close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သူ့ကို အစ္စရေးက ပြန်ပေးဆွဲခဲ့တာလို့ ဂရက်တာ တွန်းဘာ့ဂ် စွပ်စွဲ

အစ္စရေး စစ်တပ်က ဖမ်းဆီးပြီး နယ်နှင်လိုက်တဲ့နောက် ဂရက်တာ တွန်းဘာ့ဂ်က သူ့ကို အစ္စရေးက ပြန်ပေးဆွဲခဲ့တာသာ ဖြစ်တယ်လို့ စွပ်စွဲ ပြောကြားခဲ့ပါတယ်။

Reuters

အစ္စရေး စစ်တပ်က ဖမ်းဆီးပြီး နယ်နှင်လိုက်တဲ့နောက် ဂရက်တာ တွန်းဘာ့ဂ်က သူ့ကို အစ္စရေးက ပြန်ပေးဆွဲခဲ့တာသာ ဖြစ်တယ်လို့ စွပ်စွဲ ပြောကြားခဲ့ပါတယ်။

လူသားချင်း စာနာမှု ထောက်ပံ့ရေး ပစ္စည်းတွေကို တင်ဆောင်ပြီး ဂါဇာကမ်းမြှောင်ဒေသဆီ ဦးတည် ထွက်ခွာလာတဲ့ သင်္ဘောကို ဇွန်လ ၉ ရက်နေ့မှာ အစ္စရေး စစ်တပ်က တက်ရောက်စီးနင်းပြီး ကုန်စည်တွေကို သိမ်းယူခဲ့သလို ဂရက်တာနဲ့ တခြား တက်ကြွလှုပ်ရှားသူ ၁၁ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ဇွန်လ ၁၀ ရက်နေ့မှာတော့ သူတို့ ၁၂ ဦးလုံးကို အစ္စရေးက နယ်နှင်ပြီး တဲလ်အဗစ်ဗ်မြို့ကနေ ပြင်သစ်နိုင်ငံဆီ ပျံသန်းတဲ့ လေယာဉ်ပေါ် တင်ပေးလိုက်ပါတယ်။ ဂရက်တာ ကိုယ်တိုင်က ပြည်နှင်ဒဏ် ဆုံးဖြတ်ချက်ကို လက်ခံခဲ့တယ်လို့လည်း အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် ဆွီဒင်နိုင်ငံသူ ဂရက်တာဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့ထိပ်တန်း နိုင်ငံခေါင်းဆောင်တွေကိုပါ စိန်ခေါ် မေးခွန်းထုတ်ရင်း လူသိများလာခဲ့သူ ဖြစ်ပါတယ်။ သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ အစ္စရေးက တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားတာကြောင့် အခက်ကြုံနေတဲ့ ဂါဇာပြည်သူတွေကို ကူညီမယ်ဆိုပြီး အီတလီနိုင်ငံကနေ စတင် ထွက်ခွာလာတဲ့နောက် တစ်ပတ်လောက် အကြာ၊ မြေထဲပင်လယ်ထဲမှာ အစ္စရေးရဲ့ ကြားဖြတ် ဖမ်းဆီးမှုကို ခံခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

ပါရီမြို့တော်ကို လေကြောင်းကနေ ရောက်ရှိလာပြီး ခရီးရောက်မဆိုက်မှာပဲ ဂရက်တာက အစ္စရေးဟာ သူနဲ့ တခြား တက်ကြွလှုပ်ရှားသူတွေကို တရားလက်မဲ့ နည်းလမ်းနဲ့ ပြန်ပေးဆွဲခဲ့တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပြင်သစ် အာဏာပိုင်တွေက ဂရက်တာနဲ့အတူ အဖမ်းခံခဲ့ရတဲ့ ပြင်သစ်နိုင်ငံသား ၆ ယောက်ထဲက ၅ ယောက်ဟာ အစ္စရေးရဲ့ နယ်နှင်ဒဏ် သတ်မှတ်အမိန့်ကို လက်ခံကြောင်း လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့ကြပြီး အခုအခါ တရားရေးအရ ဖြေရှင်းစရာ အဆင့်တွေကို ဖြတ်သန်းရမှာဖြစ်ကြောင်း ပြောပါတယ်။

ဂရက်တာ လိုက်ပါသွားတဲ့ သင်္ဘောဟာ ဂါဇာမှာ အစ္စရေး ရေတပ်ရဲ့ တင်းကျပ်တဲ့ ပိတ်ဆို့မှုတွေကို ဖီဆန်ကြောင်း ပြသဖို့အတွက် ထောက်ပံ့ရေးပစ္စည်း တချို့ကို တင်ဆောင်ပြီး ဂါဇာဆီ ဦးတည် ခုတ်မောင်းခဲ့တာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဂါဇာဒေသခံတွေဟာ အစ္စရေးရဲ့ ပိတ်ဆို့မှုကြောင့် အကျပ်အတည်းတွေ ဘယ်လောက်တောင် ရင်ဆိုင်နေရသလဲ ဆိုတာကို မီးမောင်းထိုးပြဖို့ ဖြစ်ပါတယ်။

ဆွီဒင်ကို ဆက်လက် မထွက်ခွာခင် ပါရီမြို့တော်ရဲ့ ချားလ်စ်ဒီဂေါလ် လေဆိပ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ဂရက်တာက အစ္စရေး စစ်တပ်ဟာ သူတို့ရဲ့ သင်္ဘောကို နိုင်ငံတကာ ရေပိုင်နက်မှာ တက်ရောက် စီးနင်းခဲ့တာဖြစ်ကြောင်း၊ သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ စိတ်ဆန္ဒကို ဆန့်ကျင်ပြီး သင်္ဘောဝမ်းထဲမှာ ပြန်ပေးဆွဲ ထိန်းသိမ်းထားကြောင်း၊ သူတို့ကိုလည်း ဘယ်မှ ပေးမသွားဘဲ ချုပ်နှောင်ထားခဲ့ကြောင်း စွပ်စွဲ ပြောကြားသွားပါတယ်။

ဒါပေမဲ့ တကယ်တမ်း အရေးကြီးတဲ့ အကြောင်းအရာက ဂါဇာမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ဆက်လက် ဖြစ်ပွားနေပြီး ပိတ်ဆို့မှုတွေ၊ လမ်းကြောင်း ဖြတ်တောက်မှုတွေ အသုံးပြုပြီး ဒေသခံ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ အငတ်ဘေးဆိုက်အောင် အားထုတ်နေတယ် ဆိုတာပဲ ဖြစ်ကြောင်း၊ ဂါဇာ ဒေသခံတွေအတွက် ရိက္ခာ၊ ဆေးဝါး၊ သောက်ရေတွေ ထောက်ပံ့ပေးပို့ဖို့ အပူတပြင်း လိုအပ်နေပေမယ့် တားဆီးခံနေရကြောင်းလည်း ဂရက်တာက ထောက်ပြသွားပါတယ်။

အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဂါဇာကို ပိတ်ဆို့ထားမှုတွေဟာ နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေနဲ့ ကိုက်ညီကြောင်း ကာကွယ် ပြောဆိုထားပြီး ဂါဇာဆီ ခွင့်ပြုချက် မပါဘဲ ချဉ်းကပ်မှုတိုင်းဟာ တရားမဝင်တဲ့၊ အန္တရာယ်များတဲ့ လုပ်ရပ်မျိုးလို့ သတိပေးခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိ လုပ်ဆောင်နေတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေကိုပါ သက်ရောက် ထိခိုက်သွားစေနိုင်တယ်လို့ ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူသိများတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွ လှုပ်ရှားသူ မိန်းကလေး ဂရက်တာ တွန်းဘာ့ဂ်ဟာ ဂါဇာ ကမ်းမြှောင်ဒေသဆီ သွားရောက်ဖို့ ဦးတည်နေချိန်မှာ အစ္စရေး စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းထားလိုက်ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ (UN) ဝန်ထမ်း သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ကျူးလွန်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က အတည်ပြု ဝန်ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေဟာ ဂါဇာ ကမ်းမြှောင်ဒေသမှာလည်း ပတ်သက် ဆက်နွှယ်တဲ့ အဖွဲ့အစည်း အားလုံးအပေါ် တူတူညီညီ သက်ရောက်ဖို့ လိုတယ်လို့ အမေရိကန်က ပြောကြားလိုက်ပါတယ်။