close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ဟန်ပြငြိမ်းချမ်းရေးဖိုရမ်နှင့် ရွေးကောက်ပွဲ ပဋိပက္ခဖြေရှင်းနိုင်မည် မဟုတ်၊ အာဏာမတရားယူရန် ကြိုးစားမှုဖြစ်ဟု တအာင်းပါတီ ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီ လုပ်ဆောင်နေသည့် ဟန်ပြငြိမ်းချမ်းရေးဖိုရမ်သည် ပဋိပက္ခများကို ဖြေရှင်းနိုင်မည်မဟုတ်သလို ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေမှုသည်လည်း မတရားအာဏာရယူရန် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)က ယနေ့(ဇူလိုင် ၁၂ရက်)တွင် ထုတ်ပြန်သည်။

ဇူလိုင်-၁၂၊၂၀၂၅။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီ လုပ်ဆောင်နေသည့် ဟန်ပြငြိမ်းချမ်းရေးဖိုရမ်သည် ပဋိပက္ခများကို ဖြေရှင်းနိုင်မည်မဟုတ်သလို ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေမှုသည်လည်း မတရားအာဏာရယူရန် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)က ယနေ့(ဇူလိုင် ၁၂ရက်)တွင် ထုတ်ပြန်သည်။

TNP၏ (၆)လပတ် ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးကို ဇွန်လကုန်ပိုင်းက ကျင်းပခဲ့ပြီး အစည်းအဝေး၏ သဘောထား ကို ယနေ့တွင် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသော ဗဟိုကော်မတီဝင်တိုမှ လက်ရှိမြန်မာပြည်၏ နိုင်ငံရေး ဖြစ်စဉ်တိုကို သုံးသပ်ခဲ့ကြပြီး အာဏာသိမ်းစစ်ကောင်စီမှ ကျင်းပခဲ့သော ဟန်ပြငြိမ်းချမ်းရေးဖိုရမ် (Peace Forum)သည် မြန်မာပြည်၏ ပဋိပက္ခကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ကြောင်း၊ စစ်ကောင်စီမှ အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန်ပြင်ဆင်ဖန်တီးပြုလုပ်ခြင်းသည် တနည်းအားဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးစားခြင်းသာ ဖြစ်သောကြောင့် ကန့်ကွက်ကြောင်း သဘောထားဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ဒီစကစဖက်ကနေ သွေးကွဲစေမယ့် လေသံတွေ ထွက်လာတာ တွေ့ရတယ် ဥပမာ EROsတွေ PDFsတွေ ငြိမ်းချမ်းရေးဖိုရမ်မှာ လာရောက်ပြီး သူလုပ်မယ့် ဟန်ပြငြိမ်းချမ်းရေးနဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပူးပေါင်းကြဖို့ ပြောလာတာတွေ တွေ့ရတယ်။ ဆိုတော့ တော်လှန်ရေးဖက်တော်သားတွေ ဒီလို သွေးခွဲမှုအပေါ်မှာ လိုက်ပြီး နားမယောင်ဖို့ လိုတယ်။ နောက်ပြီး နည်းမျိုးစုံနဲ့ ကျနော်တို့ တော်လှန်ရေးအင်အားစုအချင်းချင်းကြားမှာ သူလျှိုတွေ စေလွှတ်ပြီး စုံစမ်းမယ့်ကိစ္စတွေ ရှိလာပါလိမ့်မယ် ‌ဆိုတော့ သတိထားစောင့်ကြည့်နေဖို့လိုအပ်ပါ့မယ်လို့ပဲ ထပ်ပြီးတိုက်တွန်းချင်ပါတယ်ဗျ”ဟု TNP ပြောရေးဆိုခွင့်ရှိသူ မိုင်းနိုင်ဂေါင်ဇာရ်က ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ လူသားမဆန်သော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန် သော ရာဇဝတ်မှုများ၊ အကြမ်းဖက်လုပ်ရပ်တိုကို ကန့်ကွက်ပြီး နိုင်ငံတကာအဖွဲအစည်းများအနေဖြင့် ထို ကျူးလွန်မှုများအပေါ် အမြန်ဆုံးတားဆီးအရေးယူရန်လည်း TNPက တိုက်တွန်းခဲ့သည်။

TNPသည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ တအာင်းအရပ်ဘက်အဖွဲ့များ နှင့် အတူ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC အဖြစ် စုဖွဲ့စည်း နိုင်ငံရေး၊ တော်လှန်ရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်နေခြင်းဖြစ်သည်။ TPCC ကို ယခုဇွန်လဆန်းတွင် တအာင်းပြည်ကောင်စီ-TLCပြောင်းလဲဖွဲ စည်းကာ TLC မှ ဦးဆောင်ပြီး “တအာင်းပြည်တော်လှန်ရေးကာလအစိုးရအစီအမံ”ကို ဖော်ဆောင်ရန် ဆုံးဖြတ်ထားရာ TNP အနေဖြင့် ပူးပေါင်းဆောင်ရွက်မည်ဟု အသိပေးသည်။

တအာင်း(ပလောင်)အမျိုးသားပါတီအနေဖြင့် ဘုံရန်သူဖြစ်သည့် အာဏာရှင်စနစ်ကို အမြစ်ဖြတ်၍ မြန်မာပြည်တော်လှန်ရေး၏ အန္တိမပန်းတိုင်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို ပြည်သူလူထုတစ်ရပ်လုံး နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သဘောထား ထုတ်ပြန်သည်။

စစ်ကောင်စီသည် ဇွန်လနောက်ဆုံးပတ်တွင် နေပြည်တော်၌ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပကာ ငြိမ်းချမ်းရေးအတွက် ရွေးကောက်ပွဲ ကျင်းပရန်လိုအပ်ကြောင်းကိ စစ်ကောင်စီ ကိုယ်စားလှယ်များ စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသည့် ပုဂ္ဂိုလ်အဖွဲ့အစည်းများက ပြောဆိုကာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းနေသည်။

စစ်ကောင်စီသည် ငြိမ်းချမ်းရေးအကြောင်းပြပြီး ရွေးကောက်ပွဲ ကျင်းပကာ အာဏာသက်ဆိုးရှည်စေရေးကြိုးပမ်းလုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက တုန့်ပြန်ခဲ့သည်။

အမှန်တကယ် ဆွေးနွေးမှုများ ဖြစ်လာရန်မှာ စစ်တပ်နိုင်ငံရေးမှ ထွက်ခွာရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲမှုကို လက်ခံရန်၊ ကျူးလွန်ခဲ့သည့် ပြစ်မှုများနှင့်ပတ်သက်၍ ဝန်ခံပြီး အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရေးကိုလက်ခံရန် အချက်များလိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

DEE/People’s Spring စစ်သားတွေကို သက်ရှိစည်းရိုးလို့ရည်ညွှန်းပြီး ရန်သူတွေစခန်းထဲအထိ ဝင်မလာနိုင်အောင် အသက်စွန့်တိုက်ကြလို့ မင်းသား ခန့်စည်သူမှာကြားတဲ့ ဇာတ်ဝင်ခန်းဟာ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ လက်ထဲပါမသွားလို့ စစ်တပ်က ၂၀၂၄မှာ ဝါဒဖြန့်ဖို့ရိုက်ကူးခဲ့တဲ့ “သက်ရှိစည်းရိုး”ရဲ့ နောက်ဆုံး ဇာတ်သိမ်းခန်း ဖြစ်ပါတယ်။ “သက်ရှိစည်းရိုး”ရဲ့ နောက်ဆုံးဇာတ်သိမ်းခန်းမှာ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်တွေ...

သတင်း

ယခုနှစ်ခြောက်လအတွင်း စစ်ကောင်စီက ပေါ်တာဆွဲ ဖမ်းဆီးခဲ့သူ ၂,၉၀၀ ခန့်ရှိကြောင်း စစ်ရာဇဝတ်မှုများကို မှတ်တမ်းတင်နေသည့် Spring Revolution Database က ယနေ့ ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီနှင့်ဆက်နွယ်ပတ်သက်နေသည့် စက်သုံးဆီဆိုင်များမှ ဆီဝယ်ယူသုံးစွဲခြင်းမပြုကြရန် မသုံးနဲ့(Ma Thone Nae)က ထပ်မံတိုက်တွန်းလိုက်သည်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကင်းပုန်းစခန်းအားဝင်ရောက်တိုက်ခိုက်ရာ စစ်သားများသေဆုံးမှုရှိကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ယနေ့(ဇူလိုင်၁၁ရက်) ထုတ်ပြန်သည်။