close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေပိုင်နက်ထဲ နယ်ကျော်လာတဲ့ ရုရှားဒရုန်းတွေကို NATOနဲ့ ပူးပေါင်းပြီး ပိုလန် ပစ်ချ

နိုင်ငံ လေပိုင်နက်ထဲ ဝင်လာတဲ့ ရုရှားဒရုန်းတွေကို NATO စစ်မဟာမိတ် အဖွဲ့နဲ့ ပူးပေါင်းပြီး ပစ်ချခဲ့တယ်လို့ ပိုလန်စစ်တပ်က အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - AP

နိုင်ငံ လေပိုင်နက်ထဲ ဝင်လာတဲ့ ရုရှားဒရုန်းတွေကို NATO စစ်မဟာမိတ် အဖွဲ့နဲ့ ပူးပေါင်းပြီး ပစ်ချခဲ့တယ်လို့ ပိုလန်စစ်တပ်က အတည်ပြုခဲ့ပါတယ်။

ပိုလန်ဟာ NATO အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်သလို NATO တပ်ဖွဲ့ဝင်တွေလည်း ပြည်တွင်းမှာ ဖြန့်ကျက်ခွင့် ပြုထားပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့ အစောပိုင်းတုန်းကတော့ ရုရှားက ယူကရိန်းကို ဒရုန်းတွေနဲ့ တိုက်ခိုက်ရာမှာ ပိုလန် ပိုင်နက်ထဲ နယ်ကျော်မှုတွေ အကြိမ်ကြိမ် ဖြစ်ခဲ့တယ်လို့ ပိုလန်က စွပ်စွဲခဲ့ပါတယ်။

အဲဒီအတွက် ပိုလန်လေတပ်နဲ့ NATOက တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်စေပြီး နယ်ကျော်လာတဲ့ ဒရုန်းတွေကို ဟန့်တား ပစ်ချခဲ့ကြောင်း သိရပါတယ်။ ဒါဟာ ရုရှား-ယူကရိန်း စစ်ပွဲတလျှောက်မှာ ပိုလန်က ရုရှားပိုင် စစ်လက်နက် ပစ္စည်းတွေကို ပထမဆုံးအကြိမ် ကိုယ်ထိလက်ရောက် ဖျက်ဆီးမှုလည်း ဖြစ်လာပါတယ်။

ပိုလန် လေပိုင်နက်ကို အကြိမ်ကြိမ် နယ်ကျော် ထိပါးမှုတွေနဲ့ ပတ်သက်လို့ လုပ်သင့်လုပ်ထိုက်တဲ့ စစ်ဆင်ရေး တုံ့ပြန်မှုတစ်ခု ဆောင်ရွက်နေတယ်လို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်လ်တက်စ်ခ်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ သူက ဒီကိစ္စနဲ့ ပတ်သက်လို့ သမ္မတ ကာလို နော်ရော့ကီ၊ စစ်ဆင်ရေး ဦးစီးဌာနချုပ်တွေနဲ့လည်း တောက်လျှောက် ဆက်သွယ် ဆွေးနွေးနေတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၀ ရက်နေ့ မနက်အစောပိုင်းမှာ ပိုလန်က နိုင်ငံရဲ့ လေပိုင်နက်ကို ယာယီ ပိတ်ထားမယ်လို့ ရုတ်တရက် ကြေညာခဲ့သလို စစ်တပ်ကလည်း နိုင်ငံပိုင်နက်ထဲ နယ်ကျော် ဝင်ရောာက်လာတဲ့ ပြင်ပ ရုပ်ဝတ္ထု ပစ္စည်းတွေကို ဟန့်တား ဖျက်ဆီးပစ်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အစိုးရက ပေါ့ဒ်လာစကီး၊ မာဇိုဝစ်ကီ၊ လူဘလင် ဒေသတွေမှာ နေထိုင်သူတွေ အနေနဲ့ စစ်ဆင်ရေး ကြေညာထားတဲ့ နာရီပိုင်းအတွင်း အတတ်နိုင်ဆုံး အိမ်ထဲမှာပဲ နေကြဖို့ တိုက်တွန်း ဆော်ဩခဲ့ပါတယ်။

ဝါဆော မြို့တော်မှာရှိတဲ့ အဓိက နိုင်ငံတကာ လေဆိပ် နှစ်ခုစလုံးကလည်း အခုဖြစ်ရပ်ကြောင့် လုပ်ငန်း လည်ပတ်မှုအပိုင်း ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်း တစ်နိုင်ငံတည်းနဲ့တင် တင်းတိမ်မှာ မဟုတ်ဘဲ ဘောလ်တစ် ဒေသတွင်း နိုင်ငံတွေကို ကျူးကျော် တိုက်ခိုက်လာနိုင်ကြောင်း ပိုလန် သမ္မတသစ် နော်ရော့ကီက ပြောကြားထားပြီး မကြာခင်မှာပဲ အခုဖြစ်ရပ်နဲ့ ကြုံလာရတာပါ။

အရင်ကလည်း ယူကရိန်းကို တိုက်ခိုက်တဲ့ ရုရှားဒရုန်းတွေက ပိုလန်နဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ လေပိုင်နက်ထဲ ဝင်ရောက်တာမျိုး ရှိခဲ့ဖူးပေမယ့် သက်ဆိုင်ရာ နိုင်ငံတွေက ကြားဖြတ် ပစ်ချတာမျိုးတော့ မလုပ်ခဲ့ပါဘူး။

ပိုလန်မှာ ရုရှားဒရုန်းတွေ ဖျက်ဆီးခံရတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရုရှားဖက်ကလည်း ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းပြပွဲ တစ်ခုအတွက် အစမ်းလေ့ကျင့် ပျံသန်းရင်း ပိုလန်မှာ တိုက်လေယာဉ်တစ်စီး ပျက်ကျရာက လေယာဉ်မှူး သေဆုံးသွားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ စစ်လက်နက်တွေကို NATO စစ်မဟာမိတ် အဖွဲ့က ဝယ်ယူပြီး ယူကရိန်းဆီ ပံ့ပိုးစေဖို့ သဘောတူညီမှု တစ်ရပ် ရရှိထားကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် နိုင်ငံတွေက ကာကွယ်ရေး အသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်ဖို့ ကတိပြု လက်ခံခဲ့ကြခြင်းဟာ ကြီးမားတဲ့ အောင်ပွဲတစ်ခုလို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့်နဲ့ ဗလာဒီမာ ပူတင်တို့ကြား ဖုန်းဆက် စကားမပြောခင်မှာ ရုရှားဟာ ယူကရိန်းကို စစ်ကာလတလျှောက် ပမာဏ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုကြီးတစ်ခု လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

Facebook