close
Connect with us

Hi, what are you looking for?

သတင်း

၃ နှစ်အရွယ်ကလေးငယ်ကို စွန့်စွန့်စားစားကယ်တင်ခဲ့တဲ့ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို စင်ကာပူ ဂုဏ်ပြု ဆုချီးမြှင့်

သုံးလွှာအမြင့် တိုက်ခန်း ပြတင်းပေါက် အပြင်ဖက် ကြောင်လျှောက်လမ်းကို ရောက်နေတဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ် တစ်ဦးကို စွန့်စွန့်စားစား ကယ်တယ်ခဲ့တဲ့ မြန်မာနိုင်ငံသားကိုစသူရ​အောင်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဂျာဟီတို့ကို စင်ကာပူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (SCDF)က လူမှုကယ်ဆယ်ရေး ဂုဏ်ပြုဆုကို​အောက်တိုဘာ ၂၅ ရက်မှာ ပေးအပ် ချီးမြှင့်လိုက်ပါတယ်။

၃ နှစ်သားအရွယ်က​လေးငယ်အား တိုက်​ပေါ်မှပြုတ်မကျ​အောင် ကိုစသူရ​အောင် နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဂျာဟီတို့က ကယ်တင်​နေစဥ်။ ဓါတ်ပုံ-Nela M Hock ​ဖေစ်ဘွခ် ၊ Chong Jung Liang

သုံးလွှာအမြင့် တိုက်ခန်း ပြတင်းပေါက် အပြင်ဖက် ကြောင်လျှောက်လမ်းကို ရောက်နေတဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ် တစ်ဦးကို စွန့်စွန့်စားစား ကယ်တယ်ခဲ့တဲ့ မြန်မာနိုင်ငံသားကိုစသူရ​အောင်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဂျာဟီတို့ကို စင်ကာပူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (SCDF)က လူမှုကယ်ဆယ်ရေး ဂုဏ်ပြုဆုကို​အောက်တိုဘာ ၂၅ ရက်မှာ ပေးအပ် ချီးမြှင့်လိုက်ပါတယ်။

အဲဒီ ရင်ထိတ်စရာ ဖြစ်စဉ်ဟာ အောက်တိုဘာ ၂၀ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ စင်ကာပူမှာ ကုန်တင်ကား မောင်းသူအဖြစ် အလုပ်လုပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဂျာဟီဟာ အိမ်ကိုပြန်လာချိန် မွန်းတည့်အချိန်လောက် လမ်းတစ်ဝက်မှာ အန္တရာယ်ကြုံနေတဲ့ ကလေးရဲ့ အခြေအနေကို သတိထားမိခဲ့ပါတယ်။ အဲဒီ ၃ နှစ်သား ​ကောင်ကလေးငယ်ဟာ တိုက်ခန်း ပြတင်းပေါက်ကနေ တစ်နည်းနည်းနဲ့ ထွက်လာဟန်ရှိပြီး အပြင်ဖက်က ကျဉ်းမြောင်းတဲ့ ကြောင်လျှောက် လမ်းလေးပေါ်မှာ ရပ်နေတာပါ။

လူအများက ထိတ်ထိတ်ပြာပြာ ဖြစ်နေတဲ့ အချိန်မှာ အသက် ၃၄ နှစ်အရွယ် ဂျာဟီကတော့ ဘင်္ဂလားဒေ့ရှ်မှာ ကျန်ခဲ့တဲ့ ၇ နှစ်အရွယ် သားငယ်အကြောင်း စဉ်းစားမိပြီး လုပ်သင့်တာကို ချက်

ချင်း ထလုပ်ခဲ့ပါတယ်။ ပထမဆုံး အနေနဲ့ သူဟာ ကလေးရှိတဲ့ တိုက်ခန်းရဲ့ သုံးလွှာဆီ ပြေးတက်ပြီး တဒုံးဒုံးထုပြီး အိမ်ရှင်တွေကို လှမ်းခေါ်ခဲ့ပါတယ်။ အဆက်အသွယ် မရတဲ့အခါ သူဟာ လှေကားအတိုင်း ပြေးဆင်းပြီး ကလေးကို ကယ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ နေရာဆီ ရောက်နိုင်မယ့် လမ်းကြောင်းမှာ သော့ခတ်ထားတဲ့ တံခါးတစ်ချပ် ရှိနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူ့အတွက် အကြံအိုက်နေတုန်းမှာပဲ ကလေးကို ကူညီ ကယ်တင်ပေးမယ့် မြန်မာနိုင်ငံသား ကိုစသူရအောင်က အခင်းဖြစ်တဲ့ နေရာကို ရောက်လာခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ကိုသူရအောင်ဟာ Surface Solutions ကုမ္ပဏီရဲ့ ဆေးသုတ်သမား တစ်ဦးဖြစ်ပြီး ဘုရားကျောင်း တစ်ခုဆီ အသွားမှာ ဂျာဟီကို ဝင်ကူညီခဲ့တာ ဖြစ်ပါတယ်။

အရင်တုန်းက ဘယ်တုန်းကမှ မဆုံဖူးတဲ့ လူစိမ်းနှစ်ယောက်ဟာ အဲဒီ အချိန်ပိုင်းလေး အတွင်းမှာတင် အစီအစဉ် တစ်ခုကို တက်ညီလက်ညီ ညှိနှိုင်း အကောင်အထည် ဖော်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ မြေညီထပ်ရဲ့ အမိုးပိုင်း တစ်ခုဆီ အတူတက်နိုင်ခဲ့ပြီးတဲ့နောက် ဂျာဟီက သုံးလွှာ တိုက်ခန်းရဲ့ ဘေးဖက် ကြောင်လျှောက်လမ်းပေါ် ကိုစသူရအောင် တက်နိုင်အောင် ပခုံးထမ်းပြီး တင်ပေးခဲ့ပါတယ်။

ကိုစသူရအောင်ဟာ ခြေတစ်ဖဝါးစာတောင် မကျယ်တဲ့ ကြောင်လျှောက်လမ်းအတိုင်း တဖြည်းဖြည်း တိုးသွားပြီး ကလေးဆီကို အောင်အောင်မြင်မြင် ချဉ်းကပ်နိုင်ခဲ့ပါတယ်။ ကလေးက လန့်ပြီး ခုန်ချလိုက်မှာကို စိုးရိမ်ခဲ့ပေမယ့်လည်း အဆုံးမှာတော့ သူဟာ ကလေးကို သိမ်သိမ်မွေ့မွေ့ ချီပွေ့ရင်း တိုက်ခန်းရဲ့ ပြတင်းပေါက်ထဲကို ပြန်ထည့်ပေးနိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကျမှပဲ အောက်မှာ စိုးရိမ်တကြီး စောင့်ကြည့်နေသူတွေ အသက်ဝဝ ရှူနိုင်ခဲ့ပါတယ်။

အဲဒီအချိန်မှာ ​အောက်ကပြည်သူအချို့ကလည်း က​လေးငယ်မ​တော်တဆပြုတ်ကျလာရင် ကယ်တင်နိုင်ဖို့ ​စောင်လို အဝတ်စထူထူနဲ့ ခံထား​ပေးကြပါတယ် ။

ကိုစသူရအောင်ကတော့ မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ ၆ နှစ်အရွယ် တူမလေးနဲ့ ၄ နှစ်သား တူလေးအကြောင်းကိုစဉ်းစားမိတဲ့အခါကလေးကို ကယ်တင်ဖို့ လုံးဝ နှောင့်နှေးမှု မရှိတော့ဘူးလို့ ပြောပြပါတယ်။ ပြီးတော့ သူက ကလေးအတွက် အရမ်းစိုးရိမ်ခဲ့ကြောင်း၊ ကြောင်လျှောက်လမ်းအတိုင်း ချဉ်းကပ်နေချိန်မှာ သူ့ဖာသာသူဆို သိပ်မကြောက်ပေမယ့်အောက်က လူအုပ်ကြီးရဲ့အသံတွေကြောင့်ပိုပြီး စိတ်လှုပ်ရှားမိခဲ့ကြောင်းလည်း ကိုစသူရအောင်က ဝန်ခံခဲ့ပါတယ်။

ကလေးကအရမ်းအကြောက်လွန်နေပြီး လက်ဖျားတွေလည်း အေးစက်နေတာပါ။သူချီလိုက်တဲ့ အချိန်မှာ ကလေးက အရမ်း တင်းတင်းကျပ်ကျပ် ဖက်ထားခဲ့ကြောင်း ကိုသူရအောင်က ဆက်ပြောပါတယ်။ ကလေးကို တိုက်ခန်းထဲမှာ လုံလုံခြုံခြုံ နေရာချပြီးတဲ့အချိန် သူကုတ်တွယ်ပြီး ပြန်ဆင်းနိုင်အောင် ဂျာဟီကကူညီပေးခဲ့ပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့မှာတော့ SCDF အမှတ် ၃ တပ်မက သူတို့နှစ်ယောက်လုံးကို လူမှုကယ်ဆယ်ရေး ဂုဏ်ပြုဆု အပ်နှင်းလိုက်တာ ဖြစ်ပါတယ်။ အဲဒီဆုဟာ ကိုယ့်အတွက်ကိုယ် မငဲ့ကွက်ဘဲ တစ်ပါးသူတွေရဲ့ အသက်တွေကို စွမ်းစွမ်းတမံ ကယ်ဆယ်တဲ့ သူတွေကိုပဲ ဂုဏ်ပြုချီးမြှင့်တာပါ။

ဂျာဟီကတော့ ဒီဆုကို အပိုဆုအနေနဲ့သာ သဘောထားကြောင်း၊ သူနဲ့ ကိုသူရအောင် နှစ်ယောက်စလုံး ရခဲ့တဲ့ တကယ့် တန်ဖိုးအကြီးဆုံး ဆုကတော့ ကလေးရဲ့ အသက်ကို ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောပါတယ်။

ကလေးက ဘယ်လိုဘယ်ပုံ ကြောင်လျှောက်လမ်းကို ရောက်နေသလဲ ဆိုတာ တိတိကျကျ မသိရသေးပေမယ့် အဲဒီနေ့မှာပဲ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးကို အန္တရာယ် ရှိစေလောက်တဲ့ ပေါ့လျော့မှုအတွက် ရဲတွေက စစ်ဆေးနေကြောင်းနဲ့ အမျိုးသမီးကလည်းအပြည့်အဝပူးပေါင်းဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

SCDF အကြီးအကဲ လင်ဘန်ဟူက ကိုစသူရအောင်နဲ့ ဂျာဟီတို့ နှစ်ဦးစလုံးရဲ့ သတ္တိပြောင်မြောက်မှုကြောင့် အဖိုးတန် လူ့အသက် တစ်ချောင်းကို ကယ်ဆယ်နိုင်ခဲ့တဲ့အတွက် အရမ်း လှိုက်လှိုက်လှဲလှဲ ခံစားမိကြောင်း၊ ဒီလုပ်ရပ်မျိုးဟာ ဒုက္ခကြုံနေသူတွေကို အကူအညီပေးဖို့ ရှေ့ဆောင်လမ်းပြ နမူနာကောင်း ဖြစ်စေမယ်လို့ ယုံကြည်ကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: Straits Times

ဆက်စပ်သတင်းများ

သတင်း

စင်ကာပူရောက် မြန်မာနိုင်ငံသား တစ်ဦးဟာ စည်းကမ်းမဲ့ အမှိုက်ပစ်မှုအတွက် ပြစ်ဒဏ်ကို ရှောင်ရှားဖို့ ဌာနဆိုင်ရာ ဝန်ထမ်း တွေကို လာဘ်ထိုးဖို့ ကြိုးစားမိခဲ့တာကြောင့် ထောင်ဒဏ် ၁၂ ရက် ချမှတ်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရေလွှမ်းမိုးမှုတွေကြောင့် ခန့်မှန်းခြေ စုစုပေါင်း ဆန်တန်ချိန် ၁ သန်းကျော် ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရရဲ့ အကြီးအကဲဖြစ်သူ ဒေါက်တာ မူဟာမက် ယူနွတ်က အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်ထဲက နေရပ်စွန့်ခွာ တိမ်းရှောင်ရသူတွေအတွက် ထိထိရောက်ရောက် ကူညီနိုင်အောင် ကုလသမဂ္ဂက အာမခံချက် ပေးနိုင်မယ့် လုံခြုံရေးဇုန် တစ်ခု ဖန်တီးပေးဖို့ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

မေးမြန်းခန်း

ထိုင်းနိုင်ငံ၊အလုပ်သမားကာကွယ်ပေးရေးကွန်ရက်(LPN)တည်ထောင်သူ ဆွန်ပေါင်ဆကဲယောက် နဲ့မေးမြန်းခန်း

Facebook