close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့တွင် ကားပစ္စည်းဆိုင် ဓါးပြတိုက်ခံရပြီး အိမ်ရှင်အမျိုးသမီး ဓါးထိုးခံရ

မန္တလေးမြို့လယ် စစ်ကောင်စီလုံခြုံရေးယူထားသည့် ဘဏ်များနှင့်မနီးမဝေးရှိ ကားပစ္စည်းဆိုင် ဓါးပြတိုက်ခံရပြီး အိမ်ရှင်အမျိုးသမီး ဓါးထိုးခံရကြောင်း မြို့ခံများက ပြောသည်။

မန္တလေးလယ်ရှိ ၇၈ လမ်းပေါ် တနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

အင်ကြင်း/People’s Spring

မန္တလေးမြို့လယ် စစ်ကောင်စီလုံခြုံရေးယူထားသည့် ဘဏ်များနှင့်မနီးမဝေးရှိ ကားပစ္စည်းဆိုင် ဓါးပြတိုက်ခံရပြီး အိမ်ရှင်အမျိုးသမီး ဓါးထိုးခံရကြောင်း မြို့ခံများက ပြောသည်။

ယနေ့(အောက်တိုဘာ ၁၇ရက်)သီတင်းကျွတ်လပြည့်နေ့၊ နေ့လယ် ၁ နာရီဝန်းကျင်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၈လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားရှိ ကိုလေးကားပစ္စည်းဆိုင်ဓားပြ တိုက်ခံရကြောင်း မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အိမ်ရှင်အမျိုးသမီးမှာ လည်ပင်းနှင့်လက် ဓားဒဏ်ရာ ရရှိသွားသည်ဟု မန္တလေးမြေပြင်အခြေအနေ ဖော်ပြနေသည့် Voice Of Mandalay စာမျက်နှာက အသိပေးသည်။

“ဟာဂျီကိုလေးရဲ့ ကားပစ္စည်းဆိုင်ပါ။

သူ့မိန်းမ ဓါးထိလို့ ဆေးရုံပို့လိုက်ရတယ်။”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

ဓါးပြတိုက်ခံရသည့်နေရာသည် စစ်ကောင်စီကင်းချထားရာ မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ် တို့နှင့် မနီးမဝေးတွင် တည်ရှိကြောင်း မြို့ခံများက ပြောသည်။

ဓါးပြတိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားနှင့်ရဲများ အခင်းဖြစ်နေရာသို့ ရောက်ရှိနေကြောင်း သိရသည်။

ဓါးပြအတိုက်ခံရသည့်ဖြစ်စဥ်အသေးစိတ်ကိုမူ မသိရသေးပေ။

အာဏာသိမ်းကာလအတွင်း မန္တလေးမြို့ပေါ်တွင်လည်း ရွှေဆိုင်များ၊ ဘဏ်များအပါအဝင် မကြာခဏ ဓါးပြတိုက်ခံနေရပြီး ပြီးခဲ့သည့် စက်တင်ဘာ ၁၀ရက်ကလည်း ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိ အားကစားကွင်းအနီးရှိ ချောင်ချောင် ရွှေဆိုင်ပိုင်ရှင်၏နေအိမ် ဓားပြတိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ရွှေဆိုင်ဓါးပြတိုက်သွားသူများအား ဖမ်းဆီးရမိထားကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။

သတင်း

မန္တလေးမြို့တွင် သေနတ်ဖြင့်အနီးကပ်ပစ်ခတ်ခံရသည့် ယာဥ်ထိန်းရဲမေ အသက်သေဆုံးခြင်းမရှိဘဲ အမှတ်(၁)စစ်မြေပြင် ဆေးတပ်ရင်း၌ ဆေးရုံတက်ကုသနေရကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးမြို့၊ ဧရာဝတီမြစ်ဆိပ်၊ ဂေါဝိန်ဆိပ်ကမ်းတွင် ဆီတင်သင်္ဘောတစ်စီး မီးလောင်ကျွမ်းနေကြောင်း ဒေသခံများက ပြောသည်။

သတင်း

မန္တလေးမြို့တွင် မော်တော်ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးငွေညှစ်နေသော ယာဥ်ထိန်းရဲမေတစ်ဦး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။