close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

UN ဝန်ထမ်း သေဆုံးခဲ့တဲ့ အဆောက်အအုံ တိုက်ခိုက်မှုကို ကျူးလွန်ခဲ့ကြောင်း အစ္စရေးဝန်ခံ

ကုလသမဂ္ဂ (UN) ဝန်ထမ်း သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ကျူးလွန်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က အတည်ပြု ဝန်ခံခဲ့ရပါတယ်။

AP

ကုလသမဂ္ဂ (UN) ဝန်ထမ်း သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ကျူးလွန်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က အတည်ပြု ဝန်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ လတုန်းက ဂါဇာမှာ UN အဆောက်အအုံ တစ်ခုကို အစ္စရေး တင့်ကားတွေက ပစ်ခတ်ခဲ့ရာက UN အမှုထမ်းတစ်ဦး သေဆုံးခဲ့တာ ဖြစ်ပြီး အစောပိုင်းမှာတော့ IDFက အဲဒီကိစ္စကို တောက်လျှောက် ငြင်းဆိုခဲ့ပါတယ်။

ကနဦး စုံစမ်းစစ်ဆေးမှုတွေအပြီး ဧပြီ ၂၄ ရက်နေ့မှာတော့ IDFဟာ ငြင်းဆိုနေတာတွေကို လက်လျှော့ပြီး ဒီရာအယ်လ် ဘာလာဟ်က UN အဆောက်အအုံကို ပစ်ခတ် ဖြိုချမိခဲ့တယ် ဆိုတာကို ဝန်ခံခဲ့ပါတယ်။ မတ်လ ၁၉ ရက်နေ့တုန်းက အဲဒီ အဆောက်အအုံ တိုက်ခိုက်ခံရခြင်းနဲ့အတူ UN ဝန်ထမ်း သေဆုံးခဲ့ရတာပါ။

IDFရဲ့ အကြောင်းပြချက်ကတော့ အဲဒီ အဆောက်အအုံထဲမှာ ရန်သူတွေ ရှိနေတယ်လို့ မှားယွင်း သတ်မှတ်မိခဲ့တာကြောင့်လို့ ဆိုပါတယ်။ နောက်ပြီး IDF တပ်ဖွဲ့ဝင်တွေက ပစ်မှတ်နေရာဟာ UN အဆောက်အအုံ တစ်ခုဆိုတာကို မသိခဲ့ဘူးလို့လည်း IDFက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

IDFက ကနဦးအဆင့် စုံစမ်းစစ်ဆေးမှု ရလဒ် အစီရင်ခံစာ သုံးစောင်ကို UNဆီ ပေးပို့ထားပြီး မကြာခင်မှာ စုံလင်တဲ့ အစီရင်ခံ တင်ပြမှုကို ကြေညာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဖြစ်ခဲ့တဲ့ ကိစ္စအတွက် အစ္စရေးက အထူးစိတ်မကောင်း ဖြစ်ရကြောင်း၊ မှားယွင်းခဲ့တာတွေကို စေ့စေ့စပ်စပ် ပြန်လည် သုံးသပ်ပြီး စစ်ဆင်ရေးဆိုင်ရာ သင်ခန်းစာတွေ ယူသွားမှာဖြစ်ကြောင်း၊ ကွယ်လွန်သူရဲ့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း အသိပေးလိုပါကြောင်းလည်း IDFက ကြေညာသွားပါတယ်။

အစ္စရေး တင့်ကားတွေရဲ့ ပစ်ခတ်မှုကြောင့် UN ဝန်ထမ်း ဘူလ်ဂေးရီးယား နိုင်ငံသား မာရင်ဗာလက်ဗ် မာရီနော့ဗ် သေဆုံးခဲ့ပြီး လုပ်ဖော်ကိုင်ဖက် ၅ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ ဂါဇာမှာ ၂ လကြာ အပစ်အခတ် ရပ်စဲထားရာကနေ IDFက စစ်ရေး လှုပ်ရှားမှုတွေ ပြန်အစပြုပြီး ၂ ရက်အကြာမှာ ဒီတိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

အဲဒီတုန်းက UN အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ဖြစ်စဉ်နဲ့ ပတ်သက်လို့ မခြွင်းမချန် အသေးစိတ် စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားခဲ့ပါတယ်။ UN ပြောရေးဆိုခွင့်ရ အရာရှိ တစ်ယောက်ကတော့ UN အသုံးပြုနေတဲ့ နေရာတွေကို ပဋိပက္ခမှာ ပါဝင်တိုက်ခိုက်နေတဲ့ နှစ်ဖက်စလုံးက သိရှိထားကြကြောင်း၊ နိုင်ငံတကာ ဥပဒေတွေရဲ့ ပြဋ္ဌာန်းမှုအရ သက်ဆိုင်ရာ အင်အားစု အသီးသီးဟာ UN အဆောက်အအုံတွေကို ကာကွယ် စောင့်ရှောက်ပေးရမှာဖြစ်ပြီး ပစ်မှတ်ထား တိုက်ခိုက်ရမှာ မဟုတ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

အစ္စရေးနဲ့ ရန်သူတော် ပါလက်စတိုင်း ပြောက်ကျားတပ်ဖွဲ့ ဟားမားစ်တို့ဟာ ဂါဇာမှာ စစ်ပွဲရပ်ဆိုင်းရေးအတွက် နောက်ကွယ်ကနေ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေပေမယ့် နှစ်ဖက် လိုလား တောင်းဆိုချက်တွေ ညှိနှိုင်းလို့ မရဘဲ ဖြစ်နေကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ မတ်လတုန်းက အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေ သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုဟာ စစ်ရေးအရ နားလည်မှု အလွဲအမှား တစ်ခုကြောင့် ဖြစ်တယ်လို့ အစ္စရေးစစ်တပ် (IDF)က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေဟာ ဂါဇာ ကမ်းမြှောင်ဒေသမှာလည်း ပတ်သက် ဆက်နွှယ်တဲ့ အဖွဲ့အစည်း အားလုံးအပေါ် တူတူညီညီ သက်ရောက်ဖို့ လိုတယ်လို့ အမေရိကန်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ဂါဇာမှာ အစ္စရေးက ပမာဏ ကြီးကြီးမားမား လုပ်ဆောင်နေတဲ့ တိုက်ခိုက်မှုတွေကြောင့် တစ်ရက်တည်းနဲ့တင် ပါလက်စတိုင်း ၂၂၀ ကျော် သေဆုံးခဲ့တယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့ လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသဆီ လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးမှု အားလုံးကို ရပ်ဆိုင်း ဖြတ်တောက်ဖို့ အစ္စရေး အစိုးရက အမိန့်ထုတ်ခဲ့ပါတယ်။