close
Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြိုနယ်ရှိ ရွာ ၄ရွာ၌တိုက်ပွဲဖြစ်ပွား​နေဟုTNLA ထုတ်ပြန်

ညီနောင်သုံးဖွဲ့ကတဖက်သတ်အပစ်ရပ်စဲထားမှုကို စစ်ကောင်စီအခွင့်ကောင်းယူဟု TNLA ပြော

ဇွန်-၁၄၊၂၀၂၅။ထားမြတ်/People’s Spring

တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)သိမ်းပိုက်ထားသည့်နောင်ချိုမြို့နယ်ရှိ ရွာ ၄ ရွာတွင် စစ်ကောင်စီနှင့် တိုက်ပွဲဆက်ဖြစ်နေကြောင်း TNLAကဇွန်လ ၁၄ရက် ညပိုင်း၌ သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၂ရက်နှင့် ၁၃ရက်နေ့ စစ်ရေး အခြေအနေများကို အသိပေးခဲ့ခြင်းဖြစ်ပြီး ကံကြီးရွာ၊ရွှေသွန်းရွာ ၊ ပိန္နဲကုန်းရွာ နှင့် ဥာဏ်တောရွာများ၌ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟုဖော်ပြသည်။

ဇွန် ၁၃ရက် နေ့လည်တွင် ရွှေသွန်းရွာ တွင် တိုက်ပွဲတွင်စစ်ကောင်စီဘက်ကလက်နက်ကြီး (၃၅)လုံး၊ ဒရုန်းဖြင့်ဗုံး(၁၂)လုံး ပစ်ကူတိုက်ခိုက်ခဲ့ဟု အသိပေးသည်။ အလားတူ ပိန္နဲကုန်းနှင့် ဥာဏ်တောကျေးရွာဘက်တွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်တပ်က လက်နက်ကြီး (၄၁)လုံး၊ ဒရုန်းဖြင့် ဗုံး (၇)လုံး ပစ်ကူပေး တိုက်ခိုက်ခဲ့​ကြောင်းလည်းသိရ သည်။

Public Service Announcement

Public Service Announcement

ဇွန်လ (၁၂)ရက်နေ့လည်း ကံကြီးကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီး (၅၀)လုံး၊ ဒရုန်းဖြင့် ဗုံး(၁၅)လုံးပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ဥာဏ်​တော ၊ပိန္နဲကုန်း ​ကျေးရွာများတွင်တိုက်ပွဲဖြစ်ပါက စစ်​ကောင်စီတပ်သည် ကံကြီးရွာ​ဘေးမှာ ဝိုက်၍ ​နောင်ချိုမြို့ဘက်သို့ ထိုးစစ်ဆင်လာ​နေခြင်းဖြစ်သည်။

စစ်ကောင်စီသည် ငလျင်ဘေးအကြောင်းပြပြီး အပစ်ရပ်စဲရေး ကြေညာထားသော်လည်း နောင်ချိုမြို့နယ်အတွင်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး မြေပြင်ထိုးစစ်ဆင်မှုများလည်းပြု လုပ်​နေသည်။

TNLA ၊ ကိုးကန့် MNDAA၊ ရက္ခိုင် AA တပ်များပါဝင်သည့် ညီနောင်မဟာမိတ် (၃)ဖွဲမှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ဇွန်လကုန်အထိ တစ်ဖက်သတ် အပစ်ရပ်​ကြောင်း ​ကြေညာထားသည်။

စစ်​ကောင်စီကလည်း ဇွန်လကုန်အထိအပစ်ရပ်​ကြောင်း​ကြေညာ​သော်လည်း ညီ​နောင် ၃ ဖွဲ့အပစ်ရပ်ထားသည်ကို အခွင့်ကောင်းယူပြီး အဆက်မပြတ် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း TNLAက ထုတ်ပြန်သည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ တိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရေး စစ်ရေးသတိ အမြဲရှိရန်နှင့် လေကြောင်းရန် သတိပြုရန်လည်း TNLAက ထပ်လောင်း နှိုးဆော်ထားသည်။

တဖက်တွင် စစ်​ကောင်စီကမူ အမှတ် (၂)စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (ကစထ-၂) ကစထမှူးသည် နောင်ချိုမြို့သိမ်းတိုက်ပွဲဝင်မည့် စစ်သားများရှိရာ စစ်မြေပြင်သို့ကိုယ်တိုင်သွားရောက်ကွပ်ကဲခဲ့​ကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရန့်ချန်နယ်လ်များတွင် ဇွန် ၁၃ ရက်တွင်ဝါဒဖြန့်ထားသည်။ထျု့အပြင် နောင်ချိုမြို့ကို စစ်တပ်ကပြန်လည်သိမ်းပိုက်တော့မည်ဖြစ်သည့်အတွက် ပြည်သူများမှ ၀မ်းသာနေပြီး ​နောင်ချိုမြို့ကို စစ်တပ်ကအမြန်ဆုံးသိမ်းပိုက်​ပေးရန်ဝါဒဖြန့်ချီ​နေသည်ကို​တွေ့ရသည်။

ကစထ(၂)မှူးသည် ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးဖြစ်ပြီး ၎င်းသည် ၁၀၂၇ စစ်ဆင်ရေး၌ လားရှိး ရမခကျပြီးစစ်ရှုံးသွား၍တိုင်းမှူးအဖြစ်မှရာထူးပြုတ်ခဲ့သူဖြစ်သည်။သို့​သော် စစ်​ကောင်စီက၎င်းကိုကစထ(၂)မှူးခန့်၍ ရှမ်း​မြောက် နှင့် ကရင်နီစစ်ပွဲများကို ကွပ်ကဲခိုင်း​နေခြင်းဖြစ်သည်။

TNLAနှင့် စစ်ကောင်စီတို့သည် တရုတ်အစိုးရ၏ စီစဉ်မှုဖြင့်ဧပြီလကုန်ပိုင်းကအပစ်ရပ်စဲရေးဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရခဲ့၍ ယခုနှစ် ဩဂုတ်လတွင် ထပ်မံတွေ့ဆုံရန် စီစဉ်ထားသည်။ ဆွေးနွေးပွဲတွင် TNLA ဘက်က ရောက်သည့်နေရာ၌ အပစ်ရပ်စဲရန်၊ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်ဆိုင်းရန်၊ ပြည်သူများ လွတ်လပ်စွာ သွားလာခွင့်ပေးရန် တို့ကို အဆိုပြု ဆွေးနွေးခဲ့ပြီး စစ်ကောင်စီဘက်က TNLA သိမ်းထားသည့် မြို့ ၅မြို့မှ ဆုတ်ခွာပေးရန် တောင်းဆိုခဲ့ရာ နှစ်ဖက် အကြား ညှိနှိုင်းမရဘဲ ဆွေးနွေးပွဲ ပြီးဆုံးခဲ့သည်ဟု TNLA ထုတ်ပြန်သည်။

အကယ်၍ စစ်ကောင်စီနှင့် ဆက်လက်ဆွေးနွေးဖြစ်ပါကလည်း TNLA အနေဖြင့် မူလ ရပ်တည်ချက် သဘောထားအတိုင်း ဆက်လက်ဆွေးနွေးသွားမည်ဟု အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဇွန် ၅ ရက်ကပြောကြားထား သည်။တရုတ်အစိုးရ၏ ဖိအားအတွက်လည်း နည်းလမ်းရှာဆောင်ရွက်သွားမည်ဟု TNLA ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တောင်ဘက် ကံကြီးကျေးရွာကဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေတိမ်ပင်လယ်ရှိရာ နောင်ချိုကြီးကျေးရွာမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ နောင်ချိုဒေသခံတွေကပြောပါတယ်။

သတင်း

တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာ၍ ဒေသခံ တထောင်ကျော် ကျောက်မဲမြို့နယ်သို့ တိမ်းရှောင်နေရကြောင်း TNLAက ယနေ့ ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တောင်ဘက်က ကံကြီးကျေးရွာအနီးဖြစ်တဲ့ တိုက်ပွဲတွေကြောင့် နောင်ချိုမြို့တမြို့လုံး ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ဒီကနေ့ (ဇွန်လ ၁၀ရက်) မနက်ပိုင်းကစပြီး တိုက်ပွဲတွေငြိမ်သက်နေတယ်လို့ အဆိုပါမြို့ခံချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးက ကံကြီးကျေးရွာကနေ ဆုတ်ခွာလိုက်ရတဲ့ စစ်ကောင်စီတပ်နဲ့ ကံကြီးရွာအနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။