close
Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မြို့နယ်စစ်ရှောင်များအား ဒီပဲယင်းစစ်ဘေးသင့်ပြည်သူများက ကူညီရန်စီစဥ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ဘေးရှောင်များ စားနပ်ရိက္ခာလိုအပ်နေ၍ ဒီပဲယင်းမြို့နယ်ရှိ စစ်ဘေးသင့်ပြည်သူများက ကူညီပေးရန် စီစဥ်နေကြောင်း သတင်းရရှိသည်။

မီးရှို့ဖျက်ဆီးခံခဲ့ရသော စီပါရွာနေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-ရွာဇော်ကြီး

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ဘေးရှောင်များ စားနပ်ရိက္ခာလိုအပ်နေ၍ ဒီပဲယင်းမြို့နယ်ရှိ စစ်ဘေးသင့်ပြည်သူများက ကူညီပေးရန် စီစဥ်နေကြောင်း သတင်းရရှိသည်။

ဘုတလင်မြို့နယ်တွင် အောက်တိုဘာ ၁၁ ရက် ကတည်းက စစ်ကြောင်းထိုးနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကြောင့် ကျေးရွာ ၂၅ ရွာထက်မနည်းမှ ဒေသခံပြည်သူ ၅ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလိုအပ်နေကြောင်း ဒေသတွင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ရှောင်ပြည်သူများအတွက် နယ်မြေချင်းထိဆက်နေသည့် ဒီပဲယင်းမြို့နယ်မှ စစ်ဘေးသင့်ပြည်သူများကလည်း လိုအပ်သည့်စားနပ်ရိက္ခာများ တက်နိုင်သရွေ့ ကူညီလှူဒါန်းရန် စီစဥ်နေကြောင်း ဒီပဲယင်းမြို့နယ်၊ မူးခံတွင်းကျေးရွာမှ ငှက်ဆိုးကြီးပြန်လည်ထူထောင်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

“စစ်ရှောင်ပြည်သူတွေက စားနပ်ရိက္ခာ မလုံလောက်လို့ မစားရဘူးဖြစ်နေတယ်။ ကျွန်တော်တို့ဒီဘက်(ဒီပဲယင်းဘက်)ကလည်း မီးလောင်ထားတဲ့ရွာတွေ။ ဒါပေသိ စစ်ကြောင်းနည်းနည်းဝေးတော့ ဒီဘက်ကရွာလေးတွေကို အလှူခံမယ်။ အလှူခံပြီးတော့ တို့ကတဆင့် ပြန်လည်ထူထောင်ရေးအတွက် သွားပြီးကူညီမယ်။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

စစ်ရှောင်ပြည်သူများအတွက် ဆန်၊ဆီ အစရှိသည့်စားနပ်ရိက္ခာများ အဓိကလိုအပ်နေကြောင်း သိရသည်။

ယခုလက်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဘုတလင်မြို့နယ်၊ စိုင်နိုင်လေးကျေးရွာမှမထွက်သေးဘဲ ယမန်နေ့ညနေပိုင်းကပင် အဆိုပါကျေးရွာအား မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ၃ဝရက်က ဘုတလင်မြို့နယ်အတွင်း စစ်​ကောင်စီစစ်ကြောင်းတစ်ကြောင်းလုံး ပျောက်ဆုံးအောင် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာများအား အောက်တိုဘာ ၁၁ ရက်ကစတင်ကာ စစ်ကြောင်းထိုးခဲ့သည်။ စစ်ကြောင်းတစ်လျှောက် ပြည်သူ ၂၄ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး ၃ ဦးထက်မနည်း ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြတ်တောက်ခံခဲ့ရသည်။

ထို့အပြင် စစ်ကောင်စီစစ်ကြောင်းက နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးခဲ့ရာ စီပါရွာမှ ၃၀ဝ လုံး၊ တက်လှိုင်းရွာမှ တစ်လုံး၊ ကျွဲသေကျောင်းရွာမှ ၂၃ လုံး၊ ဆည်ဝရွာသစ်မှ အလုံး ၂၀၊ ဆည်ဝရွာဟောင်းမှ ၁၅လုံး၊ အိုင်ပေါင်းချောင်ရွာမှ ၂၇ လုံး စုစုပေါင်း အိမ်ခြေ ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နေရောင်သိပ်မပွင့်တဲ့ မိုးနှောင်းကာလ အောက်တိုဘာ တတိယပတ် မနက်ခင်းတစ်ခုမှာ ဘုတလင်​မြို့နယ်သပိတ်အင်အားစုက ကိုရှင်းသန့်ဟာ PDF ရဲဘော်တွေနဲ့အတူ ဆိုင်ကယ်တစ်စီးနဲ့ စစ်ကောင်စီမီးရှို့ဖျက်ဆီးသွားတဲ့ ဘုတလင်မြို့နယ်၊ စီပါရွာထဲကို ဝင်ရောက်လာခဲ့ကြတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်က ၁၀ရက်အတွင်း ဒေသခံပြည်သူ ၂၂ ဦးထက်မနည်း သတ်ဖြတ်ခဲ့ပြီး နေအိမ် ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

လူ ၇၀ခန့်ပျောက်ဆုံးနေ၊ အသက်ရှင်လျှက် ကိုးဦးဆယ်ယူရရှိကာ

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာရွာအနီး ပင်လယ်ပြင်တွင် စစ်ဘေးရှောင်ပြည်သူ ၁၀၀ ခန့်လိုက်ပါလာသည့် စက်လှေတစ်စီး နစ်မြုပ်ပြီး အများစုပျောက်ဆုံးနေဆဲဖြစ်ကြောင်း ​ဒေသခံအချို့က ပြောသည်။

Facebook