အင်ကြင်း/People’s Spring
မန္တလေးမြို့၊ ဧရာဝတီမြစ်ဆိပ်၊ ဂေါဝိန်ဆိပ်ကမ်းတွင် ဆီတင်သင်္ဘောတစ်စီး မီးလောင်ကျွမ်းနေကြောင်း ဒေသခံများက ပြောသည်။
ယနေ့(အောက်တိုဘာ ၁၄ရက်) နေ့လယ် ၁နာရီခွဲခန့်က မန္တလေးမြို့၊ ဧရာဝတီမြစ်၊ ဂေါဝိန်ဆိပ်ကမ်းတွင် ရပ်ထားသော ဆီတင်သင်္ဘော မီးလောင်မှုဖြစ်နေပြီး နာရီဝက်ကျော်ကြာသည်အထိ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
“ဆီပေပါ ဂဟေဆော်ရာကနေ ပေါက်ကွဲတာလို့ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါမီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ အသေးစိတ်အခြေအနေ မသိရသေးပေ။
အောက်တိုဘာ ၁ရက်ကလည်း မန္တလေးဆေးရုံကြီး နှလုံးအထူးကုသဆောင် မီးလောင်ကျွမ်းခဲ့သေးသည်။
