိပါတယ်။

မေး။ မြို့သိမ်းတိုက်ပွဲက မင်းတပ်အပါအဝင် အခြားနေရာတွေမှာလည်းရှိနေတာပေါ့။ အခုအချိန်မှာ နိုင်ငံတဝန်းက တော်လှန်ရေးအင်အားစုတွေကို ဘာတိုက်တွန်းလိုပါသလဲ။

ဖြေ။ကျနော်တို့ သိသာနေပြီ။ အခု ကြည့်လိုက်ပါ။ စစ်ရေးအရဆိုရင် ရက္ခိုင့်တပ်တော် ကိုပဲကြည့်မလား၊ KIA ပဲကြည့်မလား၊ ရှမ်းမြောက်မှာရော။ ဆိုတော့ အားလုံးက တကယ်လုပ်ရင် အဟုတ်ဖြစ်တယ်။ တကယ်စစ်ဆင်ရေးလုပ်နေတဲ့နေရာ အဟုတ်ဖြစ်တယ်။ ပြည်သူလူထုတွေအနေနဲ့က အားမလျှော့ဖို့ဝိုင်းရံကြဖို့နဲ့ တကယ့် ERO ကို သော်လည်းကောင်း ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့အားလုံးကရော တကယ်လုပ်ရင် အဟုတ်ဖြစ်တယ်။ အားလုံးကြိုးစားရင် ကျနော်တို့ ရည်မှန်းချက်က ပိုနီးသွားလိမ့်မ်။ ဒါမှမဟုတ်ရင် ကြိုးစားအားထုတ်မှု နည်းရင်ကျနော်တို့ ရည်မှန်းချက်တွေ အိပ်မက်တွေ နည်းနည်းပိုဝေးနေမယ်။ တကယ်ကြိုးစားပြီး လုပ်နေရင်ကျနော်တို့ ရည်မှန်းချက်တွေ အိပ်မက်တွေပိုမိုနီးလာလိမ့်မယ်။ ကျနော်ထင်တယ် များမကြာမီ ကာလတစ်ခုမှာတော့ ကျနော်တို့ ချင်းပြည်နယ် အသိုင်းအ၀ိုင်းနဲ့ ဆိုရင်တော့ မကြာခင်မှာ လွတ်မြောက်နိုင်မယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ကတော့ အားလုံးရဲ့ ကြိုးစားအားထုတ်မှု အများကြီးလိုမယ်။

မေး။အခု ဆင်နွှဲနေတဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး ဘာတွေပြောကြားလိုပါသလဲ။

ဖြေ။ ဒီမြို့သိမ်းတိုက်ပွဲအတွက် ကျနော်တို့ စနစ်တကျ ပြင်ဆင်လာတယ်။ အထိအခိုက်အကျအဆုံး အနည်းဆုံးနဲ့ အောင်မြင်မှုတွေအများကြီးရဖို့ အချိန်ကာလတွေအများကြီးရင်းပြီးမှ မြေပြင်ကရဲဘော်တွေက ဒီတိုက်ပွဲကို ဖြစ်ဖို့ ကြိုးစားကြတယ်။ ဆိုတော့ တိုက်ပွဲတစ်ပွဲဆိုတာက အသက်ကို အသက်နဲ့ထပ်ပြီး လောင်းရတဲ့ တိုက်ပွဲတွေဆိုတော့ တိုက်ပွဲအရဆိုရင်တော့ထိခိုက်မှုတွေ ဆုံးရှုံးနစ်နာမှုတွေရှိတယ်။ ပြည်သူလူထု အနေနဲ့ ကျနော်တို့ အပေါ်မှာ နဂိုရ်ကထက် ကျနော်တို့ ချင်းပြည်သူလူထုရော အခြားပြည်သူလူထုရော အားလုံးက တော်လှန်ရေးသမားအားလုံးအပေါ်မှာ ပိုပြီး ယုံကြည်မှုတွေပေးရမယ် ပိုပြီး နွေးထွေးမှုတွေပေးရမယ် ပိုပြီးမှ ကျနော်တို့အပေါ်မှာ အားကိုးမှုတွေရှိမှ ကျနော်တို့က ပိုပြီးမှ အလုပ်လုပ်ရတာ အားဖြစ်စေတယ်ပေါ့နော်။မကြာခင်မှာ ကျနော်တို့ ရည်မှန်းချက်နဲ့ အိပ်မက်ကနီးလာပြီဖြစ်တော့ ပြည်သူလူထုက အဓိက ဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ပိုပြီးမှ ဝိုင်းရံပေးကြဖို့ ကူညီပေးကြဖို့ မေတ္တာပို့ပေးကြဖို့ ဆုတောင်းပေးကြဖို့ အဲဒါ ပြောလိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

▪︎စစ်သုံ့ပမ်း ၆ဦး၊ လက်နက်ချ အလင်းဝင်သူ ၁၇ ဦးရှိပြီး လက်နက် ၅၂လက်ရ ဟု အသိပေး ဟန်နွေ/People’s Spring ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Hakha) က ပြီးခဲ့သည့် လေးလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃ဦး သေဆုံးအောင် ရှင်းလင်းနိုင်ခဲ့ကြောင်း CDFဟားခါးက နိုဝင်ဘာ ၁၂ရက်ညတွင်...

သတင်း

အမ်း - ပဒါန်းလမ်းတွင် အောက်တိုဘာလ ၂၈ရက်နေ့ကလည်း စစ်ကောင်စီယာဥ်တန်းကို မင်းဘူးခရိုင်အမှတ်(၂) တပ်ရင်းနှင့် အတူတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF)က သတင်းထုတ်ပြန်ထားသည်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်တွင်ယနေ့(နိုဝင်ဘာ၉ ရက်) ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံ အချို့က ပြောသည်။

သတင်း

လေကြောင်းတိုက်ခိုက်ခြင်း စစ်လက်နက်ခဲယမ်းဖြည့်တင်းခြင်းများရှိသော်လည်း မင်းတပ် မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုသတင်းများ မကြားရသေးပေ။

Facebook