close
Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်မြို့နယ် မြေတိုင်းရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်၍ (၆)နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

နိုဝင်ဘာ ၁၁ ရက်ညကလည်း စစ်ကောင်စီတပ်က မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ရွာ၊ ကူရွာနှင့် ခြေဆေးကျေးရွာတို့ကိုပါ လေကြောင်းမှ ဗုံးသီးအလုံးရေ ၇၀ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများရှိကြောင်း ​ဒေသခံများက ပြောသည်။

ငါန်းဇွန်မြို့နယ် မြေတိုင်းရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်၍ (၆)နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ
ငါန်းဇွန်မြို့နယ် မြေတိုင်းရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်၍ (၆)နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ မြေတိုင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ (၆)နှစ် အရွယ်ကလေးတစ်ဦးသေဆုံးပြီး ပြည်သူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၃ရက် ည ၁၀နာရီခန့်က မြေတိုင်းကျေးရွာကို စစ်ကောင်စီတပ်က Y12 ​​လေယာဥ် ဖြင့် ဗုံးသီးအလုံး ၄၀ခန့် ကြဲချတိုက်ခိုက်ခဲ့ရာ (၆)နှစ်အရွယ် ကလေးတစ်ဦးသေဆုံးပြီး ပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“တိုက်ပွဲ ဘာမှမရှိဘဲ ပြည်သူ့အိမ်တွေ တိုက်သွားတာ။ ပြည်သူမိန်းကလေးတစ်ဦးသေတယ်။ ငယ်ငယ်လေးရှိသေးတယ်။ ၆ နှစ်သားအရွယ်။ ယောကျာ်း၂ဦးနဲ့ မိန်းမတစ်ဦးလည်း ထိခိုက် ဒဏ်ရာရတယ်”ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နေအိမ်များလည်းပျက်စီးခဲ့ပြီး စာရင်းသွားရောက်ကောက်ယူနေကြောင်း ဒေသခံအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ ည ၉နာရီ၃၅မိနစ်ခန့်ကစ၍ ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းရွာကို Y12လေယာဥ်ဖြင့် ဗုံးသီး အလုံး ၃၀ကျော်ချကာ တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မသိရသေးကြောင်းဒေသတွင်းကင်းထောက်ရဲဘော်အချို့က ပြောသည်။

လေကြောင်းတိုက်ခိုက်ချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ဒေသတွင်းအဖွဲ့အစည်းများက ပြောသည်။

နိုဝင်ဘာ ၁၃ ရက် နံနက် ၃ နာရီခွဲခန့်ကလည်း ငါန်းဇွန်မြို့မှ မြို့သာဘက်သို့ ထွက်ခွာလာသော စစ်ကား ၄ စီးအား မိုင်းကြီး၄ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီး ပျက်စီးပြီး ကားပေါ်ပါ စစ်အုပ်စုဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း ငါန်းဇွန်အခြေစိုက် TGYR ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၁၁ ရက်ညကလည်း စစ်ကောင်စီတပ်က မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ရွာ၊ ကူရွာနှင့် ခြေဆေးကျေးရွာတို့ကိုပါ လေကြောင်းမှ ဗုံးသီးအလုံးရေ ၇၀ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများရှိကြောင်း ​ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် ယခင်ကလည်း မုံရွာမြို့ပေါ်၌ မကြာခဏရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လေ့ရှိပြီး ပြည်သူထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

သတင်း

နိုဝင်ဘာ ၁၁ ရက်က စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၇ ဦးခန့် သေဆုံးခဲ့ရကြောင်း ပုလဲမြို့နယ် လူသားစာနာတာဝန်ခံက ပြောသည်။

သတင်း

စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် (၃၅)မိုင်ကွာဝေးသော ရှမ်းမြောက်ရှိ နောင်ချိုမြို့ကိုလည်း စစ်ကောင်စီက အင်္ဂါနေ့ နေ့လယ် ၂နာရီခွဲခန့်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

သတင်း

မိုးမောက်ဒေသ စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

Facebook