close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာကွယ်ဆေး စိစစ် အကြံပြု ကော်မတီ တစ်ရပ်လုံးကို အမေရိကန် ကျန်းမာရေးဝန်ကြီး ထုတ်ပယ်

အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာဟာ အစိုးရရဲ့ ကာကွယ်ဆေး ထိုးနှံမှုတွေကို စိစစ် အတည်ပြုပေးရတဲ့ ကော်မတီ တစ်ခုလုံးကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။

Reuters

အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာဟာ အစိုးရရဲ့ ကာကွယ်ဆေး ထိုးနှံမှုတွေကို စိစစ် အတည်ပြုပေးရတဲ့ ကော်မတီ တစ်ခုလုံးကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။

ကာကွယ်ဆေး ထိုးနှံမှုရဲ့ အကျိုးကျေးဇူးတွေကို မယုံကြည်သူအဖြစ် အတိအလင်း ကြေညာထားတဲ့ ကနေဒီကို ထရမ့်က ကျန်းမာရေး ဝန်ကြီးအဖြစ် ခန့်အပ်ထားတာ ဖြစ်ပါတယ်။ အခုအခါမှာတော့ ကနေဒီဟာ အမရိကန်မှာ ကာကွယ်ဆေး ထိုးနှံမှုတွေနဲ့ ပတ်သက်လို့ စိစစ်အကဲဖြတ် တိုင်ပင် ဆွေးနွေးမှုတွေ အဓိက တာဝန်ယူတဲ့ ကော်မတီ အဖွဲ့ဝင် ၁၇ ယောက်စလုံးကို ထုတ်ပယ်လိုက်ပါတယ်။

ACIPလို့ခေါ်တဲ့ ကာကွယ်ဆေး ထိုးနှံမှု အကြံပေး ကော်မတီဟာ အကျိုးစီးပွား ရှုပ်ထွေးမှုတွေကို အကြောင်းပြုပြီး ကာကွယ်ဆေးတွေအပေါ် ပြည်သူတွေ ယုံကြည်မှု လျော့ကျလာစေခဲ့တယ်လို့ သူက စွပ်စွဲခဲ့ပါတယ်။ ကနေဒီက အမေရိကန် ပြည်သူတွေ အနေနဲ့ ဘေးအကင်းဆုံး ကာကွယ်ဆေးမျိုး ထိုးနှံခွင့် ရနိုင်တာ သေချာစေဖို့ သူ့အနေနဲ့ လိုလားတယ်လို့လည်း ပြောပါတယ်။

ကနေဒီဟာ အရင်ကတည်းက တရားဝင် အသိအမှတ်ပြု ကာကွယ်ဆေး တချို့ရဲ့ လုံခြုံဘေးကင်းမှုနဲ့ အာနိသင် ထိရောက်မှုတွေအပေါ် ဆန့်ကျင် မေးခွန်းထုတ်ခဲ့ပြီး အဲဒီအမြင်မျိုးနဲ့ ပတ်သက်လို့ ဆရာဝန်တွေ၊ ကျန်းမာရေး ဆေးသိပ္ပံ ပညာရှင်တွေက သူ့ကို ဝေဖန်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ ၉ ရက်နေ့မှာတော့ ကနေဒီဟာ ACIP ကော်မတီဝင် ၁၇ ဦးလုံးကို အနားပေးကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီထဲက ၈ ဦးဟာ ဇန်နဝါရီလတုန်းက အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန် နောက်ဆုံးတာဝန်ယူတဲ့ နေ့မှာ ခန့်အပ်ခံခဲ့ရသူတွေ ဖြစ်ပါတယ်။ ကော်မတီဝင် အများစုဟာ အထင်ကရ တက္ကသိုလ်တွေရဲ့ ဆေးပညာ စင်တာတွေဆီက ဆရာဝန်တွေ၊ ကျွမ်းကျင်သူတွေ ဖြစ်ပါတယ်။

ကနေဒီကတော့ သူကိုယ်တိုင် ACIP ကော်မတီဝင်တွေကို မထုတ်ပယ်ဘူးဆိုရင် သမ္မတ ထရမ့် အနေနဲ့ ၂၀၂၈ ခုနှစ် မတိုင်ခင်ထိ ကော်မတီဝင် အသစ်တွေ ခန့်အပ်နိုင်မှာ မဟုတ်ဘူးလို့လည်း အကြောင်းပြခဲ့ပါတယ်။

သူက ရှိရင်းစွဲ ကော်မတီကတော့ အကျိုးစီးပွား ရှုပ်ထွေးမှုတွေ လှိုက်စားနေပြီး တင်ပြလာသမျှ ကာကွယ်ဆေးတိုင်းကို ခွင့်ပြုကြောင်း တံဆိပ်တုံး ထုပေးရုံ အစုအဖွဲ့ တစ်ခုထက် မပိုတော့ဘူးလို့လည်း စွပ်စွဲသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ကခွေးလေးခွေးလွင့်​တွေနဲ့ အိမ်မွေးခွေး၊ကြောင်​တွေကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊မွေးမြူရေးနှင့် ကုသရေးဌာနက ကာကွယ်ဆေးအခမဲ့ လိုက်လံထိုးပေး​နေပါတယ်။

နိုင်ငံတကာ

ငှက်ဖျားနဲ့ ပတ်သက်လို့ အာဖရိကတိုက်မှာ နောက်ထပ် အားတက်စရာ သတင်းတစ်ခုကတော့ အခုလ အစောပိုင်းတုန်းက ကိပ်ဗာဒီ နိုင်ငံဟာ နှစ်ပေါင်း ၅၀ လောက်အတွင်း ပထမဆုံးသော ငှက်ဖျားကင်းစင်တဲ့ ဆာဟာရ ဆက်စပ် နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဒါပေမဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ထုတ်လုပ်တဲ့ ဆေးဝါးတွေကို တရုတ်က အားကိုးရပါတယ်ဆိုရင် သူ့အတွက် အကြီးအကျယ် သိက္ခာ ကျစေလိမ့်မယ်လို့ ရှီက ခေါင်းမာမာနဲ့ ယူဆထားဆဲလို့လည်း ဟိန်းစ်က မှတ်ချက် ပေးသွားပါတယ်။

နိုင်ငံတကာ

ရှိုက်သွင်းရတဲ့ ကာကွယ်ဆေးကို တရုတ် ဆေးကုမ္ပဏီ CanSino Biologicsက တီထွင်ခဲ့ပါတယ်။ ဒီဆေးဟာ လူသားတွေအတွက် ဆိုးကျိုး မရှိသလောက်နည်းတဲ့ တုပ်ကွေးဗိုင်းရပ်စ် တစ်မျိုးကို အခြေခံပြီး တီထွင် ထုတ်လုပ်ထားကြောင်း သိရပါတယ်။