close
Connect with us

Hi, what are you looking for?

သတင်း

AA က နပခကိုထိုးစစ်ဆင်​နေစဥ် အမ်း-ပဒန်းလမ်းပိုင်းကိုယာယီပိတ်

အာရက္ခတပ်​တော်(AA)က စစ်​ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား သိမ်းယူ‌ရန် ထိုးစစ်ဆင်​နေပြီး အမ်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေချိန်တွင် ရခိုင်ပြည်နယ်မှ ထွက်ပေါက်ဖြစ်သော အမ်း-‌ပဒန်းလမ်းပိုင်းကိုယနေ့(​အောက်တိုဘာ ၁၆)မှစ၍ယာယီပိတ်ထားကြောင်း သတင်းရရှ်ိသည်။

ရခိုင်ပြည်နယ်တွင် စစ်တပ်လက်ကျန်စခန်းများကိုဆက်တိုက်ထိုးစစ်ဆင်​နေ​သော AAတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-AA Info desk

လူ‌အေး/ People’s Spring

အာရက္ခတပ်​တော်(AA)က စစ်​ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား သိမ်းယူ‌ရန် ထိုးစစ်ဆင်​နေပြီး အမ်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေချိန်တွင် ရခိုင်ပြည်နယ်မှ ထွက်ပေါက်ဖြစ်သော အမ်း-‌ပဒန်းလမ်းပိုင်းကိုယနေ့(​အောက်တိုဘာ ၁၆)မှစ၍ယာယီပိတ်ထားကြောင်း သတင်းရရှ်ိသည်။

ပဲခူးတိုင်း ပြည်မြို့အပြင် မကွေးတိုင်း နှင့် ဧရာဝတီတိုင်းတို့ကို သွားရောက်နိုင်သည့် အမ်း-‌ပဒန်းလမ်းပိုင်းကိုအောက်တိုဘာလ ၁၆ ရက်နံနက်ပိုင်းမှစ၍ AAက ဖြတ်သန်းခွင့်ယာယီပိတ်ထားခြင်းဟု ပြည်မြို့ခံများကပြောသည်။

Public Service Announcement

Public Service Announcement

“လုံခြုံရေးအရ ဖြစ်ပါလိမ့်မယ်။ AA ဘက်က ပိတ်တယ်လို့ ကြားတယ်။ စစ်တက်က လေကြောင်းအင်မတန်သုံးနေရတယ်”ဟု ဒေသခံတဦးကပြောသည်။

အမ်းမြို့စစ်ကောင်စီစခန်းများကို AAက စက်တင်ဘာလ၂၆ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကာကင်းဖြစ်သော မဲတောင်ဗျူဟာကို အောက်တိုဘာလ ၆ရက်ည‌နေတွင်သိမ်းပိုက်ခဲ့သည်။ ထို့အပြင် ခမရ(၃၇၃) နှင့် အမြောက်ကုန်းဟု ဒေသခံများက ခေါ်သည့် ကမ်းဒိတ်တောင်စခန်းကိုအောက်တိုဘာလ၁၁ရက်ညနေတွင် သိမ်းယူခဲ့သည်။

အမ်းမြို့တွင် စစ်ကောင်စီ စကခ (၅) လက်အောက်ခံ ခမရ ၃၄၆နှင့် ခမရ၃၇၂တပ်ရင်းများရှိနေပြီး ယင်းတပ်ရင်းပတ်ဝန်းကျင်နေရာများကို စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံစစ်ဘေးရှောင်တစ်ဦးကပြောသည်။

အမ်း-‌ပဒန်းလမ်းပိုင်းကို AAက ပိတ်ခြင်းသည်စစ်ကောင်စီက မြေပြင်မှအင်အားဖြည့်တင်းလာနိုင်၍ ကြိုတင်ဟန့်တားခြင်းဖြစ်နိုင်ကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ သို့သော် ရခိုင်ပြည်နယ်ဘက်မှထွက်ခွာမည့် စစ်ဘေးရှောင်များကို စိစစ်၍ ထွက်ခွာခွင့်ပေးရန် ပြည်မြို့တွင်ရောက်ရှိနေသည့် စစ်ဘေးရှောင်တစ်ဦးကပြောသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း အရပ်သားများအားအကာအကွယ်ယူ၍ စစ်ရေးဖော်ဆောင်နေကြောင်း AA ကမကြာခဏသတိပေးထားသည်။အမ်း -မင်းဘူးလမ်းတွင် စစ်ကောင်စီက အရပ်သားများအားအကာကွယ်ယူ၍ အင်အားတိုးချဲ့နေသောကြောင့် ယင်းလမ်းမှတဆက်တည်းဖြစ်သော အမ်း-‌ပဒန်းလမ်းပိုင်းသွားလာခွင့်ကို AAက ပြီးခဲ့သည့်ဧပြီလတွင်ကန့်သတ်ခဲ့ဖူးသည်။

ဇွန်လ ၈ ရက်ကလည်း အမ်း -မင်းဘူးလမ်း ရိုးမတောင်ဖြတ်လမ်းပိုင်းမှ တုန်းကြီး​ကျေးရွာအနီးတွင် စစ်ကောင်စီတပ်က ခရီးသည်တင်ကားတစ်စီးကို သေနတ်ဖြင့်ပစ်ခတ်ရာမှာ ခရီးသွားသားအမိသုံးဦးအပါအဝင် ငါးဦးသေဆုံးခဲ့သည်။

AAသည် ဂွမြို့နယ်ရှိ စစ်ကောင်စီစခန်းများကိုလည်း တိုက်ခိုက်နေပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ဒေသခံများကပြောသည်။

လက်တလောတိုက်ပွဲများပြင်းထန်နေသည် ​မောင်​တော နခခ ၅ ၊အမ်းနှင့် ဂွမြို့နယ်မှ တိုက်ပွဲများနှင့်ပတ်သက်၍ AAကသတင်းထပ်မံမထုတ်ပြန်သေးလေ။ စက်တင်ဘာ၂၇ရက်နေ့ကနောက်ဆုံးထုတ်ပြန်ချက်တွင် အမ်း နှင့် ဂွမြို့နယ်မှ နေရာအချို့၌ တိုက်ပွဲများပြင်းထန်နေကြောင်းထုတ်ပြန်ထားသည်။

AA က ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၀ မြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီး ​အမ်း၊ဂွ ၊​မောင်​တောမြို့နယ်များကို အပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ပင်လယ်ဓားပြအတိုက်ခံရပြီး ဘင်္ဂလားပင်လယ်အော်တစ်နေရာတွင် စွန့်ပစ်ထားခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ဦးအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ကမ်းခြေစောင့် တပ်က ကယ်တင်ပြီး သက်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။

သတင်း

မောင်တောမြို့မှ စစ်ကောင်စီ​၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သည့် တစ်ခုတည်းသော နယ်ခြားစောင့် ရဲဌာနချုပ်နခခ(၅)အား အာရက္ခတပ်တော်(AA)က အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း မြေပြင်စစ်ရေးသတင်းမြစ်အချို့က ပြောသည်။

သတင်း

ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)၏ အဓိက ခံစစ်စခန်းတစ်ခုဖြစ်​သော မဲနယ်တောင်ဗျူဟာကို သိမ်းယူပြီးနောက်၅ ရက်အကြာတွင် အာရက္ခတပ်တော်(AA)က ခမရ(၃၇၃)နှင့်အမြောက်ကုန်းကိုပါ ထပ်မံသိမ်းယူလိုက်ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိနေ၍ မကြာမီ ကျရောက်မည့် ဝါကျွတ်ကာလတွင် ရက္ခိုင်ဒေသအတွင်း လူစုလူဝေးဖြင့် ဘာသာရေးပွဲတော်များ၊ ပျောက်ပွဲရွှင်ပွဲများ လုံး၀ မပြုလုပ်ရန် အာရက္ခတပ်တော်(AA)နိုဗာ(၁) စစ်ဒေသက အမိန့်ထုတ်ပြန်သည်။