close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် တိုက်လေယာဉ်တွေ ဝယ်မယ့်ကိစ္စ ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ဖိလစ်ပိုင် ဆိုင်းငံ့ထားဖွယ်ရှိ

အမေရိကန်ဆီက တိုက်လေယာဉ်တွေ ဝယ်ယူမယ့် အစီအစဉ်ဟာ ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ဆိုင်းငံ့ထားရဖွယ် ရှိတယ်လို့ ဖိလစ်ပိုင်က အတည်ပြု ဝန်ခံခဲ့ပါတယ်။

ဓာတ်ပုံ - U.S. Air Force

အမေရိကန်ဆီက တိုက်လေယာဉ်တွေ ဝယ်ယူမယ့် အစီအစဉ်ဟာ ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ဆိုင်းငံ့ထားရဖွယ် ရှိတယ်လို့ ဖိလစ်ပိုင်က အတည်ပြု ဝန်ခံခဲ့ပါတယ်။

ဒေသတွင်း စူပါပါဝါ အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ရေပိုင်နက် အငြင်းပွားမှုတွေကြောင့် စစ်အင်အား ဖြည့်တင်း တည်ဆောက်ဖို့ ကြိုးစားနေတဲ့ ဖိလစ်ပိုင် အတွက်တော့ အခုကိစ္စက ထိုးနှက်ချက် တစ်ခုလို့ ဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တောင်တရုတ်ပင်လယ် ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ်တွေကြား ပွတ်တိုက်မှု ပဋိပက္ခတွေက သိသိသာသာ မြင့်တက်လာနေခဲ့ပါတယ်။

စက်တင်ဘာ ၉ ရက်နေ့မှာတော့ အမေရိကန် နိုင်င့ဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီး ဟိုဆေး မန်နျူရယ်လ် ရာမီရက်ဇ်က အဆင့်မြှင့်တင်ထားတဲ့ F-16 အပေါ့စား တိုက်လေယာဉ်တွေကို အမေရိကန်ဆီက ဝယ်ယူမယ့် ကိစ္စဟာ လောလောဆယ် မရေမရာ ဖြစ်လာနေတယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိ အခြေအနေမှာတော့ အဲဒီ သဘောတူညီမှုကို ယာယီ ဆိုင်းငံ့ထားရမယ့်ပုံ ပေါ်ကြောင်း၊ အဓိက ပြဿနာက ဘဏ္ဍာရေး ကိစ္စဖြစ်ကြောင်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဟာ ဖိလစ်ပိုင်ဆီ ဒေါ်လာ ၅.၆ ဘီလီယံဖိုးလောက် တိုက်လေယာဉ်တွေနဲ့ အပိုပစ္စည်းတွေ ရောင်းချရေး ကိစ္စကို သဘောတူထားပြီးပါပြီ။ ဒါပေမဲ့ လက်ရှိ အခြေအနေအရ ဖိလစ်ပိုင်က အဲဒီ ဝယ်ယူမှုကို ရှေ့မဆက်နိုင်ဘဲ ဖြစ်နေတဲ့ သဘောပါ။

စစ်ရေး အဆင့်မြှင့်တင် မွမ်းမံမှုတွေအတွက် လိုအပ်တဲ့ အသုံးစရိတ်ကို ဘယ်လို နည်းတွေနဲ့ ရှာဖွေ ဖြည့်တင်းနိုင်မလဲ ဆိုတာကို ဆက်ပြီး စောင့်ကြည့်ရမယ်လို့ ရာမီရက်ဇ်က မှတ်ချက်ပေးသွားပါတယ်။

ဖိလစ်ပိုင်ဟာ တောင်ကိုရီးယားလုပ် FA-50 တိုက်လေယာဉ် ၁၂ စီးကို ဒေါ်လာ ၇၀၃ သန်းနဲ့ မှာယူမယ့် သဘောတူ စာချုပ်တစ်ရပ်ကိုလည်း ဇွန်လတုန်းက လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်နိုင်ငံ ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ် တိုက်လေယာဉ် တစ်စီးက ဖိလစ်ပိုင် လေယာဉ်တစ်စီးကို နှောင့်ယှက် ပျံသန်းခဲ့တယ်လို့ ဖိလစ်ပိုင်က စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

ရေပိုင်နက် အငြင်းပွားရာ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်ထိန်းချုပ် ရေပြင်ဆီ ဝင်ရောက်လာတဲ့ ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ်ကို မောင်းထုတ်နိုင်ခဲ့ကြောင်း တရုတ်က ကြေညာပါတယ်။ ဒါပေမဲ့ ဩဂုတ် ၁၁ ရက်နေ့က ထုတ်ပြန်တဲ့ တရုတ် ကမ်းခြေစောင့်တပ်ရဲ့ အဲဒီ ကြေညာချက်မှာ အရေးကြီးတဲ့ ဖြစ်စဉ် တစ်ခုကို...

နိုင်ငံတကာ

အမေရိကန်လုပ် အဆင့်မြင့် F-35 တိုက်လေယာဉ်တွေကို ဝယ်ယူမှာ မဟုတ်ဘဲ ဥရောပလုပ် တိုက်လေယာဉ် အမျိုးအစားတွေကိုသာ စဉ်းစားမယ်လို့ စပိန် အစိုးရက ဆုံးဖြတ်လိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်ရေတပ်ရဲ့ ဩဇာချဲ့ထွင်မှုကို တန်ပြန်တဲ့ အနေနဲ့ အသုံးပြုပြီးသား ဖျက်သင်္ဘောတွေကို ဖိလစ်ပိုင်ဆီ လွှဲအပ်ပေးသွားဖို့ ဂျပန်က စီစဉ်နေပါတယ်။

Facebook