close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းက နယ်စပ်ဂိတ်တွေ ပြန်မဖွင့်ရင် ကမ္ဘာဒီးယားကလည်း နယ်စပ်ကို ပိတ်ပစ်မယ်လို့ ဟွန်ဆန်း ခြိမ်းခြောက်

ထိုင်းဖက်က ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ပြန်မဖွင့်ရင် ကမ္ဘောဒီးယားကလည်း နယ်စပ်ဂိတ်တွေကို ပိတ်ပစ်မယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းက ခြိမ်းခြောက်လိုက်ပါတယ်။

Fresh News

ထိုင်းဖက်က ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ပြန်မဖွင့်ရင် ကမ္ဘောဒီးယားကလည်း နယ်စပ်ဂိတ်တွေကို ပိတ်ပစ်မယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းက ခြိမ်းခြောက်လိုက်ပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်ရဲ့ ဖခင်ဖြစ်ပြီး လောလောဆယ် ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဟွန်ဆန်းက ထိုင်းအနေနဲ့ ၂၄ နာရီအတွင်း နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေးဖို့ ဇွန်လ ၁၆ ရက်နေ့မှာ သတိပေး တောင်းဆိုခဲ့ပါတယ်။ တကယ်လို့ ထိုင်းဖက်က နယ်စပ်ဂိတ်တွေကို အပြည့်အဝ ပြန်မဖွင့်ဘူးဆိုရင် ကမ္ဘောဒီးယားကလည်း ထိုင်းကနေ တင်သွင်းတဲ့ ကုန်စည် မှန်သမျှကို ဝင်ရောက်ခွင့် ပြုတော့မှာ မဟုတ်ကြောင်း ဟွန်ဆန်းက ဆိုပါတယ်။

ဇွန်လ ၁၆ ရက်နေ့က အထက်လွှတ်တော် အစည်းအဝေး တစ်ခုမှာ အဲဒီ သဘောထား ကြေညာချက်ကို ဟွန်ဆန်းက အတည်ပြု ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

သူက ကမ္ဘောဒီးယားဟာ နယ်စပ်ဂိတ်တွေ အားလုံးကို ချက်ချင်းပိတ်ပစ်ဖို့ထိ စဉ်းစားခဲ့ပေမယ့်လည်း သူနဲ့ ဟွန်မာနတ်တို့က ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်နဲ့ ဖုန်းပြောခဲ့တဲ့နောက် အစီအစဉ်ကို ဆိုင်းငံ့ပေးထားတာလို့လည်း ဟွန်ဆန်းက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ မနက်ဖြန်ထိ ထိုင်းဖက်က နယ်စပ်တွေ ပိတ်ထားတာကို ပြန်မဖွင့်ဘူး ဆိုရင်တော့ ထိုင်းရဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ ထုတ်ကုန်တွေ ကမ္ဘောဒီးယားဖက် တင်သွင်းတာကို ကမ္ဘောဒီးယား နယ်စပ်ဂိတ်တွေကလည်း ပိတ်ပင်သွားတော့မယ်လို့ ဟွန်ဆန်းက ခြိမ်းခြောက်သွားပါတယ်။

နောက်ပြီး ထိုင်းဖက်က တစ်ဖက်သတ် စပိတ်တာ ဖြစ်တဲ့အတွက် ကမ္ဘောဒီးယား အာဏာပိုင်တွေဟာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့ ဆိုတာကို ထိုင်းဖက်က အရာရှိတွေနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးတာမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးလို့လည်း ဟွန်ဆန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်တုန်းကလည်း ကမ္ဘောဒီးယား အစိုးရဟာ ထိုင်းဆီကနေ လျှပ်စစ်ဓာတ်အားနဲ့ အင်တာနက် bandwidthတွေ ဝယ်ယူတာကို ရပ်တန့်မယ်လို့ ကြေညာခဲ့ပါတယ်။

မေလကုန်ပိုင်းက အရှေ့တောင်အာရှ ဒေသတွင်း အိမ်နီးချင်း နှစ်နိုင်ငံဟာ နယ်စပ်မှာ အသေးစား လက်နက်ကိုင် ပဋိပက္ခ တစ်ခုဖြစ်ပြီး ကမ္ဘောဒီးယား စစ်သားတစ်ယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ဆက်ဆံရေး တင်းမာနေပါတယ်။ နှစ်ဖက် စစ်တပ်တွေဟာ နယ်စပ်နားမှာ အင်အားဖြည့်တင်း၊ စစ်ပြင်ကြတဲ့ အဆင့်ထိ ရောက်ခဲ့ပြီးမှ အကျေအလည် ညှိနှိုင်းပြီး တပ်တွေ ပြန်လည် ရုပ်သိမ်းခဲ့ကြကြောင်းလည်း သိရပါတယ်။

ကိုးကား: Khmer Times

ဆက်စပ်သတင်းများ

သတင်း

အိမ်သာထဲမှာ ဗုံးခြိမ်းခြောက်စာ ရှာတွေ့ခဲ့တဲ့နောက် အိန္ဒိယ လေကြောင်းရဲ့ ခရီးသည်တင် လေယာဉ် တစ်စီးဟာ ထိုင်းနိုင်ငံကို နောက်ကြောင်းပြန်လှည့်ပြီး အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်က ဘန်ယိုင်ဈေးကြီးကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးရာ တရားမဝင်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁၅ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံဆီကနေ အင်တာနက် ချိတ်ဆက်မှုနဲ့ လျှပ်စစ်ဓာတ်အားတွေ ဝယ်ယူနေတာကို ရပ်တန့်တော့မယ်လို့ ကမ္ဘောဒီးယား အစိုးရက ကြေညာခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသားတွေ တရားမဝင်လာရောက်မှုနဲ့ တရားမဝင်အလုပ်လုပ်ကိုင်တာကြောင့် ထိုင်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခံရမှု ဖြစ်စဉ်တွေ အခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။