စစ်သားတွေကို သက်ရှိစည်းရိုးလို့ရည်ညွှန်းပြီး ရန်သူတွေစခန်းထဲအထိ ဝင်မလာနိုင်အောင် အသက်စွန့်တိုက်ကြလို့ မင်းသား ခန့်စည်သူမှာကြားတဲ့ ဇာတ်ဝင်ခန်းဟာ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ လက်ထဲပါမသွားလို့ စစ်တပ်က ၂၀၂၄မှာ ဝါဒဖြန့်ဖို့ရိုက်ကူးခဲ့တဲ့ “သက်ရှိစည်းရိုး”ရဲ့ နောက်ဆုံး ဇာတ်သိမ်းခန်း ဖြစ်ပါတယ်။
“သက်ရှိစည်းရိုး”ရဲ့ နောက်ဆုံးဇာတ်သိမ်းခန်းမှာ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်တွေ လာတိုက်ချိန်မှာစစ်တပ်ကလေကြောင်းပစ်ကူတောင်းပြီးလေယာဉ်နဲ့ဗုံးတွေလာကြဲတာမှာတော်လှန်ရေးတပ်တွေ ဆုတ်ခွာသွားတာနဲ့ ဇာတ်သိမ်းထားပါတယ်။
အဲဒါက ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက၂၀၂၂ ဇွန် ၂၆ ရက်မှာ ပထမတစ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ချိန်မှာ စခန်းပါမသွားလို့ စစ်တပ်က သူ့ထောက်ခံတဲ့ သရုပ်ဆောင်တွေခေါ်ပြီး ဝါဒဖြန့်ချီဖို့ ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။တော်လှန်ရေးတပ်ဖွဲ့တွေဟာ ၂၀၂၂ ဇွန် ၂၆ရက်မှာ ဥကရစ်ထတပ်စခန်းကို စတင်တိုက်ခိုက်ပြီး ဇူလိုင် ၁ရက်နေ့မှာ စခန်းမသိမ်းနိုင်ဘဲဆုတ်ခွာခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement
အခု တော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး နောက်တစ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ချိန်မှာတော့ ဥကရစ်ထရဲ့ နောက်ဆုံးအခြေအနေဟာ အကယ်ဒမီ တင်အောင်စိုး(ပန်းမြို့တော်)ရိုက်ကူးတဲ့ သက်ရှိစည်းရိုးဝါဒဖြန့် ဇာတ်ကားရဲ့ နောက်ဆုံးဇာတ်သိမ်းခန်းနဲ့ အခြားနားကြီးခြားနားနေပါတယ်။
သက်ရှိစည်းရိုးဇာတ်ကားရဲ့ အဓိကအသက်က ဥကရစ်ထတပ်စခန်းရဲ့ တပ်ကြပ်ကြီးအဖြစ် သရုပ်ဆောင်တဲ့ ခန့်စည်သူက မသေခင်မှာ သူ့ရဲဘော်တွေကိုမှာသွားတဲ့ အသက်ရှိသ၍ ကိုယ့်ကိုယ်ကို ခြံစည်းရိုးလို့ သဘောထားပြီး အသေခံတိုက်ကြဖို့ပါ။ အဲဒါက ဇာတ်လမ်းထဲမှာဘဲ ရှိပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေက စစ်ကောင်စီရဲ့ သက်ရှိစည်းရိုးလို့ ရည်ညွှန်းတဲ့ ဥကရစ်ထတပ်စခန်းကို နောက်တစ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်တဲ့ တစ်လပြည့်တဲ့နေ့မှာဘဲ ဥကရစ်ထတပ်စခန်းကစစ်သားတွေဟာ စခန်းကိုထားခဲ့ပြီး ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားကြပါတယ်။ သက်ရှိစည်းရိုးကနေ သက်မဲ့စည်းရိုးဖြစ်သွားပါတယ်။
ထိုင်း-မြန်မာနယ်စပ်က စစ်ရေးသတင်းတွေဖော်ပြပေးနေတဲ့ ထိုင်းသတင်းဌာန AEC Newsက ဖော်ပြတဲ့ ဓာတ်ပုံမှာတော့ သေမှာကြောက်လို့ ထွက်ပြေးလာကြတဲ့ ဥကရစ်ထရဲ့ သက်ရှိစည်းရိုးတွေဟာ ဖိနပ်ကို ပါမလာကြပါဘူး။ တချို့က ဒဏ်ရာရထားလို့ တုတ်အကူအညီနဲ့ ပြေးလာတဲ့ ပုံစံပါ။ ထိုင်းဘက်ကို ထွက်ပြေးသွားကြတာ တပ်ရင်းမှူးအပါအဝင် ၈၉ဦးလို့ စုံစမ်းသိရပါတယ်။
ပိုပြီးအဖွဲ့စုံလာတဲ့ တော်လှန်ရေးတပ်တွေဟာ ဒီတစ်ကြိမ်မှာတော့အင်အားအများအပြားနဲ့ ဥကရစ်ထတပ်စခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ တစ်လပြည့်တဲ့ ဒီကနေ့ (ဇူလိုင် ၁၂ရက်)မှာဘဲ ဥကရစ်ထတပ်စခန်းကို အပြီးသတ်သိမ်းပိုက်ရခဲ့ပါတယ်။
တကယ်တော့ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက လွယ်လွယ်ကူကူနဲ့ တစ်လတည်းနဲ့ အပြီးပြတ်သိမ်းပိုက်ရခဲ့တာတော့ မဟုတ်ပါဘူး။
တော်လှန်ရေးတပ်တွေဟာ ကရင်ပြည်နယ် ၊ မြဝတီတောင်ဘက် ၊ဒေါနတောင်အရှေ့ခြမ်း ထိုင်း – မြန်မာ နယ်စပ်နားက စစ်ကောင်စီတပ်ရဲ့ သေဘောဘိုးတပ်စခန်းသိမ်းတိုက်ပွဲစတင်ကတည်းက ဥကရစ်ထတပ်စခန်းကို ဝိုင်းရန်ပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်။
သေဘောဘိုးတပ်စခန်းကို တော်လှန်ရေးတပ်တွေက မေလ ၂၇ရက်မှာ သိမ်းယူခဲ့တာဖြစ်ပါတယ်။
ဥကရစ်ထတပ်စခန်းထဲက စစ်သားတွေဟာ အဲချိန်ကတည်းက ပိတ်ဆို့ခံရပြီး ရိက္ခာတွေဖြတ်တောက်ခံရတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ ပြောပါတယ်။သူတို့ဘယ်လောက်တောင့်ခံမလဲဆိုတာ”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဥကရစ်ထရွာဟာ မြဝတီမြို့တောင်ဘက် လေးကေကော်ဒေသနှင့် မြဝတီမြို့ရဲ့ အရှေ့တောင်ဘက် ဝေါ်လေဒေသကို ဆက်သွယ်ထားတဲ့ ကားလမ်းကြောင်းပေါ်မှာ တည်ရှိပြီး စစ်ကောင်စီရဲ့ အဓိကတပ်စခန်းဟာ ဥကရစ်ထရွာရဲ့ မြောက်ဘက် ရွာလမ်းမကြီးဘေးမှာ တည်ရှိပါတယ်။

၂၀၂၄ နှစ်ကုန်ပိုင်းမှာ KNU ဟာဌာနချုပ်လုပ်ခဲ့ဖူးတဲ့ မြန်မာ-ထိုင်းနယ်စပ်က မာနယ်ပလောစခန်းကိုထိုးစစ်ဆင်သိမ်းပိုက်ပြီးနောက်ပိုင်းမှာမြန်မာ-ထိုင်းနယ်စပ်ကစစ်တပ်စခန်းတွေကို ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်နေတာဖြစ်ပါတယ် ။ KNLAနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ မြန်မာ−ထိုင်းနယ်စပ်အနီး ဥကရစ်ထတပ်စခန်း တကျောက ဘလယ်ဒို ၊ ကနဲလေး ၊ရွှေအေးမြိုင် (ဝါးမီထ) ၊ ဘုရင့်နောင်၊ မော်ခီး ၊ ထီးကပလယ်၊သေဘောဘိုးတပ်စခန်းတွေကို ပြီးခဲ့တဲ့ လပိုင်းအတွင်းက ဆက်တိုက် တိုက်ခိုက်သိမ်းယူထားပါတယ်။KNU/KNLA တပ်မဟာ (၇)မှာ စခန်းအနည်းငယ်ပဲကျန်တော့သလို ၊ တပ်မဟာ (၆)မှာလည်း ဝေါလေဗျူဟာအပါအဝင် ဝေါလေနားက တီသယ်လယ်ရွာကာကင်းစခန်း အဲဒီစခန်း နှစ်ခုပဲကျန်တော့တယ်လို့သိရပါတယ်။ တောလှန်ရေးတပ်တွေက ဥကရစ်ထနဲ့အပြိုင် ဝေါလေဗျူဟာနဲ့ တီသယ်လယ်စခန်းတွေကိုလည်း တပြိုင်တည်း တိုက်ခိုက်နေတာဖြစ်ပါတယ်။
စစ်တပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၃ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ၊ဝေါလေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်တွေက ဇူလိုင် ၂ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဝေါလေဗျူဟာတိုက်ပွဲမှာလည်း တော်လှန်ရေးတပ်တွေက နေရာအချို့ကို သိမ်းပိုက်ရထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ဇာတ်ကားအဖြစ်ပါရိုက်ကူးပြီး စိတ်ဓာတ်စစ်ဆင်ရေးလုပ်ခဲ့တဲ့ ဥကရစ်ထ တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရခဲ့လို့ ပြည်သူတွေက ပျော်ရွှင်နေကြပါတယ်။ ဒီညပိုင်း လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ ခန့်စည်သူနဲ့ သက်ရှိစည်းရိုးရဲ့ အခြေအနေတွေအကြောင်းကို လှောင်စရာအဖြစ် လူပြောအများဆုံးအကြောင်းအရာဖြစ်နေပါတယ်။
PDF တွေကလည်း မင်းသားခန့်စည်သူ နေကာမျက်မှန်ကျန်ခဲ့လို့ လာယူပါဦးလို့ပြောဆိုအောင်ပွဲခံနေကြသလို ၊ သက်ရှိစည်းရိုးကိုသွားကြားထိုးတံလုပ်လိုက်ပြီလို့လည်းပြောနေကြပါတယ် ။စစ်တပ်ဝါဒဖြန့်ကားထဲက စစ်သားလို မိုက်ကယ် ဂျက်ဆင်အက ကပြီးအောင်ပွဲခံနေကြသလို စစ်တပ်လွှင့်ခဲ့တဲ့အလံကိုဖြုတ်ပြီး ကရင့်အမျိုးသားအလံတော်ကိုလွှင့်ထူလိုက်ကြပါပြီ ။
ဥကရစ်ထတပ်စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ကော်ဘရာစစ်ကြောင်း(၁)စစ်ကြောင်းမှူး စောကော်ကတော့ “ သက်ရှိစည်းရိုးကြီးကတော့ သွားကြားထိုးတံဖြစ်သွားပါပြီ။ တော်လှန်ညီကိုမောင်နှစ်မတွေနဲ့ တော်လှန်ပြည်သူတွေရဲ့ စည်းလုံးမှုကြီးကတော့ တကယ့်ကိုအံ့မခမ်းပါပဲ”လို့ ရေးသားထားပါတယ်။
ရုပ်သံ- Saw Kaw
