close
Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းပိုင်းတိုက်ပွဲ ရဲဘော်နှစ်ဦး ကျဆုံး

ကရင်နီပြည်နယ်၊ ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းပိုင်း တိုက်ပွဲအတွင်း ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း ကရင်နီတိုင်းစစ်ဌာန၊ အမှတ် (၁၁၀၇)တပ်ရင်းက ယနေ့ ထုတ်ပြန်သည်။

ကျဆုံးရဲဘော်အား သဂြိုလ်ရန် လုပ်ဆောင်နေစဉ်။ ဓာတ်ပုံ - အမှတ် ၁၁၀၇ တပ်ရင်း

စက်တင်ဘာ−၁၀၊ ၂၀၂၅။ ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းပိုင်း တိုက်ပွဲအတွင်း ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း ကရင်နီတိုင်းစစ်ဌာန၊ အမှတ် (၁၁၀၇)တပ်ရင်းက ယနေ့ ထုတ်ပြန်သည်။

ရဲဘော်သက်အောင်(ခ)အောင်ပုနှင့် ရဲဘော်ဒိုးအီတို့သည် စက်တင်ဘာ ၇ရက် နှင့် ၈ ရက်က ဖြစ်ပွားခဲ့သည့် ငွေတောင်ရွာသစ်တိုက်ပွဲအတွင်း အသက်ပေးခဲ့ရသည်ဟု ဆိုသည်။

ရဲဘော်သက်အောင်နှင့် ရဲဘော်ဒိုးအီတို့သည် တော်လှန်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သူများဖြစ်ကြောင်း အသိ​​ပေးသည်။ မြင့်မြတ်စွာ အသက်ပေးခဲ့ရသော ရဲဘော်တို့နှင့်အတူ နွေဦးတော်လှန်ရေးအာဇာနည်တို့အား တိုင်တည်၍ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“ငွေတောင်ရွာသစ်ကို စခ တွေ ရသွားတယ်။ ဒါပေမယ့် လမ်းမကြီးရဲ့ ဒီးမော့ဆိုဘက်ခြမ်း ပတိုငံရွာဘက်က စကစစစ်ကြောင်း မြို့ထဲဘက်ကို ပြန်ဆုတ်သွားရတယ်”ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ငွေတောင်ရွာသစ်သည် ဖရူဆိုမြို့နယ်အတွင်းရှိကာ ထိုမှတဆင့် ထီးပေါ်ဆို၊ ထီးသော်ကူးကျေးရွာများဘက်သို့ စစ်ကောင်စီတပ်က စစ်ကြောင်း ဆက်ထိုးနိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။

“ဒီးမော့ဆိုနဲ့ ဖရူဆိုအစပ်က လမ်းကြောတစ်ခုကို စကစဘက်က ရထားတယ်။ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေတုန်းပါပဲ”ဟု ဒီးမော့ဆိုအခြေစိုက်ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

သြဂုတ်လနောက်ဆုံးပတ်နှင့် ယခုစက်တင်ဘာလဆန်းပိုင်းအတွင်း ငွေတောင်ရွာသစ်နှင့် ပတိုငံ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးသူ ၂၀ ထက်မနည်းရှိခဲ့ပြီး တော်လှန်ရေးအင်အားစုများက လက်နက်တချို့ရရှိထားသည်။

ကရင်နီဒေသတွင်း စစ်ရေးအရ အရေးပါသည့် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းစိုးမိုးရေးနှင့် ပိတ်မိနေသည့် ဖရူဆို မြို့စောင့်တပ်များ စစ်ရေးလှုပ်ရှားနိုင်ရန် စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့မှတဆင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ဖရူဆိုမြို့နယ်တွင် အမှတ်(၁၄)တန်းမြင့်စစ်ရေးလေ့ကျင့်ရေးကျောင်း၊ ခမရ (၅၃၁)နှင့် ခမရ(၄၂၈)တပ်ရင်းများအခြေစိုက်ထားပြီး လွန်ခဲ့သည့်သုံးလကစ၍ လေကြောင်းမှတဆင့် စစ်ကောင်စီက ခဲယမ်း၊ရိက္ခာ များဖြည့်တင်းထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွေးကောက်ပွဲအတွက် မြို့နယ်များပြန်ရရေး စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာမှုကြောင့် ကရင်နီပြည်နယ်အတွင်း ရွှေ့ပြောင်းစစ်ဘေးရှောင်နေရသူ နှစ်သိန်းဝန်းကျင်ရှိနေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ယနေ့(စက်တင်ဘာ၈ရက်) ထုတ်ပြန်သည်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနေဖရူဆိုမြို့နယ်ဘက်ကိုဖောက်ထွက်နိုင်ဖို့ စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဆက်တိုးနေတယ်လို့ မြေပြင်ရဲဘော်တွေနဲ့ တပ်ရင်းတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဘီလူးချောင်းထဲမှာစစ်ကောင်စီရဲ့စစ်မှုထမ်းတပ်သား သစ်အလောင်းတွေ တွေ့ရှိနေတယ်လို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်း စစ်ဦးချိုးခံခဲ့ရသည့် စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်ပြီးနောက် ငွေတောင်ရွာသစ်တွင် တိုက်ပွဲများဆက်ပြင်းထန်နေကြောင်း မြေပြင်ရှိ ရဲဘော်များက ပြောသည်။

Facebook