close
Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့လယ်မီးပွိုင့်တွင် ပစ်ခတ်မှုဖြစ်၊ စစ်တပ်က ပစ်ခတ်၍ ပြည်သူတစ်ဦးသေဆုံး

စစ်ကောင်စီတပ်သည် ယခင်ကလည်း မုံရွာမြို့ပေါ်၌ မကြာခဏရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လေ့ရှိပြီး ပြည်သူထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

(မုံရွာမြို့လည်တနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(မုံရွာမြို့လည်တနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ရန်ကင်းမီးပွိုင့်တွင် ပစ်ခတ်မှုဖြစ်ပြီး စစ်တပ်က လိုက်လံပစ်ခတ်၍ ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း အဆိုပါမြို့ခံများက ပြောသည်။

ယနေ့(နိုဝင်ဘာ ၁၄ရက်) နံနက် ၇ နာရီခွဲခန့်က မုံရွာမြို့၊ကျောက္ကာလမ်း၊ ရန်ကင်းရပ်ကွက်တွင် ကင်းစောင့်နေသော ရဲအရာခံဗိုလ် တစ်ဦးနှင့် ရဲတပ်သားတစ်ဦးတို့အား ကောင်းကင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မုံရွာမြို့နယ် ပလဖအဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့ရာ သေနတ် တစ်လက်ရရှိခဲ့ကြောင်း ကောင်းကင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

“ဆိုင်ကယ်တစ်စီးက လဲနေတယ်။ သူတို့ကားနှစ်စီးက ပိတ်ရပ်ထားတယ်။ ကျွန်တော်တို့လည်း ကြောက်လို့ လမ်းကြားထဲ ပြေးဝင်ရတာ။”ဟု အမည်မဖော်လိုသည့် မုံရွာမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ရန်ကင်းမီးပွိုင့်အနီးရှိ ဘုန်းကြီးကျောင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ရောက်ရှိနေစဥ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ထို့အပြင် ပစ်ခတ်မှုအနီးရှိ စျေးသည်တစ်ဦးလည်း ထိခိုက်မှုရှိပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ​မုံရွာမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ယခင်ကလည်း မုံရွာမြို့ပေါ်၌ မကြာခဏရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လေ့ရှိပြီး ပြည်သူထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

နိုဝင်ဘာ ၃ ရက်နံနက်ပိုင်းကလည်း မုံရွာမြို့အဝင် တိုးဂိတ်တွင် လမ်းကင်းယူရန်ထွက်လာသော စစ်ကောင်စီကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ထိခိုက်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နိုဝင်ဘာ ၁၁ ရက်ညကလည်း စစ်ကောင်စီတပ်က မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ရွာ၊ ကူရွာနှင့် ခြေဆေးကျေးရွာတို့ကိုပါ လေကြောင်းမှ ဗုံးသီးအလုံးရေ ၇၀ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများရှိကြောင်း ​ဒေသခံများက ပြောသည်။

သတင်း

စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် (၃၅)မိုင်ကွာဝေးသော ရှမ်းမြောက်ရှိ နောင်ချိုမြို့ကိုလည်း စစ်ကောင်စီက အင်္ဂါနေ့ နေ့လယ် ၂နာရီခွဲခန့်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

သတင်း

▪︎စစ်သုံ့ပမ်း ၆ဦး၊ လက်နက်ချ အလင်းဝင်သူ ၁၇ ဦးရှိပြီး လက်နက် ၅၂လက်ရ ဟု အသိပေး ဟန်နွေ/People’s Spring ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Hakha) က ပြီးခဲ့သည့် လေးလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃ဦး သေဆုံးအောင် ရှင်းလင်းနိုင်ခဲ့ကြောင်း CDFဟားခါးက နိုဝင်ဘာ ၁၂ရက်ညတွင်...

သတင်း

စစ်ရေးသတိရှိရန်၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန်ကာကွယ်မှုဆိုင်ရာ ထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန် TNLAက သတိပေး ဒီးဒီ/People’s Spring စစ်ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကပြန်ရောက်အပြီးတွင် မိုးကုတ်မြို့နှင့် နောင်ချိုမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၂၀ဦးသေဆုံးပြီး ၂၄ဦး ဒဏ်ရာရရှိခဲ့သည်။ ကမ္ဘာ့တန်ဖိုးအကြီးဆုံးပတ္တမြားများထွက်ရှိရာ မိုးကုတ်မြို့ကို စစ်ကောင်စီက တနင်္လာည သန်းခေါင်ယံအချိန်တွင်...