close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဩစတြီးယား စာသင်ကျောင်းမှာ ပစ်ခတ်မှုဖြစ်၊ သေနတ်သမား အပါအဝင် ၁၀ ဦးသေ

ဩစတြီးယား နိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး သေနတ်သမား အပါအဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

Getty Images

ဩစတြီးယား နိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး သေနတ်သမား အပါအဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဩစတြီးယားနိုင်ငံ အရှေ့တောင်ဖက်မှာရှိတဲ့ ဂရက်ဇ်မြို့က ကျောင်းတစ်ကျောင်းမှာ ဇွန်လ ၁၀ ရက်နေ့က ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ သေနတ်သမားဟာ အနည်းဆုံး လူ ၉ ယောက်ကို ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ ရဲတွေက ပြောပါတယ်။

သေနတ်သမား ဘယ်သူဘယ်ဝါ ဆိုတာကို ရဲတွေက မထုတ်ပြန်သေးပေမယ့် ဂရက်ဇ်မှာပဲ နေထိုင်တဲ့ အသက် ၂၁ နှစ်အရွယ် ကျောင်းသားဟောင်း တစ်ဦးလို့တော့ ဆိုပါတယ်။ သေနတ်သမားဟာ ဒီကိစ္စကို တစ်ကိုယ်တော် ကျူးလွန်ခဲ့ပြီး တခြားကြံရာပါတွေ မရှိနိုင်ဘူးလို့ ရဲတွေက ယုံကြည်နေပါတယ်။

ပစ်ခတ်မှုကို ကျူးလွန်ရတဲ့ အကြောင်းရင်းကိုတော့ ရဲတွေက စုံစမ်းနေဆဲပါ။ ဖြစ်စဉ်မှာ ဒဏ်ရာရသူတွေလည်း ရှိခဲ့ပြီး အခြေအနေ စိုးရိမ်ရသူတွေလည်း ပါဝင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဂရက်ဇ် မြို့တော်ဝန် အယ်လ်ကီခါးဟ်က ဒီကိစ္စဟာ တစ်မြို့လုံးအတွက် ဆိုးရွားလှတဲ့ ကြေကွဲစရာ ဖြစ်ရပ်ကြီးလို့ ပြောကြားခဲ့ပါတယ်။ သေဆုံးသူတွေ အများစုဟာ ကျောင်းသားကျောင်းသူတွေလို့ ယူဆရပြီး အရွယ်ရောက်ပြီးသူ အနည်းဆုံး တစ်ဦးလည်း ဝင်ပါတယ်။

ဩစတြီးယား အဓိပတိ ခရစ္စတီယန် စတော့ကာဟာ ဂရက်ဇ်ကို ကိုယ်တိုင် သွားရောက်နေပြီး ဒါဟာ တစ်နိုင်ငံလုံးကို တုန်လှုပ်စေတဲ့ ဝမ်းနည်းစရာ ဖြစ်ရပ်မျိုးလို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဩစတြီးယားမှာတော့ တစ်ချက်ပစ်ပြီးတိုင်း တစ်ကြိမ် ကျည်ဖြည့်ဖို့လိုတဲ့ ရိုင်ဖယ်နဲ့ ပြောင်းတို သေနတ်လို လက်နက်တွေကို အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ပါမစ်မလိုဘဲ ဝယ်ယူခွင့် ရှိပါတယ်။ အော်တိုမက်တစ် ရိုင်ဖယ်တွေနဲ့ ချေမှုန်းရေး ရိုင်ဖယ်တွေလို လက်နက်တွေကို ဝယ်ယူခွင့် အတွက်တော့ သီးခြား စာရွက်စာတမ်းနဲ့ ခွင့်ပြုချက်တွေ လိုအပ်ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ပစ်ခတ်မှုတွေဖြစ်ပွားနေလို့ ကားအစီးရေရာချီ ပိတ်မိနေကြောင်း ဒေသခံများက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အပေါ်ပိုင်း ဗလာကျင်းလျက်နဲ့ သေနတ်ကိုင်ပြီး ဦးတည်ရာမဲ့ ပစ်ခတ်ခဲ့တဲ့ စိတ်မူမမှန်သူ တစ်ယောက်ကို ရဲတွေက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

လူပေါင်း နှစ်ဒါဇင်ကျော် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုဟာ အိန္ဒိယ ထိန်းချုပ်ထားရာ ကက်ရှ်မီးယား ဒေသမှာ ဆယ်စုနှစ်တွေအတွင်း အရပ်သားတွေကို ပစ်မှတ်ထားတဲ့ အဆိုးရွားဆုံး အကြမ်းဖက်မှု တစ်ခုအဖြစ် မှတ်တမ်းဝင်လာခဲ့ပါတယ်။