close
Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ့စစ်သင်တန်းဆင်းများကိုရှေ့တန်းတွင် စစ်သားများကသတ်ဖြတ်နေဟုအလင်းဝင်လာသူ​ဖွင့်ချ

အမ်း-ပဒါန်းစစ်မြေပြင်တွင် စစ်မှုထမ်းသင်တန်းဆင်းများကို စစ်ကြောင်း၏ ရှေ့ဆုံးမှ တိုက်ခိုင်းပြီး ကြောက်လန့်၍ ပြန်ဆုတ်လာသူများကို ​နောက်မှစစ်သားများက သေနတ်ဖြင့် ပစ်သတ်​နေကြောင်း အာရက္ခတပ်တော်(AA)ထံ အလင်းဝင်ခဲ့သော စစ်မှုထမ်းသင်တန်းဆင်းတစ်ဦးကပြောကြားသည်။

ဇူလိုင်-၁၅၊၂၀၂၅။ကဖေး/People’s Spring

အမ်း-ပဒါန်းစစ်မြေပြင်တွင် စစ်မှုထမ်းသင်တန်းဆင်းများကို စစ်ကြောင်း၏ ရှေ့ဆုံးမှ တိုက်ခိုင်းပြီး ကြောက်လန့်၍ ပြန်ဆုတ်လာသူများကို ​နောက်မှစစ်သားများက သေနတ်ဖြင့် ပစ်သတ်​နေကြောင်း အာရက္ခတပ်တော်(AA)ထံ အလင်းဝင်ခဲ့သော စစ်မှုထမ်းသင်တန်းဆင်းတစ်ဦးကပြောကြားသည်။

အတင်းအဓမ္မစစ်သားစုဆောင်းခံရပြီးအမ်း-ပဒါန်း စစ်မြေပြင်သို့ ပို့ဆောင်ခံရသော စစ်မှုထမ်းသင်တန်းဆင်းတပ်သား နေလင်းအောင်၏ထွက်ဆိုချက်ရုပ်သံဖိုင်ကို AA ကဇူလိုင်လ ၁၅ရက်ညနေ၌ ထုတ်ပြန်ခြင်းဖြစ်သည်။

ပြည်သူ့စစ်သင်တန်းအပတ်စဉ် ၁၄၊၁၅ အပြင် စစ်ကောင်စီတပ်ရင်းအချို့မှ အင်အား ၁၀၀ ကျော်ကို အမ်း-ပဒါန်း လုံခြုံ‌ ရေးကင်းဟု ခေါ်ခဲ့ပြီး ရှေ့တန်းသို့ ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း တပ်သား နေလင်းအောင်က ပြောသည်။

Public Service Announcement

Public Service Announcement

“ကျတော်တို့ ပစ​တွေ (ပြည်သူ့စစ်မှုထမ်းဥပ​ဒေဖြင့်အဓမ္မ​ခေါ်ယူထား​​သောစစ်သားများ)အတော်များများက အရှေ့ဆုံးပွိုင့်မှာ ဆင်းရတာများပါတယ်။ အရှေ့မှာ ဘယ်သူမှမရှိဘူး။ကျတော်တို့ ပစတွေပဲရှိတယ်။ ရန်သူနဲ့ မျက်နှာချင်းဆုံရင် ပစ်ရင်၊ ရန်သူ့ဖက်က ပစ်အားများလို့ ကျတော်တို့ ဆုတ်လာရင် အရာရှိများက၊ အရာခံတွေက မင်းတို့ဘာလို့ဆုတ်လာတာလဲဆိုပြီး ပစ်တာများတယ်။ ကျတော့်ရှေ့မှာတင် သူငယ်ချင်းတစ်ယောက်ကနောက်က အရာရှိပစ်လို့ နောက်စေ့ပွင့်သွားတယ်” ဟု ၎င်းက ပြောသည်။

ထွက်ပြေးသူများလည်းရှ်ိပြီး ပြန်ဖမ်းမိပါက ရှေ့တန်းစစ်ပြေပြင်တိုက်ပွဲကြား၌ကြိုးတုပ်ထားကြောင်း၊ စစ်မတိုက်လို၍ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် ပြန်ပစ်သူများကိုလည်း ဆေးမကုဘဲ ‌ချုပ်နှောင်ထားကြောင်း ၎င်းကဖွင့်ချ​ပြောကြာသည်။ နှိပ်စက်ခံရသော ပြည်သူ့စစ်သင်တန်းဆင်းတစ်ဦးက ထွန်းမြင့်ဆိုသူ တပ်ကြပ် တစ်ဦးကို ဝါးရင်းတုတ်ဖြင့် ရိုက်သတ်ခဲ့သည်။ထို​နောက်အဆိုပါ ပြည်သူ့စစ်သက်တန်းဆင်း စစ်သားကိုလည်း စစ်ကောင်စီတပ်က ပြန်ရိုက်သတ်ခဲ့သည်ဟု ​ပြောသည်။

“ပစတွေက ဘယ်လောက်အထိ နာကျည်းမှုရှိနေလဲမသိဘူး။ ဘယ်လောက်အထိ နှိပ်စက်ထားလဲမသိဘူး ပေါ့ဗျာ။ ခံစားချက်တွေနဲ့ ရိုက်သတ်တာ။ သုံးရစ်ဆရာကြီး တစ်ခါတည်း သေသွားတယ်” ဟု ပြောသည်။

ထို့အပြင်စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်သင်တန်းဆင်းများသည်မူးယစ်ဆေးသုံးစွဲကြသည်ဟုလည်း တပ်သား နေလင်းအောင်က​ပြောသည်။ ၎င်းသည် ပြီးခဲ့သည့် ဇွန်လတွင် ပြည်သူ့စစ်သက်တန်းဆင်း ၆ဦးနှင့်အတူ ထွက်ပြေးလာပြီး AAထံ အလင်းဝင်ခဲ့ခြင်းဖြစ်သည်။ အလင်းဝင်ပါက AA က သတ်ဖြတ်မည်ဟု စစ်သားများက ပြည်သူစစ်သင်တန်းဆင်းများအား ခြိမ်းခြောက်ထားသည်ဟုတပ်သား နေလင်းအောင်က ပြောသည်။

စစ်မှုမထမ်းမနေရဥပဒေအားခုတုံးလုပ်ကာအတင်းအဓမ္မစစ်သားစုဆောင်းနေသော စစ်ကောင်စီတပ်၏ စုဆောင်းခြင်းကိုခံခဲ့ရသော မြန်မာပြည်အနှံ့မှ လူငယ်များသည် တိုက်ပွဲများဖြစ်ပွားနေသည့် ရှေ့တန်းစစ်မြေပြင်များသို့ပို့ဆောင်ခံရပြီး စစ်အင်အားဖြည့်တင်းမှု နှင့် စစ်အာဏာရှင် သက်ဆိုးရှည်ရေးကိစ္စရပ်များတွင် အစတေးခံနေရသည်ဟု AAက ထုတ်ပြန်ထားသည်။

ရှေ့တန်းစစ်မြေပြင်သို့အတင်းအဓမ္မပို့ဆောင်ခြင်းခံနေရသောစစ်ကောင်စီ၏တပ်သားသစ် (သို့မဟုတ်) ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် တိုက်ခိုက်လိုစိတ်မရှိဘဲ အခွင့်ရလျှင်ရသလို၊ အခြေအနေပေးလျှင်ပေးသလို ရှေ့တန်းစစ်မြေပြင်များမှ နီးစပ်ရာ တိုင်းရင်းသားလူမျိုး တော်လှန်ရေးအဖွဲ့အစည်းများထံသို့ ဘက်ပြောင်းခိုလှုံရန် ကြိုးစားနေကြသည်ဟု ဆိုသည်။

တစ်ပြိုင်နက်တည်းတွင် စစ်ကောင်စီသည် မြန်မာပြည်အနှံ့တွင် စစ်ရှုံးကာ စခန်းပေါင်းမြောက်မြားစွာကို လက်လွှတ်ဆုံးရှုံးထားရပြီးနောက် အဆိုပါစခန်း၊ မြို့များကို ပြန်လည်သိမ်းပိုက်ရယူရန် အပြင်းအထန် ကြိုးစားလျက်ရှိကြောင်း၊ သို့သော်ယခင်နှစ်များ၌နည်းတူ နေရာအများစုတွင် အထိအခိုက် အကျအဆုံးများစွာနှင့် ရင်ဆိုင်နေရပြီး ၎င်းတို့၏ လက်ပူတိုက် သင်တန်းပေးထားသော တပ်ဖွဲ့ဝင်များမှာလည်း အထက်တပ်မှူးများ၏ ဗိုလ်ကျအနိုင်ကျင့်မှု၊ညှဉ်းပန်းနှိပ်စက်မှုတို့ကြောင့် တိုက်လိုခိုက်လိုစိတ်မရှိတော့ဘဲ နေ့စဉ်နှင့်အမျှ တပ်မှထွက်ပြေးလျက်ရှိနေကြကြောင်း AAက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကိုခံရပြီးအာရက္ခတပ်တော်ထံသို့ ဘက်ပြောင်းလိုပါက အချိန်မရွေး ဘက်ပြောင်းလာနိုင်ပြီး အလင်းဝင် ဘက်ပြောင်းလာသူတိုင်း၏ အသက် နှင့် လုံခြုံမှုရရှိစေရေးကို အာမခံသည်ဟု AA၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တပ်သား နေလင်းအောင်က သူသည် မိခင်ရော ဖခင်ပါမရှိတော့ဘဲ အဘွားဖြစ်သူသာ ရှိတော့ကြောင်းနှင့် လက်ရှိတွင် ကျန်းမာရေးကောင်းမွန်ပြီး အဘွားထံပြန်လာမည်ဟု ရုပ်သံမှတစ်ဆင့် ပြောသွားသည်။

(အာရက္ခတပ်တော်(AA)ထံ အလင်းဝင်ခဲ့သော စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ် နေလင်းအောင်၏ထွက်ဆိုချက်။ရုပ်သံ-AA Info Desk)

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီ၏ နတ်ရေကန်ဗျူဟာသို့ စေလွှတ်ခံရပြီး လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ဘက်ပူးပေါင်းလာသော စစ်ကောင်စီ တပ်သားသစ်တစ်ဦးသည် တော်လှန်ရေးရဲဘော်အဖြစ်ခံယူကာ စစ်တပ်ကို ပြန်လည်တိုက်ခိုက်သွားရန် ၎င်း၏ဆန္ဒအလျှောက်ရွေးချယ်ထားကြောင်း ၎င်းအားလက်ခံထားသည့် သရက်ခရိုင် အမှတ်(၄) တပ်ရင်းက အသိပေးသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က အဓမ္မ စစ်မှုထမ်းခံရတဲ့ တပ်သား ၃ ဦး မုံရွာပကဖနဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်လာခဲ့ပါတယ်။

သတင်း

စစ်ကောင်စီတပ်မှ တပ်သား တစ်ဦးနှင့် ရဲ တစ်ဦးတို့ လက်နက်များယူလာပြီး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်သည်။

သတင်း

အလင်းဝင် စစ်သားတွေအနက် ၅၂ ဦးဟာ စစ်မှုထမ်းတပ်သားသစ်တွေဖြစ်