close
Connect with us

Hi, what are you looking for?

သတင်း

သက်ငယ်မုဒိမ်းမှုကျူးလွန်‌‌သူကို သေဒဏ်ပေးဖို့ဝက်လက်မှာ​ဒေသခံ​တွေဆန္ဒပြ

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်ကဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF)တစ်ခုဖြစ်တဲ့ဗိုလ်လင်းမြွေကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်တဦးက စစ်ဘေးရှောင်အသက်မပြည့်သေးတဲ့မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တာ ကြောင့် ဒေသခံ တွေက ကျူးလွန်သူကို သေဒဏ် ပေးဖို့အတွက် တောင်းဆို ဆန္ဒပြနေကြပါတယ်။

​ဝက်လက်မြို့နယ်က ဒေသခံ​တွေကဆန္ဒထုတ်​ဖော်​တောင်းဆို​​နေကြစဥ်။ဓါတ်ပုံ-CJ

စက်တင်ဘာ၁၀၊၂၀၂၅၊မေ/People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်ကဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF)တစ်ခုဖြစ်တဲ့ဗိုလ်လင်းမြွေကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်တဦးက စစ်ဘေးရှောင်အသက်မပြည့်သေးတဲ့မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တာ ကြောင့် ဒေသခံ တွေက ကျူးလွန်သူကို သေဒဏ် ပေးဖို့အတွက် တောင်းဆို ဆန္ဒပြနေကြပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့က ရွာသာကြီး​ကျေးရွာစာသင်ကျောင်း၊အနောက်တောင်ဘက်ရှိ ကန်ဘောင်မှာအသက်၁၁နှစ်အရွယ်မိန်းက လေးကို ဗိုလ်လင်းမြွေတပ်ဖွဲ့ဝင်အသက်၂၈နှစ်အရွယ်မျိုးကိုဆိုသူကအဓမ္မပြုကျင့်ခဲ့တာလို့​ဒေသခံအချို့က​ပြောပါတယ်။

ဒီကိစ္စကိုမကျေနပ်လို့ဒေသခံတွေကနှစ်ရက်ဆက်တိုက်ဆန္ဒပြခဲ့ကြပါတယ် ။စက်တင်ဘာ ၉ ရက်​နေ့ ကလည်း သရက်ကြီး ကျေးရွာမှာတရားစီရင်ရေးကို အယုံကြည်မရှိလို့သေဒဏ် ပေးဖို့ဆိုပြီး တောင်းဆိုခဲ့ကြသေးတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ရွာသာကြီးမှာမနေရဲကြလို့ သရက်ကြီးကန်ဘောင်နားမှာ စစ်ရှောင်နေကြတာ။အခုတော့ ကလေး ရော၊မိဘတွေရောက ဆေးခန်းမှာ”လို့ ဒေသခံတဦး ကပြောပါတယ်။

ရွာမှာသမီးငယ်​​လေး​တွေရှိ​နေ​သေးတဲ့အတွက် မျိုးကို ကိုဆက်ထားရင် ထပ်မံကျူးလွန်နိုင်​သေးတာရယ် ၊ရွာ နာတာ​ကြောင့် ​သေဒဏ်စီရင်​ပေးကြဖို့​တောင်းဆို​နေကြတာကို​တွေ့ရပါတယ် ။ စစ်​ကောင်စီစိုးမိုးနယ်​မြေမဟုတ်ပဲ အမျိုးသားညီ

ညွတ်​ရေးအစိုးရ (NUG)စိုးမိုးနယ်​မြေဖြစ်တာ​ကြောင့် NUG က ​ဒေသခံပြည်သူ​တွေရဲ့ လိုလားချက်အတိုင်း အ​ရေးယူ​ပေးရမယ်လို့ ​ဒေသခံအချို့က​ပြော​နေတာကို​တွေ့ရပါတယ် ။

လက်ရှိမှာကျူးလွန်သူ မျိုးကို ဆိုသူကို ဝက်လက်မြို့နယ် ပြည်သူ့လုံခြုံ​ရေးတပ်ဖွဲ့ (ပလဖ)က ဖမ်းဆီးထားကြောင်းသိရတယ်လို့အထက်ပါ​ဒေသခံက​ပြောပါတယ်။

ပထမတရက်ကဆန္ဒပြတဲ့ရုပ်သံမှတ်တမ်းအတွင်းမှာ ဒီတပ်ဖွဲ့ဝင်ဟာ ဗိုလ်လင်းမြွေ တပ်ဖွဲ့ကထုတ်ပယ်ထားတဲ့ အဖွဲ့ဝင် ဖြစ်တယ်လို့ ပြောထားတာတွေ့ရပေမယ့်ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နဲ့ PDFတပ်ရင်း တွေကတော့ မျိုးကိုဟာ လက်ရှိတာဝန်ထမ်းဆောင် နေဆဲဖြစ်တယ်လို့ဆိုကြပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး People’s Spring က ဗိုလ်လင်းမြွေတပ်ဖွဲ့နဲ့ မြို့နယ်ပကဖကို ဆက်သွယ် မေးမြန်းဖို့ကြိုးစား နေပေမယ့် အခုချိန်အထိ အဆက်အသွယ်မရ သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (စက်တင်ဘာ ၁၀)မှာ "သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့" ကြွေးကြော်ကာ စစ်ကောင်စီရဲ့ ရွေးကောက် ပွဲကို ဆန့်ကျင်ကြောင်း အသီးသီး ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (စက်တင်ဘာ ၉)မှာ "တရားမဝင် အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်" ဟု ကြွေးကြော်ကာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတံတားမှာ ပေါ်တာဆွဲမှုတွေကြောင့် ကုန်ကားတွေအပါအဝင် ခရီးသည်အများစုဟာ ဇက်ဆိပ်ကနေ ဖြတ်သန်းတာတွေများလာပြီးတဲ့နောက် စစ်တပ်က ဇက်ဆိပ်ကနေ စောင့်ပြီး ပေါ်တာဆွဲတာ နေတယ်လို့ ခရီးသည်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စစ်ကောင်စီစိုးမိုးနယ်မြေမှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းတွေသိမ်းရတယ်လို့ ဗျူဟာ(၅၂) ပေါ်ဦးစစ်ကြောင်း တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook