close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပျက်ကျခဲ့တဲ့ အိန္ဒိယ လေယာဉ်ရဲ့ Black box ရှာတွေ့

ပျက်ကျခဲ့တဲ့ အိန္ဒိယ ခရီးသည်တင် လေယာဉ်ရဲ့ Black box တစ်လုံးကို ရှာတွေ့ထားပြီလို့ သိရပါတယ်။

EPA

ပျက်ကျခဲ့တဲ့ အိန္ဒိယ ခရီးသည်တင် လေယာဉ်ရဲ့ Black box တစ်လုံးကို ရှာတွေ့ထားပြီလို့ သိရပါတယ်။

ခရီးသည်တင် လေယာဉ်တွေဟာ ပျံသန်းမှု မှတ်တမ်းနဲ့ လေယာဉ်မှူး အခန်းထဲက အသံတွေကို သွင်းယူထားတဲ့ Black box နှစ်လုံးစီ တပ်ဆင်ထားလေ့ ရှိပါတယ်။ အဲဒီ Black boxတွေဟာ မာကျောပြီး အကြမ်းပတမ်းခံအောင် တည်ဆောက်ထားတဲ့ အီလက်ထရောနစ် မှတ်တမ်းတင် ကိရိယာတွေပါ။

အိန္ဒိယ အရပ်ဖက်လေကြောင်း ဝန်ကြီးဌာနက လေယာဉ်ပျက်ကျမှုအပြီး နောက်တစ်နေ့ ဇွန်လ ၁၃ ရက်မှာ Black box တစ်လုံးကို ရှာတွေ့ထားပြီလို့ ပြောပါတယ်။

ဇွန်လ ၁၂ ရက်နေ့က အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ အမာဒါဘက်မြို့ကနေ ပျံတက်သွားခဲ့တဲ့ အိန္ဒိယ လေကြောင်းပိုင် လေယာဉ်ဟာ မိနစ်ပိုင်း အတွင်းမှာတင် မြို့ထဲက ဆေးကျောင်းသား အဆောင်တစ်ခုပေါ် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်ပေါ် ပါသွားသူ ၂၄၂ ဦးထဲမှာ ၁ ဦးသာ အသက်ရှင်ခဲ့ပြီး မြေပြင်ပေါ်မှာလည်း အနည်းဆုံး ၈ ဦးလောက် အသေအပျောက် ရှိခဲ့ကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။

လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးဘဲ သေဆုံးသူတွေရဲ့ မိသားစုတွေက အာဏာပိုင်တွေဆီက ထုတ်ပြန်ချက်တွေကို စောင့်ဆိုင်းနေကြဆဲပါ။ Black box တစ်လုံးကို ရှာတွေ့ပြီ ဖြစ်တာကြောင့် လေယာဉ်မှာ ဘယ်လို အဖြစ်ဆိုး ကြုံသွားခဲ့သလဲ ဆိုတာကို အဖြေရှာဖို့ ပိုပြီး နီးစပ်လာမယ်လို့ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။

လက်ရှိမှာတော့ လေယာဉ်ပျက်ကျတဲ့ ဧရိယာမှာ ရှင်းလင်းမှုတွေ ဆက်လက် ဆောင်ရွက်နေသလို ဒုတိယ Black boxကိုလည်း ရှာဖွေနေပါတယ်။

အခင်းဖြစ်ပွားတဲ့ နေရာကို အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ ကိုယ်တိုင်လည်း သွားရောက် စစ်ဆေးခဲ့ပြီး အဆောက်အအုံ တစ်ခုထဲ စိုက်ဝင်နေတဲ့ လေယာဉ် အမြီးပိုင်းကို မိုဒီက မော့ကြည့်နေတဲ့ ဓာတ်ပုံဟာ လောလောဆယ် လူမှုကွန်ရက်မှာ အရမ်းလူပြောများနေပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

ဗီဒီယို

CAACက သူတို့ဟာ လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်လို့ ကနဦး လေ့လာ ဆန်းစစ်မှုတွေ ပြီးစီးခဲ့ပြီလို့ ဆိုပါတယ်။ အပြီးသတ် အစီရင်ခံစာ ထွက်ပေါ်လာတဲ့အထိ ဆိုရင်တော့ တစ်နှစ်လောက် အချိန်ကြာမြင့်ဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

Black Boxတွေဟာ လေယာဉ် မတော်တဆမှုတွေ ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့အတွက် အရေးအကြီးဆုံး ကိရိယာတွေလည်း ဖြစ်ပါတယ်။ တရုတ် ခရီးသည်တင် လေယာဉ် ပျက်ကျမှုရဲ့ အကြောင်းရင်းကို လက်ရှိ အချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။