close
Connect with us

Hi, what are you looking for?

သတင်း

တောင်ကိုရီးယားရောက်မြန်မာများ NUGရုံးထံ ပတ်စပို့သက်တမ်းသူတိုးသူ တစ်ထောင်ကျော်ရှိ

နွေဦးတော်လှန်ရေးတွင်တတ်ကြွစွာပါဝင်နေသော ကိုရီးယားနိုင်ငံရောက် မြန်မာများ နေထိုင်ခွင့်ဗီဇာအခက်အခဲဖြင့် ဖမ်းဆီးခံရပါက ကူညီဖြေရှင်းပေးမည်ဟု အဆိုပါ ကိုယ်စားလှယ်ရုံးက အသိပေးထုတ်ပြန်သည်။

(တောင်ကိုရီးယားနိုင်ငံရောက်မြန်မာအချို့က ဆိုးလ်မြို့ရှိ တရုတ်သံရုံးရှေ့တွင် မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြယ်လှယ်နေသည့် တရုတ်အစိုးရကို ဆန့်ကျင်ရှုတ်ချပွဲပြုလုပ် နိုဝင်ဘာ ၁၀ရက်တွင် ပြုလုပ်နေစဥ်။ ဓာတ်ပုံ - Global Myanmar Spring Revolution)
(တောင်ကိုရီးယားနိုင်ငံရောက်မြန်မာအချို့က ဆိုးလ်မြို့ရှိ တရုတ်သံရုံးရှေ့တွင် မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြယ်လှယ်နေသည့် တရုတ်အစိုးရကို ဆန့်ကျင်ရှုတ်ချပွဲပြုလုပ် နိုဝင်ဘာ ၁၀ရက်တွင် ပြုလုပ်နေစဥ်။ ဓာတ်ပုံ - Global Myanmar Spring Revolution)

◾️နွေဦးတော်လှန်ရေးပါဝင်နေသူများ ဗီဇာအခက်အခဲဖြင့်ဖမ်းဆီးခံရပါက ဖြေရှင်းပေးမည်ဟု NUGကိုယ်စားလှယ်ရုံးထုတ်ပြန်

ဒီးဒီ၊သတိုး/People’s Spring

တောင်ကိုရီးယားနိုင်ငံရောက်မြန်မာများ အမျိုးသားညီညွှတ်‌ရေးအစိုးရ(NUG)၏ ကိုယ်စားလှယ်ရုံး၌ ပတ်စပို့သက်တမ်းတိုးသူ တစ်ထောင်ကျော်အထိရှိနေပြီး တော်လှန်ရေးတွင် တက်ကြွစွာပါဝင်သူများ ဗီဇာအခက်အခဲဖြင့် ဖမ်းဆီးခံရပါက ကူညီဖြေရှင်းပေးမည်ဟု အင်ချွန်းမြို့ရှိမှ NUG၏ ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူက People’s Springသို့ ပြောသည်။

တောင်ကိုရီးယားနိုင်ငံရောက်မြန်မာများအနက် နွေဦးတော်လှန်ရေးတွင် ပါဝင်နေသူများအား စစ်ကောင်စီ၏ မြန်မာသံရုံးက ပတ်စပို့သက်တမ်းတိုးမပေး၍ ၎င်းတို့မှာ အဆင်မပြေဖြစ်ခဲ့ကြသည်။ ထို့ကြောင့် NUG၏ ကိုယ်စားလှယ်ရုံးက ဖြေရှင်းပေးရာ တောင်ကိုရီးယားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက အဆိုပါ ပတ်စပို့သက်တမ်းကုန်နေသူများအား (၂)နှစ်သက်တမ်းအထိဆက်ရှိရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

” စာအုပ်အသစ်ထုတ်ပေးတာ မဟုတ်ဘူး။ စာအုပ်သက်တမ်းကုန်နေတာကို ကိုယ်စားလှယ်ရုံးရဲ့ တံဆိပ်တုံးပါတဲ့ စာအုပ်တွေဆိုရင် သက်တမ်း(၂)နှစ်ဆက်ရှိတယ်ဆိုပြီး သဘောတူတာ။ အဲလို စီစဥ်ဆောင်ရွက်ပေးတာ။ အဲဒီ တံဆိတပ်တုံးပါတဲ့ စာအုပ်ဆို သွားပြီး ဗီဇာသက်တမ်းတိုးလို့ရတယ်။ လိုအပ်တယ်ဆိုရင် စာရွက်စာတန်းလည်း ထုတ်ပေးပါတယ်”ဟု အင်ချွန်းမြို့ရှိ မှ NUG၏ ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ စီစဥ်ဆောင်ရွက်ပေးနေသည်မှာ ၅လခန့်ရှိပြီဖြစ်သော်လည်း ယခုအချိန်မှသာ ပြည်သူများအား ချပြခြင်းဟု ၎င်းက ဆိုသည်။

” အခုထိဆို စာအုပ်လာသက်တမ်းတိုးတဲ့ မြန်မာတွေ တစ်ထောင်ကျော်ရှိနေပြီ”ဟု NUG၏ ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူက ပြောသည်။

နွေဦးတော်လှန်ရေးတွင်ပါဝင်မှုကြောင့် စစ်ကောင်စီ၏မြန်မာသံရုံးက ပတ်စပို့သက်တမ်းတိုးရန် ငြင်းဆန်ခံရသူ အရေအတွက်အား မေးမြန်းရာ “တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်နေသူတွေနဲ့ Over stay သမားတွေရယ်၊ G1-99 ယာယီခိုလှုံခွင့် Visa ယူထားတဲ့သူတွေကို တိုးမပေးတဲ့ အရေအတွက်ကတော့ ရာဂဏန်းရှိပါမယ်”ဟု ၎င်းက ပြောသည်။

အင်ချွန်းမြို့ရှိ အမျိုးသားညီညွှတ်‌ရေးအစိုးရ(NUG)၏ ကိုယ်စားလှယ်ရုံးသည် ယနေ့( နိုဝင်ဘာ ၁၀ရက်)တွင်လည်း တောင်ကိုရီးယားရောက်နွေဦးတော်လှန်ရေးတွင်တက်ကြွစွာပါဝင်သူများနှင့်ပတ်သက်ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။

နွေဦးတော်လှန်ရေးတွင်တတ်ကြွစွာပါဝင်နေသော ကိုရီးယားနိုင်ငံရောက် မြန်မာများ နေထိုင်ခွင့်ဗီဇာအခက်အခဲဖြင့် ဖမ်းဆီးခံရပါက ကူညီဖြေရှင်းပေးမည်ဟု အဆိုပါ ကိုယ်စားလှယ်ရုံးက အသိပေးထုတ်ပြန်သည်။

“ကိုရီးယားမှာ ရောက်ရှိနေပြီး တော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်နေတဲ့ မြန်မာနိုင်ငံသားများကို NUG ကိုယ်စားလှယ်ရုံး အနေနဲ့ တတ်စွမ်းသမျှ အကာအကွယ်ပေးလျက်ရှိပါတယ်။ နေထိုင်ခွင့် ဗီဇာအခက်အခဲကြောင့် ကိုရီးယားလဝကရဲ့ အဖမ်းအဆီးခံရသူများကို ပြန်လည်လွတ်မြောက်ရေးအတွက် ဥပဒေဘောင်ထဲကနေ ဆောင်ရွက်ပေးလျက်ရှိပါတယ်။” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် တော်လှန်ပြည်သူများအနေဖြင့် အဖမ်းအဆီးနှင့်ကြုံ၍ အကူအညီလိုအပ်ပါက ကိုယ်စားလှယ်ရုံး အလုပ်သမားရေးတာဝန်ခံ၏ဖုန်းနံပါတ် 010-9146-7482 သို့မဟုတ် ရုံးဖုန်း 010-8227-4773သို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

NUG ကိုယ်စားလှယ်ရုံးအနေဖြင့် တော်လှန်ပြည်သူများအတွက် ကူညီမှုများ အစဉ်တစိုက်ပြုလုပ်နေပြီး လိုအပ်သည့်ကိစ္စမှလွဲ၍ သတင်းထုတ်မထုတ်ပြန်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

“တောင်ကိုရီးယားရောက်နေတဲ့ မြန်မာတွေအတွက်က လုံးဝအဆင်ပြေသွားပြီ။ ထိုင်းနိုင်ငံမှာလည်း အဲလိုအဆင်ပြေရင် ကောင်းမယ်။ အဆင်ပြေအောင် လုပ်စေချင်တယ်”ဟု ထိုင်းရောက်မြန်မာတစ်ဦးက ပြောသည်။

ထို့အပြင် ဆိုးလ်မြို့ရှိ စစ်ကောင်စီ၏ မြန်မာနိုင်ငံသံရုံးကလည်း တောင်ကိုရီးယားနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းများကို ဖောက်ဖျက်ပါက မိခင်နိုင်ငံ နှင့် အိမ်ရှင်နိုင်ငံတို့မှ ဥ‌ပဒေအရ အရေးယူခံရနိုင်ကြောင်း နှင့် စစ်ဆေးတွေ့ရှိပါက နိုင်ငံကူးလက်မှတ်ဖျက်သိမ်းခြင်း ၊ အမည်မည်းစာရင်းသွင်းခြင်းလုပ်ဆောင်မည်ဟု နိုဝင်ဘာ ၉ ရက်ရက်စွဲဖြင့် ထုတ်ပြန်ခြိမ်းခြောက် ထားသည်။

စစ်ကောင်စီ၏ သံရုံးသည် ထိုကဲ့သို့ ခြိမ်းခြောက်မှုမျိုးကို အောက်တိုဘာ ၁၅ ရက်ကလည်း ထုတ်ပြန်ခဲ့ပြီး အလုပ်မဖြစ်သောကြောင့် ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

NUGအစိုးရက တောင်ကိုကိုရီးယားနိုင်ငံ၌ ကိုယ်စားလှယ်ရုံးကို ၂၀၂၁ အောက်တိုဘာ ၂ရက်က ဖွင့်လှစ်ခဲ့သည်။

လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ၌ မြန်မာ ငါးသောင်ကျော် ရောက်ရှိနေကြောင်းစုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ တရုတ်သံရုံးရှေ့တွင်လည်း မြန်မာနိုင်ငံသားများ စုပေါင်း၍ မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြယ်လှယ်နေသည့် တရုတ်အစိုးရကို ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်ခဲ့ကြသည်။

နိုင်ငံတကာ

အတိုက်အခံတွေကတော့ ယွန်ဟာ ဇနီးဖြစ်သူရဲ့ အရှုပ်အထွေးတွေကို အကြောင်းပြုပြီး လူထုထောက်ခံမှု ကျဆင်းလာတော့မှသာ အခုလို တောင်းပန်စကားဆိုပြီး အခြေအနေကို ကုစားဖို ကြိုးစားနေတာ ဖြစ်တယ်လို စွပ်စွဲ ဝေဖန်ထားပါတယ်။

သတင်း

NUGယာယီသမ္မတ ဒူဝါလရှီးလက သူ၏ X(ယခင် twitter)လူမှုကွန်ရက်အကောင့်မှတဆင့် ဒေါ်နယ်ထရန့်အကောင့်ကို Tag တွဲကာ ရေးသားထားခြင်းဖြစ်သည်။

သတင်း

၂၀၂၄ ဇန်နဝါရီ ၃၁ရက်တွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ဘုံသဘောထားရပ်တည်ချက်အား ထုတ်ပြန်ကြေညာခဲ့ရာ နိုင်ငံရေး ဦးတည်ချက် ၆ရပ်ကို ဖော်ပြခဲ့သည်။