close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မင်နီဆိုးတား ပြည်နယ် လွှတ်တော်အမတ်ကို ပစ်သတ်သွားသူကို မြေလှန်ရှာနေ

အမေရိကန်နိုင်ငံ၊ မင်နီဆိုးတား ပြည်နယ်ထဲမှာ ပြည်နယ်လွှတ်တော် အမတ်နဲ့ ခင်ပွန်းဖြစ်သူကို ပစ်သတ်သွားတဲ့ အမျိုးသားကို ရဲအင်အား ရာနဲ့ချီ အသုံးပြုပြီး မြေလှန် ရှာဖွေနေပါတယ်။

Reuters

အမေရိကန်နိုင်ငံ၊ မင်နီဆိုးတား ပြည်နယ်ထဲမှာ ပြည်နယ်လွှတ်တော် အမတ်နဲ့ ခင်ပွန်းဖြစ်သူကို ပစ်သတ်သွားတဲ့ အမျိုးသားကို ရဲအင်အား ရာနဲ့ချီ အသုံးပြုပြီး မြေလှန် ရှာဖွေနေပါတယ်။

ဒီမိုကရက်တစ် ပါတီကို ကိုယ်စားပြုပြီး ပြည်နယ် အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖူးသူ မယ်လစ်ဆာ ဟော့တ်မန်းနဲ့ ခင်ပွန်းဖြစ်သူ မတ်ခ်တို့ဟာ မင်နီယာပိုးလစ် ဆင်ခြေဖုံးမှာရှိတဲ့ ဘရွတ်ကလင်းပက်ခ်က နေအိမ်မှာ ဇွန်လ ၁၄ ရက်နေ့က ပစ်သတ် ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ မတိုင်ခင်မှာ သေနတ်သမားဟာ ဟော့တ်မန်းရဲ့ အိမ်နဲ့ ၉ မိုင်အကွာမှာရှိတဲ့ ပြည်နယ် အထက်လွှတ်တော်အမတ် ဂျွန်ဟော့ဖ်မန်းနဲ့ ဇနီးဖြစ်သူ ယီဗက်တို့ရဲ့ နေအိမ်ကိုလည်း သွားရောက် တိုက်ခိုက်ခဲ့ပြီး ဇနီးမောင်နှံ နှစ်ဦးစလုံး ထိခိုက်ဒဏ်ရာတွေ ရခဲ့ပါတယ်။

မင်နီဆိုးတား ပြည်နယ် အုပ်ချုပ်ရေးမှူး တင်မ်ဝဲ့လ်ဇ်က အဲဒီတိုက်ခိုက်မှုဟာ နိုင်ငံရေး စေ့ဆော်မှုကို အခြေခံတဲ့ လုပ်ကြံမှုတွေလို့ ကြေညာပြီး သေနတ်သမားကို ပိုက်စိပ်တိုက် ရှာဖွေနေကြောင်း ပြောပါတယ်။ အဓိက သံသယ ရှိသူဟာ အသက် ၅၇ နှစ်အရွယ် ဗန့်စ်ဘိုလ်တာ ဆိုသူဖြစ်ပြီး လတ်တလောမှာတော့ အဲဒီဧရိယာကနေ ထွက်ပြေးဖို့ ကြိုးစားနေတယ်လို့ ယုံကြည်ရကြောင်း ဝဲ့လ်ဇ်က ဆိုပါတယ်။

Reuters

FBI ထောက်လှမ်းရေး ဌာနဟာ ဘိုလ်တာရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ပြသခဲ့သလို သံသယ တရားခံအတွက် သတင်းပေးရင် ဆုငွေ ဒေါ်လာ ၅၀၀၀၀ ချီးမြှင့်မယ်လို့ ကြေညာခဲ့ပါတယ်။ မင်နီဆိုးတား ပြည်နယ် ရာဇဝတ်မှု နှိမ်နင်းရေး ဗျူရိုရဲ့ အကြီးအကဲ ဒရူးအီဗန်စ်က သေနတ်သမားရဲ့ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားနေတဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်းတချို့ကိုလည်း ရရှိထားပြီးဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ ဒီပစ်ခတ်မှုကို ဘိုလ်တာက ဘာကြောင့် ကျူးလွန်ခဲ့တာ ဖြစ်နိုင်သလဲ ဆိုတာကိုတော့ သူက ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဘိုလ်တာဟာ ပြည်နယ်ရဲ့ နိုင်ငံရေး အစုအဖွဲ့ထဲမှာ အလုပ်လုပ်ခဲ့တဲ့ ဝန်ထမ်းဟောင်း တစ်ဦးဖြစ်ပြီး ဟော့တ်မန်းရဲ့ ဝန်ထမ်းအင်အား ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ထဲမှာ တာဝန်ယူခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် သိကျွမ်းခဲ့သလား ဆိုတာတော့ မသေချာသေးပါဘူး။

လွှတ်တော်အမတ်နှစ်ဦး တိုက်ခိုက်ခံရမှု အပြီးမှာတော့ ပြည်နယ်ထဲမှာရှိတဲ့ နေရာတချို့မှာ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဆန္ဒပြဖို့ စီစဉ်ထားတဲ့ No Kings ချီတက်ပွဲ တချို့ကို အရေးပေါ် ဖျက်သိမ်းခဲ့ရပါတယ်။ အကြောင်းကတော့ သေနတ်သမားရဲ့ ကားထဲမှာ No Kings ဆန္ဒပြပွဲအတွက် စည်းရုံးတဲ့ လက်ကမ်းစာစောင်တွေကို ရှာတွေ့ခဲ့တာကြောင့်ပါ။ တချို့ ဆန္ဒပြပွဲတွေကတော့ မူလ စီစဉ်ထားတဲ့အတိုင်း ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။

မင်နီဆိုးတား အာဏာပိုင်တွေက ပစ်ခတ် ခံရသူ နှစ်ဦးအပါအဝင် တခြား လွှတ်တော် အမတ်တချို့နဲ့ အရာရှိ တချို့ရဲ့ နာမည်တွေကိုပါ ဘိုလ်တာရဲ့ လက်ရေးနဲ့ ရေးမှတ်ထားတာကို ရှာတွေ့ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဘိုလ်တာက အဲဒီလူပုဂ္ဂိုလ် အားလုံးကို ပစ်မှတ်ထားဖို့ ရည်ရွယ်တာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အဓိကအားဖြင့် ဘိုလ်တာဟာ အမျိုးသမီးတွေ လွတ်လပ်စွာ ကိုယ်ဝန်ဖျက်ချဖို့ ရွေးချယ်ပိုင်ခွင့်အပေါ် ထောက်ခံတဲ့ ပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားခဲ့ဟန် ရှိတယ်လို့ ဆိုပါတယ်။

သေနတ်သမားကို ဖြန့်ကျက် ရှာဖွေနေဆဲ အခြေအနေမှာပဲ ဝဲ့လ်ဇ်က မင်နီဆိုးတား ပြည်နယ်မှာ အလံတွေကို တိုင်တစ်ဝက် နှိမ့်ချ လွှင့်ထူပြီး ဟော့တ်မန်းအတွက် ဝမ်းနည်းကြေကွဲမှုကို ပြသဖို့ အမိန့်ပေးထားပါတယ်။ ဒဏ်ရာရခဲ့တဲ့ လွှတ်တော်အမတ် ဟော့ဖ်မန်းနဲ့ ဇနီးကတော့ ခွဲစိတ်ကုသမှု ခံယူထားရကြောင်း သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြို့တော် ဝါရှင်တန် ဒီစီမှာ အမေရိကန် စစ်တပ်က ခမ်းနားတဲ့ စစ်ရေးပြ ချီတက်ပွဲကြီး ကျင်းပနေတဲ့အချိန် အမေရိကန်နိုင်ငံ အနှံ့မှာတော့ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဆန့်ကျင်တဲ့ No Kings ဆန္ဒပြပွဲတွေကို ကျင်းပနေခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို ကူညီနေမယ်ဆိုရင် အရှေ့အလယ်ပိုင်း ဒေသထဲမှာ ရှိနေတဲ့ အနောက်နိုင်ငံတွေရဲ့ စစ်အခြေစိုက် စခန်းတွေနဲ့ ကုန်သွယ်ရေကြောင်း သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်ရလိမ့်မယ်လို့ အီရန်က ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အီရန်ကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အကြီးအကျယ် အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ချီးကျူးလိုက်ပြီး အီရန် အနေနဲ့ ဘာတစ်ခုမှ အဖတ်ဆယ်စရာ မကျန်တော့တဲ့ အဆင့်ထိ မရောက်ခင် ညှိနှိုင်းမှုတွေ လုပ်သင့်ပြီလို့ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီ မြေရှားသတ္တု (REM)တွေ တင်ပို့မှုကို တရုတ်က ပြန်လည် ခွင့်ပြုပေးမှာ ဖြစ်တဲ့အတွက် တရုတ် ကျောင်းသားတွေကိုလည်း အမေရိကန်မှာ ပညာသင်ဖို့ ပြန်လည် လက်ခံသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။