close
Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့မှဆေးခန်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျန်းမာရေးဝန်ထမ်း ၁ ဦးကွယ်လွန်

အင်းတော်မြို့အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကသိမ်းပိုက်စဉ် ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဘော်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးသည် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့်ကွယ်လွန်ခဲ့သည်။

ဇွန်-၁၀၊၂၀၂၅။ဇော်ရမ်း/People’s Spring

အင်းတော်မြို့အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကသိမ်းပိုက်စဉ် ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဘော်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးသည် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့်ကွယ်လွန်ခဲ့သည်။

ဧပြီလကအင်းတော်မြို့နယ်အတွင်းရှိဆေးခန်းတစ်ခုအပေါ် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်စဉ်အသက် (၆၁)အရွယ် သူနာပြု ဦးအေးမောင်နှစ်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ ဆေးကုသမှုခံယူခဲ့သော်လည်းမေလ ၂၂ရက်က ကွယ်လွန်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့(ဇွန်လ ၁၀ရက်)သတင်းထုတ်ပြန်သည်။

ဦးအေးမောင်သည်ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအား ဆေးကုသမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နေသူဖြစ်ပြီး နွေဦးတော်လှန်ရေး၏ လမ်းခုလတ်တစ်နေရာ၌ ကျဆုံးခဲ့ရသောကြောင့် မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အင်းတော်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၏ အစီအစဥ်ဖြင့်၂၀၂၄ သြဂုတ်လကတည်းက ထိုးစစ်ဆင်ခဲ့ပြီး ၂၀၂၅ ဧပြီ ၇ ရက်တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ မြို့သိမ်းတိုက်ပွဲအတွင်း တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးကိုစစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့သည်။ စစ်ကောင်စီက အင်းတော်မြို့ကိုလက်လွတ်ဆုံးရှုံးရပြီး​နောက် လေကြောင်းမှမကြာခဏလာရောက်တိုက်ခိုက်နေသည်။

ပြီးခဲ့သည့်မတ်လ ၂၂ရက်က ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာဆေးခန်းကို စစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်ရာ CDM ဆရာဝန် ဒေါက်တာမြစိုးအောင်နှင့် ကိုယ်ဝန်ဆောင်ဇနီး ၊အထက်တန်းသူနာပြုဖြစ်သူ ဒေါ်ခိုင်နှင်းဝေ၊ သားဖြစ်သူတို့အပါအဝင်ဒေသခံ ၁၁ ဦး သေဆုံးခဲ့ပြီး ခြောက်ဦးဒဏ်ရာရခဲ့သည်။

စစ်ကောင်စီ၏လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများပိုမိုဆိုးရွားလာ၍ ဗုံးဒဏ်ခံနိုင်သော မြေအောက်ဆေးရုံ‌၊ ဆေးခန်းများဖွင့်နိုင်ရန်လိုအပ်ပြီး ပြည်သူများထည့်ဝင်ကူညီကြရန် NUG ကျန်းမာ​ရေးဝန်ကြီး​ဒေါက်တာ ​ဇော်​ဝေစိုးကတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြင်းထန်ဒဏ်ရာရသူ ၃၇ဦးရှိပြီး ကလေးငယ် ၁၃ဦးပါဝင်ဟု KNUထုတ်ပြန်

သတင်း

ပဲခူးတိုင်း၊ ကျောက်ကြီးမြိုနယ်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဧည့်ခံပွဲ‌နေအိမ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ၁၀ဦး သေဆုံးပြီး ၂၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ အမှတ်(၂)စစ်ဒေသခွဲကထုတ်ပြန်သည်။

သတင်း

ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်၌ မင်္ဂလာဆောင်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ သတို့သမီးအပါအဝင် သေဆုံးသူများဟု ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်၏ လေကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်ရှိ ဆောင်းပြောင်း၊ပင်ပွံ၊လဲင်းဗွာလနှင့် ကောင်ဗာကျေးရွာများမှ ပြည်သူ ၃,၀၀၀ထက်မနည်း စစ်ဘေးရှောင်နေရကြောင်း ဒေသခံလူမှုအသင်းအဖွဲ့ဝင်အချို့က လူထုနွေဦးသို့ ပြောသည်။