close
Connect with us

Hi, what are you looking for?

သတင်း

တပ်ဖွဲ့ဒုခေါင်းဆောင်ပစ်သတ်ခဲ့သည့် ဂွေထုဌာနေပြည်သူ့စစ်ခေါင်းဆောင်အား စစ်ကောင်စီ ဖမ်းဆီး

စစ်ကောင်စီလက်အောက်ခံ ဂွေထုဌာနေပြည်သူ့စစ်တပ်ဖွဲ့ ဒုခေါင်းဆောင် ဦးအောင်ဂမ်အား သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် တပ်ဖွဲ့ခေါင်းဆောင် ဦးနော်လီကို မန္တလေးလေဆိပ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

သေဆုံးခဲ့သည့် ဂွေထုဌာနေပြည်သူ့စစ်တပ်ဖွဲ့ ဒုခေါင်းဆောင် ဦးအောင်ဂမ်နှင့် သေနတ်ဖြင့်ပစ် သတ်ခဲ့သည့် တပ်ဖွဲ့ခေါင်းဆောင် ဦးနော်လီ။ ဓာတ်ပုံ - CJ

စက်တင်ဘာ-၁၀၊ ၂၀၂၅။ လူအေး/People’s Spring

စစ်ကောင်စီလက်အောက်ခံ ဂွေထုဌာနေပြည်သူ့စစ်တပ်ဖွဲ့ ဒုခေါင်းဆောင် ဦးအောင်ဂမ်အား သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် တပ်ဖွဲ့ခေါင်းဆောင် ဦးနော်လီကို မန္တလေးလေဆိပ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

သေဆုံးခဲ့သည့် ဂွေထုဌာနေပြည်သူ့စစ်တပ်ဖွဲ့ ဒုခေါင်းဆောင် ဦးအောင်ဂမ်နှင့် သေနတ်ဖြင့်ပစ် သတ်ခဲ့သည့် တပ်ဖွဲ့ခေါင်းဆောင် ဦးနော်လီ။ ဓာတ်ပုံ – CJ

ဂွေထုဌာနေပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင် ဦးနော်လီကို စက်တင်ဘာလဆန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရကြောင်း ဝိုင်းမော်မြို့ခံတစ်ဦးကပြောသည်။

ဦးနော်လီနှင့်ဦးအောင်ဂမ်သည် ပြီးခဲ့သည့် ဇူလိုင် ၇ရက်က ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာရှိ ဂွေထုဌာနေပြည့်သူ့စစ်တပ်ဖွဲ့ခန်းမ၌ အစည်းအဝေးကျင်းပနေစဉ် တပ်ဖွဲ့အကြီးအကဲရာထူးလုရာက အခြေအနေတင်းမာခဲ့ပြီး ဦးနော်လီက သေနတ်ထုတ်၍ ပစ်ခတ်ခဲ့ခြင်းဟု ဂွေထုဌာနေပြည့်သူ့စစ်တပ်ဖွဲ့နှင့် နီးစပ်သူကပြောသည်။

Public Service Announcement

Public Service Announcement

” ဦးနော်လီနဲ့ မပခတိုင်းမှူးနဲ့က ဆက်ဆံရေးရှိတယ်။ ဒါကြောင့် မဖမ်းဘဲလွှတ်ထားတာ။ဖမ်းမပေးဘူးဆိုရင် လက်ရှိကချင်ပြည်နယ်ကတိုက်ပွဲတွေမှာ လိုက်ဖို့ငြင်းဆန်နေလို့ ဖမ်းလိုက်တာလို့ပြောကြတယ်”ဟု ၎င်းက ပြောသည်။

ပစ်ခတ်ခံရသည့် ဦးအောင်ဂမ်သည် ယင်းနေ့တွင်ပင် သေဆုံးခဲ့သည်။ ဦးနော်လီသည် မန္တလေးမြို့တွင် ဖျော်ဖြေလုပ်ငန်းများနှင့် တရားမဝင်လောင်းကစားလုပ်ငန်းများ၊ ကျောက်စိမ်းလုပ်ငန်းများရှိနေပြီး စက်တင်ဘာလဆန်းက ရန်ကုန်မြို့မှအပြန်တွင် လေယာဉ်ပေါ်က ဆင်းဆင်းချင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် ဖြစ်စဉ်အသေးစိတ်ကို သီးခြားမသိရှိရသေးပေ။

ကချင်ပြည်နယ်တွင် လတ်‌တလော၌ ဗန်းမော်၊ ဝိုင်းမော်နှင့် ဖားကန့်မြို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက ၎င်းတို့၏ လက်အောက်ခံပြည်သူ့စစ်အဖွဲ့များ၊ ရှမ်းနီတပ်(SNA)တို့ကို အသုံးပြုပြီး တိုက်ခိုက်နေသည်။ အဆိုပါတိုက်ပွဲများတွင် ဂွေထုဌာနေပြည့်သူ့စစ်တပ်ဖွဲ့ဝင်များလည်းပါဝင်နေကြောင်း သိရသည်။

ဦးနော်လီဖမ်းဆီးခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းရန် ဂွေထုဌာနေပြည်သူ့စစ်တပ်ဖွဲ့အား ဆက်သွယ်သော်လည်း အဆက်အသွယ် မရရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်မှ တပ်သား တစ်ဦးနှင့် ရဲ တစ်ဦးတို့ လက်နက်များယူလာပြီး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်သည်။

သတင်း

ကချင်ပြည်နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဂွေထုဌာနေပြည့်သူ့စစ်တပ်ဖွဲ့ ခေါင်းဆောင်နှင့် ဒု-ခေါင်းဆောင်တို့ တပ်ဖွဲ့အကြီးအကဲရာထူးလုရာမှ အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့သည်။

သတင်း

မန္တလေးမြို့မှာ ဒီနေ့မနက်ပိုင်းက ပစ္စည်းပို့ဆောင်သူ(Delivery)သမားတစ်ဦးရဲ့ ဆိုင်ကယ်ကို ပြည်သူ့စစ်ယူနီဖောင်းဝတ်ထားသူတစ်ဦးပါ ၃ဦးက လုယက်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ တာဝန်ကျနေတဲ့ လက်နက်ကိုင် ပြည်သူ့စစ်နှစ်ဦးနဲ့ ရဲတစ်ဦးတို့ဟာ လက်နက်ကိုယ်စီနဲ့ အလင်းဝင်လာလို့ သိန်း ၅၀ စီ ဆုချီးမြှင့်လိုက်ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ ကိုအာကူးက ပြောပါတယ်။

Facebook