close
Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်တွင်အကြမ်းဖက်​နေ​သောစစ်ကြောင်းကို စစ်ကောင်စီ ထပ်မံအင်အားဖြည့်

ဘုတလင်မြို့နယ်တွင်​ စစ်​ကြောင်းထိုး၍ ​ဒေသခံပြည်သူများ အားအကြမ်းဖက်နေသည့်စစ်ကောင်စီတပ်စစ်ကြောင်းကို မုံရွာမြို့ရှိ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်( နမခ) မှ လူအင်အား၊လက်နက်နှင့် ရိက္ခာများ ထပ်ဖြည့်တင်းပေးနေ​ကြောင်းစုံစမ်းသိရသည်။

စစ်​ကောင်စီတပ်သည် ​လေ​ကြောင်းမှ ဗုံးကြဲ၍ပြည်သူများကိုသတ်ဖြတ်မှုပြီးလျင် စစ်​ကြောင်းထိုး၍ ​ဒေသခံပြည်သူများကိုအကြမ်းဖက်သတ်ဖြတ်မှုမှာ ဒုတိယအများဆုံးကျူးလွန်​နေခြင်းဖြစ်သည်။ဓါတ်ပုံ-CJ

လူအေး/People’s Spring

ဘုတလင်မြို့နယ်တွင်​ စစ်​ကြောင်းထိုး၍ ​ဒေသခံပြည်သူများ အားအကြမ်းဖက်နေသည့်စစ်ကောင်စီတပ်စစ်ကြောင်းကို မုံရွာမြို့ရှိ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်( နမခ) မှ လူအင်အား၊လက်နက်နှင့် ရိက္ခာများ ထပ်ဖြည့်တင်းပေးနေ​ကြောင်းစုံစမ်းသိရသည်။

“ကားတွေနဲ့ လာပို့တာ။ လမ်းမှာ ချိန်းပြီး ယူကြတယ်။ လူလဲတယ်။ ဒီစစ်ကြောင်းက ဘုတလင်မှာ ဆက်ပြီးမွှေနှောက်နေမှာ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။

Public Service Announcement

Public Service Announcement

နမခမှထွက်လာသည့် ကား၅စီးသည်အောက်တိုဘာလ ၂၅ရက်နေ့လယ်ပိုင်းတွင် ဘုတလင်မြို့အဝင်အထိရောက်လာပြီး အင်အားဖြည့်တင်းသွားခြင်းဟု သိရသည်။

“ကားကြီးတစ်စီးက ဘုတလင် ကြောင်ပန်းလမ်းခွဲအထိ ရောက်လာတယ်။ သူတို့ လူတွေ ချိန်းတယ်။ လက်နက်‌ခဲယမ်းတွေလည်း ထပ်ပေးသွားတယ်” ဟု ဒေသခံတဦးကပြောသည်။

ထိုစစ်ကြောင်းသည် နမခမှ အောက်တိုဘာလဆန်းပိုင်းတွင် ဘုတလင်မြို့သို့ဝင်ရောက်လာပြီး စစ်ကြောင်းထိုး၍ ​​​ဒေသခံပြည်သူများကို ဖမ်းဆီးသတ်ဖြတ် ၊လူသားဒိုင်းလုပ်၍ နေအိမ်များကိုလည်းမီးရှို့နေခြင်းဖြစ်သည်။

‌အောက်တိုဘာလ ၁၂ရက်၊ ၁၃ရက် နှင့် ၁၈ရက်တွင် ဗန္ဓုလကွက်သစ်ရပ်ကွက်၊မြောက်ပြင်ရပ်နှင့်စီပါရွာကိုစီးနင်းပြီး ဒေသခံများအား အစုလိုက်

အပြုံလိုက်သတ်ဖြတ်မှုသုံးကြိမ် ကျူးလွန်ခဲ့ရာ ကလေးငယ် နှင့် အမျိုးသမီးများအပါအဝင် ဒေသခံ စုစုပေါင်း ၂၄ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ထား သည်။

စစ်ကြောင်း၌ အင်အား ၁၀၀ ခန့်ရှိပြီးအောက်တိုဘာလ၂၆ ရက်နံနက်ပိုင်းတွင် ဘုတလင်မြို့ပေါ်ရှိ အ​ခြေခံပညာအထက်တန်းကျောင်း(အထက)နှင့် မြို့တော်ခန်းမအတွင်း တည်းခို​နေ​ကြောင်းသိရသည်။

ထိုစစ်ကြောင်း အန္တရာယ်ကြောင့် ဘုတလင်မြို့ပေါ်ရပ်ကွက်များအပြင် ဖိုကုန်း၊စီပါ ၊မွန်အို၊ညောင်ကန်၊ စိုင်းပြင်လေးနှင့် ဘေးပတ်ဝန်းကျင်ရွာများမှဒေသခံတစ်သောင်းကျော် ​ဘေးလွတ်မည်ထင်ရာသို့ထွက်​ပြေးတိမ်းရှောင်နေကြရကြောင်းသတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်အုပ်စုကို ဆက်လက်ခွင့်ပြုနေပါက သက်ဆိုးရှည်ပြီး ပိုမိုအတင့်ရဲလာမည်ဖြစ်၍ တရားမျှတမှု ဖော်ဆောင်နိုင်ရေး ဦးတည်ကြိုးပမ်းပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တောင်းဆိုသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ဘေးရှောင်များ စားနပ်ရိက္ခာလိုအပ်နေ၍ ဒီပဲယင်းမြို့နယ်ရှိ စစ်ဘေးသင့်ပြည်သူများက ကူညီပေးရန် စီစဥ်နေကြောင်း သတင်းရရှိသည်။

ဆောင်းပါး

နေရောင်သိပ်မပွင့်တဲ့ မိုးနှောင်းကာလ အောက်တိုဘာ တတိယပတ် မနက်ခင်းတစ်ခုမှာ ဘုတလင်​မြို့နယ်သပိတ်အင်အားစုက ကိုရှင်းသန့်ဟာ PDF ရဲဘော်တွေနဲ့အတူ ဆိုင်ကယ်တစ်စီးနဲ့ စစ်ကောင်စီမီးရှို့ဖျက်ဆီးသွားတဲ့ ဘုတလင်မြို့နယ်၊ စီပါရွာထဲကို ဝင်ရောက်လာခဲ့ကြတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်က ၁၀ရက်အတွင်း ဒေသခံပြည်သူ ၂၂ ဦးထက်မနည်း သတ်ဖြတ်ခဲ့ပြီး နေအိမ် ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Facebook