close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ကို တိုက်ခိုက်တဲ့ အစ္စရေးကို ရုရှားရှုတ်ချ၊ သံတမန်ရေးနည်းနဲ့ ဖြေရှင်းဖို့ တောင်းဆို

ရုရှားနိုင်ငံ အနေနဲ့ အီရန်ကို အစ္စရေးက တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း ဗလာဒီမာ ပူတင်က အီရန် သမ္မတကို ပြောကြားခဲ့ပါတယ်။

Reuters

ရုရှားနိုင်ငံ အနေနဲ့ အီရန်ကို အစ္စရေးက တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း ဗလာဒီမာ ပူတင်က အီရန် သမ္မတကို ပြောကြားခဲ့ပါတယ်။

ဇွန်လ ၁၃ ရက်နေ့မှာ အစ္စရေးက အီရန်ရဲ့ နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံတွေ၊ စစ်ရေးပစ်မှတ်တွေကို လေကြောင်းကနေ စတင် တိုက်ခိုက်ခဲ့ပြီး ညပိုင်းမှာ အီရန်ကလည်း အစ္စရေးရဲ့ မြို့ကြီးတွေကို ဒုံးကျည်တွေနဲ့ လက်တုံ့ပြန် ပစ်ခတ်ခဲ့ပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ပဋိပက္ခ အစပြုခဲ့ပြီးတဲ့ အချိန်မှာပဲ ပူတင်ဟာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကိုရော၊ အီရန် သမ္မတ မာဆွတ် ပက်ဇက်ရှ်ခန်းကိုပါ ဖုန်းခေါ်ခဲ့တယ်လို့ သိရပါတယ်။

ပက်ဇက်ရှ်ခန်းနဲ့ စကားပြောချိန်မှာတော့ ပူတင်က ရုရှားအနေနဲ့ အစ္စရေးရဲ့ ကျူးကျော် တိုက်ခိုက်မှုကို ရှုတ်ချရပ်တည်မယ်လို့ ပြောကြားခဲ့ကြောင်း ကရင်မလင် နန်းတော်ရဲ့ ထုတ်ပြန်ချက် တစ်ခုမှာ ဖော်ပြထားပါတယ်။ ပြီးတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်သေကြေခဲ့သူတွေအတွက်လည်း ပူတင်က ပက်ဇက်ရှ်ခန်းကို စာနာစကား ပြောခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နေတန်ညာဟုနဲ့ ဖုန်းပြောတဲ့ အခါမှာတော့ ပူတင်က အီရန်ရဲ့ နျူကလီးယား အစီအမံတွေနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲတာတွေကို သံတမန်ရေး နည်းလမ်းတွေနဲ့ ဆွေးနွေး ဖြေရှင်းဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ အစ္စရေး အနေနဲ့ ဒီပြဿနာကို ရှင်းတဲ့အခါ ဗုံးတွေအစား နိုင်ငံရေးနဲ့ သံတမန်ရေး လမ်းကြောင်းတွေကို အသုံးပြုဖို့ လိုကြောင်း ပူတင်က ပြောကြားခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ ပိုမိုဆူပွက်လာတဲ့ အခြေအနေမှာ ရုရှားဟာ နှစ်နိုင်ငံစလုံးနဲ့လည်း နီးနီးကပ်ကပ် ဆက်သွယ်နေဦးမယ်လို့ ကရင်မလင် ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

အစောပိုင်းမှာတော့ ရုရှားဟာ အစ္စရေး-အီရန် ပဋိပက္ခနဲ့ ပတ်သက်လို့ သဘောထားတွေ ထုတ်ပြန်ခဲ့ရာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ တစ်ဖက်သတ် လုပ်ဆောင်ချက်လို့ စွပ်စွဲပြီး အီရန်ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်ပြီး သံတမန်ရေး အားထုတ်မှုတွေကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ဝေဖန်ထားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို ကူညီနေမယ်ဆိုရင် အရှေ့အလယ်ပိုင်း ဒေသထဲမှာ ရှိနေတဲ့ အနောက်နိုင်ငံတွေရဲ့ စစ်အခြေစိုက် စခန်းတွေနဲ့ ကုန်သွယ်ရေကြောင်း သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်ရလိမ့်မယ်လို့ အီရန်က ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အီရန်ကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အကြီးအကျယ် အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ချီးကျူးလိုက်ပြီး အီရန် အနေနဲ့ ဘာတစ်ခုမှ အဖတ်ဆယ်စရာ မကျန်တော့တဲ့ အဆင့်ထိ မရောက်ခင် ညှိနှိုင်းမှုတွေ လုပ်သင့်ပြီလို့ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ အစ္စရေးနိုင်ငံရဲ့ မြို့ကြီးတွေကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ နျူကလီးယားနဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို အစ္စရေးက တိုက်ခိုက်ခဲ့တဲ့နောက် အီရန်ကလည်း အစ္စရေးဖက်ကို ဒရုန်း ၁၀၀ ကျော်နဲ့ တုံ့ပြန် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။