ဆိုင်းမင်း/People’s Spring
မန္တလေး၊ တောင်ကြီး၊ မူဆယ်မြို့ကြီးတွေက စီးပွားရေးလုပ်ငန်းရှင် ၃၀ နီးပါးကို ခြိမ်းခြောက်ငွေညှစ်တဲ့ လင်မယားနှစ်ဦး ကို ပြင်ဦးလွင်မြို့မှာ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
သူတို့ ၂ ဦး ဟာ စီးပွားရေးလုပ်ရှင်တွေရဲ့ ဖုန်းနံပါတ်တွေကို မြန်မာ့စီးပွားရေးလမ်းညွှန် အက်ပလီကေးရှင်းကနေ ရှာဖွေပြီး ခြိမ်းခြောက်ငွေညှစ်တာလို့ စစ်ကောင်စီက ဆိုပါတယ်။

Public Service Announcement
စီးပွားရေး လုပ်ငန်းရှင် ၂၇ ဦး ပစ်မှတ်ထား ငွေညှစ်ခံရပြီး ကျပ်သိန်း ၂,၂၀၀ ကျော် ရရှိခဲ့တာလို့ စစ်ကောင်စီက ပြောပါတယ်။
လားရှိုး ၊သီပေါ ၊ မူဆယ်၊ နမ့်ခမ်း ၊ တောင်ကြီး ၊ လွိုင်ကော် ၊ ပြင်ဦးလွင် ၊ နောင်ချို ၊ မန္တလေး က လုပ်ငန်းရှင်တွေ ခြိမ်းခြောက်ငွေညှစ်ခံရတာပါ။ခြိမ်းခြောက်ငွေညှစ်တဲ့ လင်မယားနှစ်ဦးကို ပြင်ဦးလွင်မြို့နယ် ၊ မိုးကြိုးပစ်ရွာ နေအိမ်မှာ အောက်တိုဘာလ ၂၀ ရက် ကဖမ်းမိတာလို့ စစ်ကောင်စီ က ထုတ်ပြန်ပါတယ်။
” ရဲကတော့ သီးသန့်လိုက်ပြီး မစုံစမ်းပေးဘူး၊ ငွေတောင်းခံရသူထဲကနေ သူ့ကိုခြေရာခံလိုက်ရင်းနဲ့ မိတယ်လို့ကြားတယ်”လို့ မန္တလေးမြို့က လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
